ချယ်လ်ဆီးအသင်းရဲ့ ပ်ိုင်ရှင်ဖြစ်သူ တော့ဒ်ဘိုလီက သောမတ်စ်တူဟယ်လ်ကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ဖြစ်လိုက်ရတဲ့ အကြောင်းအရင်းက်ို ပြန်လည် ဖြေရှင်းသွားခဲ့ပြီး တူဟယ်လ်က ကလပ်အသင်း အနာဂတ်အတွက် သူရဲ့ ထင်မြင်ချက်တွေကို မျှဝေခြင်း မရှိခဲ့တာကြောင့် သူတို့ဘက်က အခုလို ဆုံးဖြတ်ချက် ချမှတ်လိုက်ရတာဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Chelsea owner Boehly reveals Tuchel was sacked due to his unwillingness to buy into 'shared vision'

Photo Credit : Daily Mail

ချယ်လ်ဆီးရဲ့ ပူးတွဲပိုင်ရှင် အမေရိကန် ဘီလျံနာ ဘိုလီက အသက်(၄၉)နှစ်အရွယ် ဂျာမနီလူမျိုး ဘောလုံးနည်းပြတူဟယ်လ်ကို ရုတ်တရက် ရာထူးကနေ ထုတ်ပယ်လိုက်ရခြင်းနဲ့ ပတ်သတ်ပြီး ပွင့်လင်းပြတ်သားစွာ ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။ တူဟယ်လ်ကို ထုတ်ပယ်ခံရခြင်းနဲ့ ပတ်သတ်ပြီး ဘိုလီက “ခင်ဗျား လုပ်ငန်းတစ်ခုကို လွှဲပြောင်းရယူတဲ့အခါ ခင်ဗျားက လုပ်ငန်းထဲက လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ တူဟယ်လ်ဟာ အလွန်ထက်မြက်ပြီး ချယ်လ်ဆီးအသင်းနဲ့လည်း ကြီးကြီးမားမား အောင်မြင်ခဲ့သူတစ်ယောက်ဆိုတာ သိသာထင်ရှားပါတယ်”

Here's how Thomas Tuchel spent his last day at Chelsea before getting sacked » FirstSportz

Photo Credit : FirstSportz

“ကလပ်အတွက် ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က ကျွန်တော်တို့နဲ့ အမှန်တကယ် ပူးပေါင်းလိုတဲ့ နည်းပြတစ်ဦး တကယ်ကို ပူးပေါင်းဆောင်ရွှက်နိုင်မယ့် နည်းပြတစ်ဦးကို ရှာဖွေဖို့ပါ။ ချယ်လ်ဆီးမှာ ပြိုကျဖို့ ရှိနေတဲ့ အရာတွေ အများကြီးပါပဲ။ အရင်ကတော့ ပထမအသင်းနဲ့ အကယ်ဒမီအသင်းတို့က အသင်းအချက်အလက်တွေကို မမျှဝေကြပါဘူး။ ကျွန်တော်တို့ ရည်ရွှယ်ချက်က အားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေချင်တာပါ။ အကောင်းဆုံးတွေ လုပ်ဆောင်နိုင်ဖို့အတွက် အာလုံးက စုစုစည်းစည်း ရှိနေရမယ့် အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ မြင်နေတဲ့အတိုင်း တူဟယ်လ်ဘက်ကရော မြင်နိုင်ပါ့မလားဆိုတာကို ကျွန်တော် သေချာ မသိခဲ့ရဘူး။ ဘယ်သူကမှ မှန်တယ် မှားတယ် မဟုတ်ပါဘူး။ ဇာဂရက် ပွဲရလဒ်နဲ့လည်း ဘာမှမဆိုင်ပါဘူး။ ဒါက ချယ်လ်ဆီးကို ဘယ်လိုပုံစံနဲ့ ဖြစ်စေချင်လဲဆိုတဲ့အပေါ် မျှဝေတဲ့ အထင်အမြင်နဲ့ပဲ ပတ်သတ်တာပါ။ ဒါဟာ န်ိုင်ပွဲ ဒါမှမဟုတ် ရှုံးပွဲကြောင့် ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ကလပ်အသင်း အနာဂတ်အတွက် မှန်ကန်တဲ့ အမြင်တစ်ခုလို့ ကျွန်တော် ထင်ခဲ့တာကြောင့် ဆုံးဖြတ်လိုက်ရတဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်ပါတယ်။ ဘိုလီဟာ တူဟယ်လ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို စက်တင်ဘာ (၈)ရက်နေ့မှာပဲ အသင်းနည်းပြသစ်အဖြစ် အစားထိုး ခန့်အပ်သွားခဲ့ပါတယ်။