ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူဟာ ချယ်လ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပထမဆုံး ဘောလုံးရာသီမှာ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ထားရပြီး အခုနှစ် နွေဈေးကွက်မှာပဲ သူရဲ့အသင်းဟောင်း အင်တာမီလန်ဆီ ပြန်သွားဖို့ စီစဉ်နေရာ ကစားသမားရဲ့ အေးဂျင့်ကိုယ်တိုင် ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့အတွက် လုပ်ဆောင်လျက် ရှိနေပါတယ်။

Romelu-Lukaku

Photo Credit : Goal

ချယ်လ်ဆီးအသင်းကလည်း သူတို့ရဲ့ ကစားသမား လူကာကူကို အင်တာအသင်းဆီ ပြန်လည်ရောင်းချသွားချင်ပေမယ့် အင်တာဘက်က သူတို့ကစားသမားဟောင်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မတတ်နိုင်တာကြောင့် အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတာ ဖြစ်သလို ချယ်လ်ဆီးဘက်ကလည်း အငှားချသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးဘက်က သူတို့ရဲ့ တိုက်စစ်ကစားသမားအတွက် တစ်ရာသီ အငှားခေါ်ယူခအဖြစ် ယူရို(၂၅)သန်းနဲ့ ကမ်းလှမ်းသွားစေချင်နေပါတယ်။

Romelu Lukaku: Inter Milan in talks with Chelsea over loan deal for wantaway club-record signing | Transfer Centre News | Sky Sports

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ပြီးခဲ့တဲ့ နွေမှာကတည်းက အင်တာမီလန်ကနေ ချယ်လ်ဆီးအသင်းဆီကို ပေါင်(၉၈)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် အသင်းအတွက်ကိုတော့ ပရီးမီးယားလိဂ်ပွဲပေါင်း (၂၆)ပွဲသာ ပါဝင်ထားခဲ့ရကာ သွင်းဂိုး(၈)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်နဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေမှုတွေပါ ရှိနေသလို ပွဲကစားခွင့်တွေပါ အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရတဲ့ လူကာကူဟာ သူ့အသင်းဟောင်း အင်တာမီလန်ကို ပြန်ရဖို့အတွက် သူရဲ့လက်ရှိလစာကို (၄၀)%အထိ ဖြတ်တောက်မှာကိုပါ သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် လူကာကူရဲ့ ရှေ့နေ့အဖွဲ့တွေကပါ လူကာကူ အင်တာမီလန်ဆီကို ပြန်လည်ပြောင်းရွှေ့နိုင်ဖို့ ဖြစ်နိုင်ချေတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။ တကယ်လို့ ချယ်လ်ဆီးဘက်က လူကာကူကိုသာ လက်လွတ်လိုက်မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် မန်စီးတီးအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို ပြန်လည်အလိုရှိနေပါတယ်။ လက်ရှိမှာ ဂျေဇူးကို ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံကလပ် အာဆင်နယ်အသင်းကပါ သူတို့အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေတဲ့အပြင် ကမ်းလှမ်းမှုတွေလည်း သေချာပြုလုပ်နေတာကြောင့် ဂျေဇူးကို ဘယ်အသင်းက ခေါ်ယူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေရပါတယ်။