MySport Myanmar

ကစားသမား (၂)ဦး အသုံးပြုပြီး မီလန် ကြယ်ပွင့်ကို ကမ်းလှမ်းမယ့် ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီ ကြယ်ပွင့်ကစားသမား ရာဖေးလ်လီယာအိုကို ခေါ်ယူနိုင်ဖို့အတွက် အသင်းက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယန်ပူလီဆစ်နဲ့ ဟာကင်ဇီယက်ရှ်တို့ကို အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိလာနိုင်တယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

 

အသက်(၂၃)နှစ်အရွယ်ရှိ ပေါ်တူဂီ လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ် ကစားသမား လီယာအိုဟာ ချယ်လ်ဆီး အပါအဝင် ဥရောပ ထိပ်တန်း ကလပ်အသင်းကြီးတွေ အလိုရှိဆုံး အရည်အသွေးမြင့် ကစားသမားတစ်ဦး ဖြစ်ပြီး မီလန်ကလည်း သူတို့ ကစားသမားကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖို့ စာချုပ်သစ် ချုပ်ဆိုနိုင်အောင် ကြိုးပမ်းနေပါတယ်။ လက်ရှိမှာက လီယာအိုနဲ့ မီလန်ကြားက စာချုပ်သက်တမ်းဟာ ၂၀၂၄ ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်လို့ မီလန်ဘက်ကနေ လီယာအိုကို သက်တမ်းမတိုးခင်မှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ ချယ်လ်ဆီးဘက်က ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

မီလန်အနေနဲ့ လီယာအိုကို (၅)နှစ် စာချုပ်သစ် ချုပ်ဆိုလိုက်မယ်ဆိုရင် စာချုပ်လျော်ကြေးအတွက် ယူရို (၁၇၅)သန်းအထိ သတ်မှတ်ဖွယ် ရှိနိုင်တာကြောင့် လီယာအို တန်ကြေး မမြင့်တတ်သွားခင်မှာပဲ ကမ်းလှမ်းမှုကောင်း တစ်ခုနဲ့ ကမ်းလှမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ စိတ်ချရတဲ့ သတင်းမီဒီယာကြီး The Athletic ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ လီယာအိုကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ ကစားသမားတွေဖြစ်သော ပူလီဆစ် နဲ့ ဇီယက်ရှ်တို့ နှစ်ဦးလုံးကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့ ဒီကမ်းလှမ်းမှုဟာ မီလန်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပေမယ့် ပူလီဆစ် နဲ့ ဇီယက်ရှ်တို့အပြင် ပြောင်းရွှေ့ကြေး တချို့နဲ့ပါ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ပိုပြီး လက်ခံချင်စရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ ဒဏ်ရာ ပြသာနာ ရှိနေတဲ့ လီယာအိုဟာ ဒီရာသီအတွင်း မီလန်အတွက် ပြိုင်ပွဲစုံ (၄၄)ပွဲ ကစားထားပြီး (၁၃)ဂိုးသွင်း (၁၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

Exit mobile version