MySport Myanmar

ဂျူဗင်တပ်တိုက်စစ်မှူး ဗလာဟိုဗစ်ကို ပထမဦးဆုံးအကြိမ် ကမ်းလှမ်းလိုက်တဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ဂျူဗင်တပ်ရဲ့ အထောင်တိုက်စစ်မှူး ဗလာဟိုဗစ် အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်လိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ပေါင် ၆၀၀သန်းကျော် အသုံးပြုကာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ လောက်လောက်လားလား အားကိုးစရာ တိုက်စစ်မှူး မရှိပေမယ့် တဦးထဲသော အထောင်တိုက်စစ်မှူး ဖြစ်သူ လူကာကူကလည်း အင်တာမီလန်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားနေခဲ့ပါတယ်။

Photo Credit: Keep Up

တိုက်စစ်ပိုင်း အားနည်းချက်ကြောင့်ပဲ ချယ်လ်ဆီးက ဒီရာသီမှာ နိုင်သင့် နိုင်ထိုက်တဲ့ ပွဲတွေမှာ နိုင်ပွဲတွေ မရခဲ့တာ ဖြစ်ကာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အဆိုပါ အားနည်းချက်ကို ဖာထေးနိုင်ဖို့ အတွက် လိုက်ပ်ဇစ်ရဲ့ အဓိက တိုက်စစ်မှူး အန်ကွန်ကူကို ရအောင် ခေါ်ယူထားပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးရဲ့ နည်းပြသစ် ဖြစ်လာမယ့် ပိုချက်တီနိုက သူ့အသင်းရဲ့ တိုက်စစ်ပိုင်း နံပါတ်၉စစ်စစ် တိုက်စစ်မှူး တဦးကို လိုချင်နေတာကြောင့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေဟာ နံပါတ်၉ တိုက်စစ်မှူး တဦးကို ဈေးကွက်ထဲမှာ စတင် ရှာဖွေနေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ် အတွက် ဂျူဗင်တပ်ထံ တရားဝင် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးဟာ ဗလာဟိုဗစ် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ယူရို ၈၀သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

အသက် ၂၃နှစ် အရွယ် ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်က ၂၀၂၂ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၁သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဂျူဗင်တပ်က ဗလာဟိုဗစ် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

Exit mobile version