မနေ့ညက ကစားသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ နောရချ်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၆) ပွဲစဉ်ကို အေဂျက်စ်ကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဟာကင်ဇီယက်ရှ် လာရောက်အားပေး ကြည့်ရှုသွားခဲ့တာကို ရုပ်သံတွေကနေ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး သူရဲ့ချယ်လ်ဆီးအသင်းက ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရှးရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ နောရစ်ချ်ကို အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၇)နှစ်အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် Playmaker ကစားသမား ဇီယက်ရှ်ဟာ အပြောင်းအရွှေ့စျေးကွက် မဖွင့်ခင်ကတည်းက ချယ်လ်ဆီးကို ပြောင်းရွှေ့ကစားဖို့ အကြိုသဘောတူညီမှု ရယူထားနိုင်ခဲ့တာဖြစ်ပြီး အခုတော့ လန်ဒန်ကို ရောက်ရှိနေကာ ကော့ဘ်ဟမ်းမှာ လေ့ကျင့်ခန်းတွေတောင် ပြုလုပ်နေသလိူ သူ့အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာရောက်ကြည့်ရှုသွားခဲ့ပါတယ်။ အေဂျက်စ်ရဲ့အမာခံကစားသမား ဇီယက်ရှ်ဟာ အေဂျက်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၃၆)သန်းနဲ့ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : The Sun

ဘယ်ခြေအားသန်တဲ့ ဇီယက်ရှ်ဟာ ညာတောင်ပံနေရာမှာလည်း ကစားနိုင်သလို နံပါတ်(၁၀)နေရာမှာလည်း ကစားနိုင်သေးပြီး လိုအပ်ရင် ကွင်းလယ်ဗဟိုနေရာကိုလည်း ဝင်ရောက်ကစားနိုင်ပါသေးတယ်။ အေဂျက်စ်အသင်းနဲ့ ဘောလုံးရာသီ (၄)ခုလောက်အထိ ဖြတ်သန်းခဲ့တဲ့ ဇီယက်ရှ်ဟာ အသင်းနဲ့ နယ်သာလန်အမှတ်ပေးလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဖိုင်နယ်အထိ ရောက်ရှိခဲ့ဖူးပြီး ချန်ပီယံလိဂ်ကိုလည်း ဆီမီးဖိုင်နယ်ထိ တတ်ရောက်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဇီယက်ရှ်ဟာ အေဂျက်စ်အသင်းအတွက် သွင်းဂိုး(၇)ဂိုးနဲ့ ဂိုးဖန်တီးမှုကို (၂၁)ကြိမ်အထိတောင် ပြုလုပ်ထားခဲ့ပြီး အေဂျက်စ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို (၃)နှစ်ဆက်တိုက်တောင် ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ ချလ်ဆီးအသင်းကတော့ ဇီယက်ရှ်နဲ့အတူ လက်ရှိဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေတဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကိုလည်း အပြီးသတ်ခေါ်ယူထားခဲ့ပြီး အသက်လက်တီကို ဂိုးသမားအော့ဘလက် လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူချီဝဲလ်နဲ့ လေဗာကူဆင် ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်တို့ကိုလည်း ဆက်တိုက်ခေါ်ယူသွားဖွယ် ရှိနေပါတယ်။