ခ်ယ္လ္ဆီးအသင္းကေတာ့ ရာသီအစတုန္းက မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ပြဲအတြင္း ၄ဂုိးျပတ္နဲဲ႔ အေရးနိမ့္ခဲ႔ၿပီးေနာက္ပုိင္းမွာ ရလဒ္ေတြ ျပန္လည္တည့္မတ္ေကာင္းမြန္လာခဲဲ႔သလုိ အသင္းရဲ႕တုိက္စစ္ကေနလည္း သြင္းဂုိးေတြမ်ားစြာ  ရွာေဖြႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ႏုိဝင္ဘာေႏွာင္းပုိင္းကာလကေနစတင္ၿပီး အသင္းရဲ႕တုိက္စစ္က ဂုိးရဖုိ႔ ရုန္းကန္လာခဲ႔ရသလုိ အသင္းရဲ႕အဓိကတုိက္စစ္ကစားသမား တမ္မီေအဘရာဟမ္မွာလည္း ဂုိးသြင္းေျခက်ဆင္းလာခဲ႔တာေၾကာင့္ ပြဲတုိင္းနီးပါးမွာ သြင္းဂုိးေတြအတြက္ အခက္အခဲေတြ႕လာခဲ႔ရသလုိ ရွုံးပြဲေတြလည္း ဆက္လာခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒါေၾကာင့္မုိ႔ ခ်ယ္လ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က လာမယ့္ေဆာင္းရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း တုိက္စစ္ကုိ အားျဖည့္ဖုိ႔ ခ်ိန္ရႊယ္ေနၿပီး လုိင္ယြန္တုိက္စစ္မွဴး မူဆာဒမ္ဘီလီနဲ႔ လုိက္ဇ္ပစ္အသင္းရဲ႕ဂ်ာမန္တုိက္စစ္ကစားသမား တီမုိဝါနာတုိ႔ကုိ ပစ္မွတ္ထားလ်က္ရွိေနၿပီး ဝါနာထက္ ေခၚယူဖုိ႔ ပုိမုိလြယ္ကူႏုိင္မယ့္ ဒမ္ဘီလီကုိပဲ ဦးစားေပးကမ္းလွမ္းဖြယ္ရွိေနပါတယ္။ အသက္၂၂ႏွစ္အရႊယ္ ျပင္သစ္တုိက္စစ္ကစားသမား ဒမ္ဘီလီကုိ ေခၚယူဖုိ႔အတြက္ ေျပာင္းေရႊ႕ေၾကးအျပင္ အသင္းမွာ ေနရာေပ်ာက္ဆုံးေနတဲ႔ ဝါရင့္တုိက္စစ္ကစားသမားႀကီးဂ်ရွုးကုိပါ အလုိက္ေပးဖြယ္ရွိေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚလုိ႔ေနပါတယ္။

Photo Credit : Getty Images

လမ္းပတ္က သူ႔အသင္းဘက္ကေန စိတ္ဝင္စားလုိ႔ေနတဲ႔ ဒမ္ဘီလီဟာ အသင္းရဲ႕ဂႏၱဝင္တုိက္စစ္ကစားသမားႀကီး ဒီဒီယာဒေရာ့ဘာရဲဲ႕ပုံစံနဲ႔ ဆင္တူလြန္းတဲ႔ ကစားသမားတစ္ေယာက္လုိ႔ ခ်ီးမြမ္းေျပာဆုိထားၿပီး ဒမ္ဘီလီအေနနဲ႔ကလည္း ဒီရာသီမွာ လုိင္ယြန္အသင္းအတြက္ ျပင္သစ္လီဂူးသြင္းဂုိး ၁၀ဂုိးအထိ ရယူထားႏုိင္ခဲ႔ပါတယ္။ ဆဲလ္တစ္ ဖူလ္ဟမ္အသင္းေတြရဲ႕တုိက္စစ္ကစားသမားေဟာင္း ဒမ္ဘီလီကုိ ခ်ယ္လ္ဆီးနဲ႔အတူ မန္ခ်က္စတာယူႏုိက္တက္နဲ႔ အာဆင္နယ္အသင္းတို႔ကလည္း ေစာင့္ၾကည့္လ်က္ရွိေနၿပီး အာဆင္နယ္က အသင္းကေန ထြက္ခြာဖြယ္ရွိေနတဲ႔ အူဘာမီယန္းနဲ႔ လာကာဇက္တုိ႔ေနရာအတြက္ ဒမ္ဘီလီကုိ အစားထုိးခ်င္ေနတာေၾကာင့္ ဒမ္ဘီလီကုိ လန္ဒန္ဒါဘီအသင္းႏွစ္သင္း အၿပိဳင္ကမ္းလွမ္းရႏုိင္ပါတယ္။ လာမယ့္ေဆာင္းရာသီမွာ Transfer Ban ကေန ျပန္လည္လြတ္ေျမာက္ခဲ႔တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ကစားသမားအင္အားျဖည့္တင္းမႈကုိ အမ်ားအျပားလုပ္ေဆာင္ဖြယ္ ရွိေနပါတယ္။

(Unicode)

ဂျရှုးကို အသုံးချပြီး လိုင်ယွန်တိုက်စစ်မှူးကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းကတော့ ရာသီအစတုန်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲအတွင်း ၄ဂိုးပြတ်နဲဲ့ အရေးနိမ့်ခဲ့ပြီးနောက်ပိုင်းမှာ ရလဒ်တွေ ပြန်လည်တည့်မတ်ကောင်းမွန်လာခဲဲ့သလို အသင်းရဲ့တိုက်စစ်ကနေလည်း သွင်းဂိုးတွေများစွာ  ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုဝင်ဘာနှောင်းပိုင်းကာလကနေစတင်ပြီး အသင်းရဲ့တိုက်စစ်က ဂိုးရဖို့ ရုန်းကန်လာခဲ့ရသလို အသင်းရဲ့အဓိကတိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်မှာလည်း ဂိုးသွင်းခြေကျဆင်းလာခဲ့တာကြောင့် ပွဲတိုင်းနီးပါးမှာ သွင်းဂိုးတွေအတွက် အခက်အခဲတွေ့လာခဲ့ရသလို ရှုံးပွဲတွေလည်း ဆက်လာခဲ့ရပါတယ်။

Photo Credit : Getty Images

ဒါကြောင့်မို့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း တိုက်စစ်ကို အားဖြည့်ဖို့ ချိန်ရွှယ်နေပြီး လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီနဲ့ လိုက်ဇ်ပစ်အသင်းရဲ့ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာတို့ကို ပစ်မှတ်ထားလျက်ရှိနေပြီး ဝါနာထက် ခေါ်ယူဖို့ ပိုမိုလွယ်ကူနိုင်မယ့် ဒမ်ဘီလီကိုပဲ ဦးစားပေးကမ်းလှမ်းဖွယ်ရှိနေပါတယ်။ အသက်၂၂နှစ်အရွှယ် ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် အသင်းမှာ နေရာပျောက်ဆုံးနေတဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီးဂျရှုးကိုပါ အလိုက်ပေးဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Getty Images

လမ်းပတ်က သူ့အသင်းဘက်ကနေ စိတ်ဝင်စားလို့နေတဲ့ ဒမ်ဘီလီဟာ အသင်းရဲ့ဂန္တဝင်တိုက်စစ်ကစားသမားကြီး ဒီဒီယာဒရော့ဘာရဲဲ့ပုံစံနဲ့ ဆင်တူလွန်းတဲ့ ကစားသမားတစ်ယောက်လို့ ချီးမွမ်းပြောဆိုထားပြီး ဒမ်ဘီလီအနေနဲ့ကလည်း ဒီရာသီမှာ လိုင်ယွန်အသင်းအတွက် ပြင်သစ်လီဂူးသွင်းဂိုး ၁၀ဂိုးအထိ ရယူထားနိုင်ခဲ့ပါတယ်။ ဆဲလ်တစ် ဖူလ်ဟမ်အသင်းတွေရဲ့တိုက်စစ်ကစားသမားဟောင်း ဒမ်ဘီလီကို ချယ်လ်ဆီးနဲ့အတူ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ကလည်း စောင့်ကြည့်လျက်ရှိနေပြီး အာဆင်နယ်က အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့နေရာအတွက် ဒမ်ဘီလီကို အစားထိုးချင်နေတာကြောင့် ဒမ်ဘီလီကို လန်ဒန်ဒါဘီအသင်းနှစ်သင်း အပြိုင်ကမ်းလှမ်းရနိုင်ပါတယ်။ လာမယ့်ဆောင်းရာသီမှာ Transfer Ban ကနေ ပြန်လည်လွတ်မြောက်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ကစားသမားအင်အားဖြည့်တင်းမှုကို အများအပြားလုပ်ဆောင်ဖွယ် ရှိနေပါတယ်။