MySport Myanmar

အိုဆင်မန်ကို အသင်းရဲ့ နွေရာသီ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လာမယ့် နွေရာသီ ဈေးကွက်ဖွင့်ချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဒီရာသီ အီတလီ စီးရီးအေမှာ ခြေစွမ်းကောင်းတွေ ပြသနေသူ နာပိုလီ တိုက်စစ်မှူး ဗစ်တာအိုဆင်မန်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Photo Credit : talkSPORT

ချဲလ်ဆီးအသင်းက အခုနှစ် ဘောလုံးရာသီအတွင်း တိုက်စစ်ပိုင်းအတွက် စတာလင် အူဘာမီယန်း ဂျာအိုဖီးလစ် မူဒရစ်ခ် ဒါထရိုဖိုဖာနာ မာဒူအက်ခေတို့ကို ခေါ်ယူထားသလို လာမယ့်နွေအတွက်ကိုလည်း အန်ကွန်ကူကိုပါ ခေါ်ယူထားပေမယ့် အသင်းရဲ့ ခေါ်ယူမှု အများစုက အထောင်တိုက်စစ်နေရာအတွက် နည်းပါးနေတဲ့အပြင် အထောင်တိုက်စစ်မှူး အူဘာမီယန်းဆီကနေလည်း မျှော်လင့်ထားသလောက် ခြေစွမ်းကောင်းတွေ မရနိုင်ခဲ့တာကြောင့် ချဲလ်ဆီးက no (9) role အတွက် အိုဆင်မန်ကို ပစ်မှတ်ထားလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Sporting News

နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်ဟာ အခုနှစ် ဘောလုံးရာသီအတွင်း နာပိုလီအသင်းမှာ အထူး ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲစုံမှာ (၂၁)ပွဲကစား (၁၇)ဂိုးသွင်း (၄)ဂိုး ဖန်တီးထားနိုင်တာကြောင့် သူ ပါဝင်ကစားထားတဲ့ ပွဲအရေအတွက်တိုင်း ဂိုးပါဝင်ပတ်သတ်မှု အရေအတွက်ကိုပါ တူညီနေအောင် စွမ်းဆောင်ထားနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးရီးအေမှာ ဂိုးသွင်းဘုရင်ဆု ရရှိဖို့ပါ အလားအလာကောင်းနေတဲ့ အိုဆင်မန်ကို ချဲလ်ဆီးသာမကပဲ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ခေါ်ယူသွားဖို့ အတော်လေး စိတ်ဝင်တစား ရှိလို့နေပါတယ်။ နာပိုလီဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားချင်နေပြီး တကယ်လို့ မဖြစ်မနေ ရောင်းထုတ်သွားရမယ်ဆိုရင်လည်း အိုဆင်မန်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၅၀)လောက်အထိတောင် အလိုရှိနေပါတယ်။

Photo Credit : TEAMtalk

အသက်(၂၄)နှစ်အရွယ်ရှိ အာဖရိက တိုက်စစ်မှူး အိုဆင်မန်ဟာ ၂၀၂၀ခုနှစ်ကမှ ပြင်သစ်လီဂူးကလပ် လိုင်လီကနေ နာပိုလီအသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို(၇၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ရာသီအတွင်း လောက်လောက်ငှာငှာ ခြေစွမ်းမျိုးတွေ မပြသထားနိုင်ပေမယ့် ဒီရာသီအတွင်းမှာတော့ နာပိုလီ ကစားသမားဘဝအတွင်း အကောင်းဆုံးသော စွမ်းဆောင်ရည်မျိုးကို ပြသထားနိုင်ခဲ့ပါတယ်။

Exit mobile version