အခုနှစ်ရဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ တခြားဘောလုံးအသင်းတွေ ကစားသမားသစ်များစွာကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့လူခေါ်မှုကို မရပ်တန့်နိုင်သေးပဲ အသင်းရဲ့လိုအပ်ချက်တစ်ခုဖြစ်လို့နေသေးတဲ့ ဂိုးသမားနေရာအတွက် လီဂူးကလပ် ရိန်းစ်အသင်းက ဂိုးသမားဖြစ်သူ အက်ဒွာမန်ဒီကို ပစ်မှတ်ထားနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)နဲ့ ထပ်မံကမ်းလှမ်းလာဖွယ် ရှိနေတယ်လို့ Goal.com ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : African Football

အသက်(၂၈)နှစ်အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် ဂိုးသမားဖြစ်သူ မန်ဒီဟာ မနှစ်က ဘောလုံးရာသီကမှ Reims အသင်းကနေ ရိန်းစ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်စွမ်းကောင်းတွေပြသနိုင်ခဲ့လို့ သူ့ကို ချယ်လ်ဆီးအသင်းဘက်ကနေ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အသင်းရဲ့ဦးစားပေးဂိုးသမားဖြစ်သူ ကယ်ပါရဲ့လက်စွမ်းတွေကို အားမရတာကြောင့် ကယ်နဲ့အပြိုင် နောက်ထပ်ဂိုးသမားတစ်ယောက်ကို အားဖြည့်တင်းဖို့အတွက် မန်ဒီကို ပစ်မှတ်ထားလာလာခဲ့ကာ ကမ်းလှမ်းမှုတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit : TeamTalk

The Sun သတင်းစာကနေ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ မန်ဒီအတွက် ကနဦးကမ်းလှမ်းချက်အဖြစ် ယူရို(၁၇)သန်းနဲ့ ကမ်းလှမ်းခဲ့ရာမှာ ရိန်းစ်အသင်းဘက်ကနေ ပယ်ချသွားခဲ့တာကြောင့် အခုတကြိမ် ယူရိုသန်း(၂၀)နဲ့ ထပ်တိုးကမ်းလှမ်းလာဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂိုးသမားနေရာအတွက် အသက်လက်တီကိုဂိုးသမားအော့ဘလက် ဘန်လေဂိုးသမားနစ်ပုဒ်နဲ့ အေစီမီလန်ဂိုးသမားဒွန်နာရမ်မာတို့ကို အလိုုရှိခဲ့တာဖြစ်ပေမယ့်လည်း ဒီဂိုးသမားတွေရဲ့ပြောင်းရွေ့ကြေးတွေကို အနိမ့်ဆုံး ပေါင်သန်း(၅၀)လောက် ရှိနေတာဖြစ်လို့ အသုံးစရိတ်များပြားနေပြီဖြစ်တဲ့ ချယ်လ်ဆီးဘက်ကနေ ပြောင်းရွှေ့ကြေး သက်သာနိုင်မယ့် မန်ဒီကိုပဲ ကမ်းလှမ်းလာခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်ကစားသမားတီမိုဝါနာ ကွင်းလယ်လူဟာကင်ဇီယက်ရှ် နောက်ခံလူသီယာဂိုဆေးဗားနဲ့ နောက်ခံလူမာလန်ဆားလ်တို့ကို ခေါ်ယူထားခဲ့ပြီး လေဗာကူဆင်အသင်းရဲ့ဂျာမန်ကြယ်ပွင့် ကိုင်းလ်ဟာဗက်ဇ်နဲ့ ဆီနီဂေါဂိုးသမား အက်ဒွာမန်ဒီတို့ကိုလည်း ဆက်လက်ခေါ်ယူဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးနည်းပြလမ်းပတ်က အသင်းရဲ့ကွင်းလယ်လူကန်တီကို ရောင်းချပြီး အသင်းရဲ့လူငယ်ကစားသမားဟောင်း ဒီကလန်ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းကနေ ပြန်လည်ခေါ်ဆောင်ဖွယ် ရှိလို့နေပါတယ်။