ချယ်လ်ဆီးအသင်းဟာ ဘယ်လ်ဂျီယံ ထိပ်သီးကလပ် အန်ဒါလက်ချ်အသင်းရဲ့ စပိန် လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ဆာဂျီယိုဂိုးမက်ဇ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Indian Paper

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဂိုးမက်ဇ်ဟာ မန်စီးတီး အသင်းခေါင်းဆောင်ဟောင်းကြီး ဗင်းဆင့်ကွန်ပနီကိုင်တွယ်နေတဲ့ အန်ဒါလက်ချ်အသင်းမှာ ဒီနှစ်ဘောလုံးရာသီအတွင်း အထူးခြေစွမ်းပြနေတဲ့ ကြယ်ပွကင့်ကစားသမားလေး ဖြစ်နေပြီး သွင်းဂိုး(၅)ဂိုး ဂိုးဖန်တီးမှု (၁၀)ကြိမ်နဲ့ ဂိုးပါဝင်ပတ်သက်မှု (၁၅)ဂိုးထိ ရှိနေပါတယ်။ ကစားသမားကောင်းတွေ ပေါ်ထွက်လေ့ရှိတဲ့ ဘာစီလိုနာ လူငယ်အသင်းမှာ (၈)နှစ်နီးပါးလောက် ပါဝင်ကစားဖြစ်ခဲ့တဲ့ ဂိုးမက်ဇ်ဟာ ၂၀၁၈ခုနှစ်မှာပဲ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ဒေါ့မွန်လူငယ်အသင်းနဲ့ စပိန်ကလပ် ဟွယ်ဆကာအသင်းတွေမှာ ပါဝင်ခဲ့ရကာ ၂၀၂၁ခုနှစ်မှာတော့ အန်ဒါလက်ချ်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ကွင်းလယ်ဘယ်ခြမ်းနဲ့ ဘယ်ခြမ်းခံစစ်နေရာ လိုအပ်ရင် Wing-back မှာပါ လိုက်ပါကစားနိုင်တဲ့ ဒီကစားသမားလေးကို ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြပြီး လက်ရှိမှာ ခံစစ်ဘယ်ခြမ်း နေရာအတွက် ကစားသမား ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ချယ်လ်ဆီးက ဂိုးမက်ဇ်ကို ပိုမိုအလိုရှိနေပါတယ်။ ဂိုးမက်ဇ်ရဲ့ တန်ကြေးက ယူရို(၁၀)သန်းဝန်းကျင်သာ ရှိနေတယ်ဆိုပေမယ့် ကစားသမားနဲ့ သူရဲ့အသင်းကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၅ခုနှစ်ထိ သက်တမ်းရှိနေတာကြောင့် အန်ဒါလက်ချ်ဘက်က သူတို့စိတ်ကြိုက် ပြောင်းရွှေ့ကြေးမျိုးကို တောင်းဆိုလာနိုင်ဖွယ် ရှိနေပေမယ့် ချယ်လ်ဆီးအသင်းဘက်ကတော့ လိုင်ယွန်အသင်းဆီ အငှားချထားတဲ့ သူတို့ရဲ့ ဘယ်နောက်ခံလူ အီမာဆန်ကို ပြန်လည်ခေါ်ဆောင်လို့ မရနိုင်ရင် ဂိုးမက်ဇ်ကိုသာ ကမ်းလှမ်းလာနိုင်တယ်။ လက်ရှိမှာ ချယ်လ်ဆီးအသင်းဟာ ဘရာဇီးကလပ် ဖလူမင်နိစ်အသင်းကနေ ပြန်လည်ခေါ်ယူထားတဲ့ တောင်ပံကစားသမား ကနေဒီကို အသင်းမှာ နေရာပြန်ပေးဖို့ အစီအစဉ် ရှိလို့နေပြီး လူငယ်နောက်ခံလူလေး မိုင်ယန်ဘာကိုလည်ူ စီနီယာအသင်းမှာ အသုံးပြုဖွယ် ရှိလို့နေပါတယ်။