အာဆင္နယ္အသင္းကို အိမ္ကြင္းမွာ လက္ခံ ကစားခဲ့ရေပမယ့္ ႏွစ္ဂိုးစီ သေရရလဒ္သာ ထြက္ေပၚဖို႔အတြက္ စြမ္းေဆာင္နိုင္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ လက္ရွိမွာေတာ့ အသင္းရဲ့ တိုက္စစ္ပိုင္းမွာ ေျခစြမ္းျပေနတဲ့ လူငယ္ ကစားသမား တမ္မီ ေအဗရာဟမ္ကို ဒဏ္ရာျပႆနာေၾကာင့္ ရက္သတၱပတ္အနည္းငယ္ လက္လႊတ္ရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။

Photo Credit: Talksport.com

အာဆင္နယ္အသင္းနဲ႔ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့တဲ့ ေအဗရာဟမ္ဟာ ေျခက်င္းဝတ္ထိခိုက္ခဲ့တာ ျဖစ္ၿပီး ကြင္းအတြင္းကေန နာက်င္မွု သက္သာေစဖို႔ ေရခဲေတြအုံကာ ထြက္ခဲ့ရတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းရဲ့ ပရိသတ္ေတြက ေအဗရာဟမ္အတြက္ စိုးရိမ္ေနၾကပါတယ္။ လက္ရွိမွာ ေအဗရာဟမ္ရဲ့ ဒဏ္ရာကို စစ္ေဆးဖို႔အတြက္ ခ်ယ္လ္ဆီးအသင္းဟာ စတင္လုပ္ေဆာင္ေနၿပီလည္း ျဖစ္ပါတယ္။

Photo Credit: Talksport.com

ေအဗရာဟမ္ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းရဲ့ တိုက္စစ္ပိုင္းဟာ အင္အားနည္းသြားခဲ့ၿပီး ဂ်႐ူး ၊ ဘတ္ရွူအာရီ စတဲ့ ကစားသမားေတြ ရွိေနေသးေပမယ့္ ခ်ယ္လ္ဆီးအသင္းနည္းၿပ လမ္းပတ္ဟာ ႏွစ္ဦးစလုံးကို သေဘာမက်တာေၾကာင့္ ယခု ဇန္နဝါရီ အေျပာင္းအေရႊ႕ ကာလမွာ ခ်ယ္လ္ဆီးဟာ ေရတိုကုစားမွုအေနနဲ႔ တိုက္စစ္မွူးတစ္ဦးကို ေခၚယူဖို႔အတြက္ ျပင္ဆင္ေနပါတယ္။ အဆိုပါ တိုက္စစ္မွူးကေတာ့ ပီအက္စ္ဂ်ီအသင္းရဲ့ ၾကယ္ပြင့္ ကာဗာနီပဲ ျဖစ္ပါတယ္။

Photo Credit: Talksport.com

ျပင္သစ္သတင္းစာေတြနဲ႔ အဂၤလန္သတင္း မီဒီယာေတြရဲ့ ေဖာ္ျပမွုအရ ခ်ယ္လ္ဆီးအသင္းဟာ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာဖို႔ ျပင္ေနတဲ့ ကာဗာနီကို အငွားေၾကး ေပါင္၅သန္းေပးကာ ရာသီကုန္အထိ အငွားနဲ႔ေခၚယူဖို႔ ႀကိဳးစားေနေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ခ်ယ္လ္ဆီး အသင္းဟာ ကာဗာနီရဲ့ လုပ္ခလစာျဖစ္တဲ့ တစ္ပတ္လုပ္ခ ေပါင္၃၆၀၀၀၀ကိုလည္း အစားထိုး ေပးေခ်မွာျဖစ္ေၾကာင္း ေျပာဆိုထားခဲ့တာေၾကာင့္ အဆိုပါအေျပာင္းအေရႊ႕ဟာ ျဖစ္လာဖို႔ မ်ားေနၿပီး ပီအက္စ္ဂ်ီအသင္းဘက္ကေတာ့ ကာဗာနီကို အၿပီးသတ္ေရာင္းခ်ဖို႔သာ ေဆြးေႏြးခ်င္ေနပါတယ္။

အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပေမယ့် နှစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ဖို့အတွက် စွမ်းဆောင်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ် ကစားသမား တမ်မီ အေဗရာဟမ်ကို ဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ်အနည်းငယ် လက်လွှတ်ရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Talksport.com

အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အေဗရာဟမ်ဟာ ခြေကျင်းဝတ်ထိခိုက်ခဲ့တာ ဖြစ်ပြီး ကွင်းအတွင်းကနေ နာကျင်မှု သက်သာစေဖို့ ရေခဲတွေအုံကာ ထွက်ခဲ့ရတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေက အေဗရာဟမ်အတွက် စိုးရိမ်နေကြပါတယ်။ လက်ရှိမှာ အေဗရာဟမ်ရဲ့ ဒဏ်ရာကို စစ်ဆေးဖို့အတွက် ချယ်လ်ဆီးအသင်းဟာ စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။

Photo Credit: Talksport.com

အေဗရာဟမ် ဒဏ်ရာရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းဟာ အင်အားနည်းသွားခဲ့ပြီး ဂျရူး ၊ ဘတ်ရှူအာရီ စတဲ့ ကစားသမားတွေ ရှိနေသေးပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ဟာ နှစ်ဦးစလုံးကို သဘောမကျတာကြောင့် ယခု ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ချယ်လ်ဆီးဟာ ရေတိုကုစားမှုအနေနဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေပါတယ်။ အဆိုပါ တိုက်စစ်မှူးကတော့ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် ကာဗာနီပဲ ဖြစ်ပါတယ်။

Photo Credit: Talksport.com

ပြင်သစ်သတင်းစာတွေနဲ့ အင်္ဂလန်သတင်း မီဒီယာတွေရဲ့ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်းဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ ပြင်နေတဲ့ ကာဗာနီကို အငှားကြေး ပေါင်၅သန်းပေးကာ ရာသီကုန်အထိ အငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒါ့အပြင် ချယ်လ်ဆီး အသင်းဟာ ကာဗာနီရဲ့ လုပ်ခလစာဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင်၃၆၀၀၀၀ကိုလည်း အစားထိုး ပေးချေမှာဖြစ်ကြောင်း ပြောဆိုထားခဲ့တာကြောင့် အဆိုပါအပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ များနေပြီး ပီအက်စ်ဂျီအသင်းဘက်ကတော့ ကာဗာနီကို အပြီးသတ်ရောင်းချဖို့သာ ဆွေးနွေးချင်နေပါတယ်။