ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အန်ဂိုလိုကန်တီ ဂျော်ဂျင်ဟို ကိုဗာဆစ်တို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့်လည်း ကွင်းလယ်အင်အား ပိုမိုတောင့်တင်းလာစေဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမားဖြစ်တဲ့ ကတ်စီမီရိုကို အလိုရှိနေပြီး လာမယ့်နွေစျေးကွက်မှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူ ကတ်စီမီရိုဟာ ၂၀၁၃ခုနှစ်ကတည်းက ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းကနေ ရီးယဲလ်ကို ရောက်ရှိနေတာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖခလား အောင်မြင်မှုများစွာကိုလည်း ရယူနိုင်ခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လို့နေပါတယ်။ ကတ်စီမီရိုဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် ပွဲပေါင်းများစွာ ပါဝင်ကစားထားနိုင်ခဲ့ပေမယ့် သူရဲ့စွမ်းဆောင်ရည်ကို အသင်းဥက္ကဌဖြစ်သူ ပီရက်ဇ်က နှစ်သက်ခြင်း မရှိတော့ပဲ အခုလို အသင်းမှာသာ ဆက်လက်ထားရှိနေရဟာလည်း သူရဲ့နေရမှာ အစားထိုးနိုင်မယ့် ကစားသမားမျိုး အသင်းမှာ ရှိမနေသေးတဲ့အတွက် မရောင်းချသေးတာ ဖြစ်တယ်လို့ El Nacional ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

ဒါပေမယ့် El Nacional မီဒီယာရဲ့ ဆက်လက်ဖော်ပြမှုမှာတော့ ရီးယဲလ်အသင်းဟာ လက်စတာအသင်းရဲ့ ကွင်းလယ်လူ အမ်ဒီဒီကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကတ်စီမီရိုကိုလည်း အသင်းကနေ ပြန်လည်ရောင်းချနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ ကတ်စီမီရိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ချယ်လ်ဆီးလည်း ပါဝင်လျက်ရှိပြီး ကတ်စီမီရိုရဲ့ အေးဂျင့်ဖြစ်သူကလည်း သူ့ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေနဲ့ မကြာခဏ ဆုံတွေ့ထားရတယ်လို့ပါ ပြောဆိုထားခဲ့ပါတယ်။ ရီးယဲလ်ဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် အနိမ့်ဆုံး ပေါင်သန်း(၅၀)လောက်အထိကို အလိုရှိလို့နေပြီး ချယ်လ်ဆီးအသင်းဘက်ကတော့ ကတ်စီမီရိုအတွက် ပေါင်သန်း(၅၀)နဲ့သာ ကမ်းလှမ်းချင်နေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာလည်း အသင်းနှစ်သင်းကြားမှာ ကစားသမား အပြောင်းအရွှေ့တွေ အပြန်အလှန် ပြုလုပ်နေကြ အသင်းတွေဖြစ်တာကြောင့် ချယ်လ်ဆီးအနေနဲ့ နောက်ထပ် World Cup အဆင့်ရှိတဲ့ ကစားသမားတစ်ဦးကို ရီးယဲလ်ကနေ ထပ်မံ ခေါ်ယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။