သာမာန်ဘောလုံးရာသီတစ်ခုအတွက်ဆိုရင် ဒီလိုအချိန်အခါက ရာသီသိမ်းချိန်ဖြစ်နေသလို လာမယ့်ဘောလုံးရာသီအတွက်ကိုလည်း ပြင်ဆင်မှုတွေလုပ်ဆောင်ရမယ့် အချိန်အခါဆိုလည်း မမှားပါဘူး။ အခုကတော့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဘောလုံးရာသီသိမ်းဖို့က နောက်ဆုတ်ထားရသလို နွေစျေးကွက်ဖွင့်ချိန်ကလည်း နောက်ဆုတ်ကောင်း နောက်ဆုတ်ရနိုင်ပါတယ်။ ဒါပေမယ့် ကလပ်အသင်းတွေကတော့ ကစားသမားသစ်ခေါ်ယူဖို့ကို ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြပြီး ချယ်လ်ဆီးအသင်းဆိုရင်လည်း အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားတိုးမြှင့်ဖို့အတွက် ကစားသမားသစ်(၂)ယောက်ကို ခေါ်ယူဖွယ်ရှိနေပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ဂိုးသမားဖြစ်သူ ကယ်ပါရဲ့ လက်စွမ်းတွေကို စိတ်တိုင်းမကျတော့တာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် ဒေါ့မွန်အသင်းရဲ့ ဆွတ်ဇာလန်ဂိုးသမား ဘာကီကို ခေါ်ယူဖို့ရှိနေပါတယ်။ အသက်(၂၉)နှစ်အရွှယ် ဂိုးသမားဟာ ဒေါ့မွန်အသင်းရဲ့ ပင်တိုင်ဂိုးသမားတစ်ယောက်ဖြစ်ပြီး သူနဲ့ ဒေါ့မွန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက (၁)နှစ်သာ ကျန်ရှိနေတော့တာကြောင့် ချယ်လ်ဆီးအနေနဲ့ ဘာကီကို Cut-price တန်ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးကို ပေါင်(၁၅)သန်းလောက်သာ အသုံးချရဖွယ်ရှိလို့နေပါတယ်။

Photo Credit : The Sun

ဂိုးသမားနေရာအတွက် ဘာကီကို ခေါ်ယူဖို့ ပြင်ဆင်နေသလို ဘယ်နောက်ခံနေရာအတွက်ကိုလည်း အေဂျက်စ်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် နောက်ခံလူ တာလီယာဖီကိုကို ပစ်မှတ်ထားလို့နေပါတယ်။ ချယ်လ်ဆီးက အသင်းရဲ့ ခံစစ်ဘယ်ခြမ်းအတွက် လက်စတာ နောက်ခံအစွန်လူ ဘန်ချီဝဲလ်ကို အဓိကပစ်မှတ်ထားနေတာဆိုပေမယ့် ချီဝဲလ်ရဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းနေတာကြောင့် တာလီယာဖီကိုဘက်ကိုပဲ မြှားဦးလှည့်လာတာဖြစ်ပါတယ်။ အေဂျက်စ်ကနေ ထွက်ခွာဖို့ အစီအစဉ်ရှိနေတဲ့ ဒီကစားသမားကိုတော့ ချယ်လ်ဆီးနဲ့အတူ အာဆင်နယ်အသင်းကနေလည်း အပြိုင်စိတ်ဝင်စားလို့နေပြီး ပြောင်းရွှေ့ကြေးကိုလည်း ပေါင်(၂၂)သန်းလောက်သာ အသုံးပြုရဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းက လာမယ့်ရာသီမှာ အီမာဆန်နဲ့ မားကို့စ်အလွန်ဆိုတို့(၂)ဦးထဲက (၁)ယောက်ကို သေချာပေါက်ရောင်းချမှာဖြစ်လို့ အသက်(၂၇)နှစ်အရွှယ် ဘယ်နောက်ခံလူ တလီယာဖီကိုကို သေချာပေါက်ကမ်းလှမ်းနိုင်ပြီး ဇီယက်ရှ်အပြီး နောက်ထပ် ချယ်လ်ဆီးကို ရောက်ရှိလာမယ့် အေဂျက်စ်ကစားသမားလည်း ဖြစ်လာနိုင်ပါတယ်။