MySport Myanmar

ဒဏ်ရာပြသာနာကြောင့် ကမ္ဘာ့ဖလားမတိုင်ခင်ထိ အနားယူရတော့မယ့် ဂိုးသမား ကီပါ

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပမယ့်အချိန် နီးလာလေလေ ကမ္ဘာ့ဖလားကို ပါဝင်ရဖို့ ရှိနေတဲ့ ဘောလုံးသမားတွေဟာလည်း ဒဏ်ရာပြသာနာမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး ဒီကစားသမားတွေရဲ့ ကမ္ဘာ့ဖလားအိမ်မက်တွေက ဝေဝါးလာခဲ့ရပါတယ်။ လက်ရှိမှာလည်း ချယ်လ်ဆီးအသင်းရဲ့ စပိန်ဂိုးသမား ကီပါအာရီဇာဘလာဂါဟာ ဘရိုက်တန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားမတိုင်ခင်ထိပါ အနားယူရတော့မယ်လို့ သိရပါတယ်။

Photo Credit : The Sun

ဂိုးသမားကီပါဟာ ချယ်လ်ဆီးမှာ မန်ဒီရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်နဲ့သာ ကစားရပေမယ့် မန်ဒီ ဒဏ်ရာရသွားချိန်မှာ ပွဲကစားခွင့်တွေ ပြန်လည် ရရှိလာရင်း လက်စွမ်းတွေပါ ပြသလာခဲ့ပြီး clean sheets တွေကိုလည်း ဆက်တိုက် ရယူလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘရိုက်တန်ကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ကီပါက ခြေထောက်ဒဏ်ရာ ရရှိသွားခဲ့ပြီး ပွဲကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့ပဲ မန်ဒီနဲ့ လူစားလဲခဲ့ရသလို အခုလည်း ဒီဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ခန့်လောက် အနားယူရဖို့ပါ ရှိနေတဲ့အတွက် ကီပါရဲ့ ကမ္ဘာ့ဖလားအိမ်မက်ပါ မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Pride of London

ကီပါရဲ့ ခြေထောက်ဒဏ်ရာနဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက “ဒဏ်ရာက သူရဲ့ခြေဖဝါးအောက်ခြေမှာ ရသွားခဲ့တာ။ ကမ္ဘာ့ဖလားမတိုင်ခင် သူကစားနိုင်လိမ့်မယ်လို့ မထင်ပါဘူး” ဆိုပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်နဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်တို့ဟာလည်း ဒဏ်ရာပြသာနာအသီသီးနဲ့ ရင်ဆိုင်နေရပြီး ဒီကစားသမားနှစ်ယောက်လုံးဟာလည်း ကမ္ဘာ့ဖလားကို လွဲချော်ရဖို့ သေချာသလောက် ရှိနေပါတယ်။ ကီပါဟာလည်း ချယ်လ်ဆီးအသင်းအတွက် ကစားခွင့်ရချိန်မှာ လက်စွမ်းကောင်းတွေ ပြသခဲ့ရင်း Clean Sheets (၅)ပွဲဆက်တိုက်အထိ စွမ်းဆောင်နိုင်ခဲ့တာကြောင့် စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ရဖို့ မျှော်လင့်ထားခဲ့ပေမယ့် အခု သူရဲ့ခြေထောက်ဒဏ်ရာကြောင့် world cup မတိုင်ခင်အထိပါ အနားယူရတော့မှာဖြစ်လို့ စပိန်ရဲ့ world cup squad ထဲမှာ အရွေးမခံရဖို့ အခြေအနေများနေရပါတယ်။

Exit mobile version