ကစားသမားသစ်တွေ ခေါ်ယူလိမ့်မယ်လို့ ယူဆခဲ့ရပေမယ့်လည်း တကယ်တမ်းမှာတော့ ဘယ်ကစားသမားကိုမှ မခေါ်ယူခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် အသင်းအတွက် မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်နေတဲ့ တိုက်စစ်ပိုင်းအတွက်ကိုလည်း အင်အားဖြည့်တင်းမှု မလုပ်နိုင်ခဲ့လို့ အသင်းပရိသတ်များစွာပါ စိတ်ပျက်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာတော့ ပရိသတ်တွေ စိတ်ကျေနပ်စေအောင် ကစားသမားအားဖြည့်မှုပေါင်းများစွာ လုပ်ဆောင်လာဖို့ စီစဉ်လျက်ရှိနေပါတယ်။

Photo Credit : Getty Images

လက်ရှိအသင်းက တိုက်စစ်ပိုင်းမှာ အထောင်တိုက်စစ်ကစားသမားလေး တမ်မီအေဘရာဟမ်ကိုပဲ တောက်လျှောက်သုံးစွဲနေရသလို အေဘရာဟမ်မှာလည်း သူရဲ့အသက်အရွှယ်နဲ့ အတွေ့အကြုံနည်းပါးမှုကြောင့် အကောင်းဆုံးပုံစံကို ရေရှည်ထိန်းသိမ်းထားဖို့က ခက်ခဲနိုင်တာကြောင့် အဆုံးသတ်ကောင်းမွန်တဲ့ တိုက်စစ်မှူးအသစ်တစ်ယောက် မဖြစ်မနေ လုုိအပ်နေတာဖြစ်ပါတယ်။ ဒီအတွက် ချယ်လ်ဆီးက အသက်၂၂နှစ်အရွှယ်ရှိ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး ပြောင်းရွှေ့ကြေးအပြင် ကစားသမားတွေပါ အလိုက်ပေးကမ်းလှမ်းသွားဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ သူရဲ့အကောင်းဆုံးသောခြေစွမ်းတွေကို ထုတ်ဖော်ပြသထားနိုင်ပြီး အသင်းအတွက်ကိုလည်း သွင်းဂိုးတွေများစွာ ရယူထားနိုင်ခဲဲ့တာကြောင့် ဘာစီလိုနာ ရီးရဲလ်မက်ဒရစ်နဲဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကပါ သူ့ကိုခေါ်ယူဖို့အတွက် အပြိုင်စိတ်ဝင်စားလာခဲ့ကြကာ အခုဆို ချယ်လ်ဆီးအသင်း ထပ်မံစိတ်ဝင်စားလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ မာတီနက်ဇ်အတွက် အင်တာဘက်ကနေ သတ်မှတ်ထားတဲ့ စာချုပ်လျော်ကြေး ပေါင်၉၄သန်းနဲ့ ကမ်းလှမ်းရနိုင်ဖွယ်ရှိနေသလို အသင်းက ဘယ်နောက်ခံကစားသမားတွေဖြစ်တဲ့ အလွန်ဆို ဒါမှမဟုတ် အီမာဆင်ထဲက တစ်ဦးဦးကို အလိုက်ပေးကမ်းလှမ်းလာနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ကို ရောင်းချသွားဖို့ အစီအစဉ်မရှိပဲ စာချုပ်သက်တမ်းတိုးနိုင်ဖို့ကိုသာ ကြိုးပမ်းလျက်ရှိနေပါတယ်။