ချယ်လ်ဆီးအသင်းဟာ မကြာသေးခင်ကမှ ရီးယဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ အသင်းရဲ့ ဂျာမနီနောက်ခံလူ အန်တိုနီယိုရူဒီဂါရဲ့နေရာမှာ ပီအက်စ်ဂျီ နောက်ခံကစားသမား ပရက်စနယ်ကင်မမ်ဘေကို အစားထိုး ခေါ်ယူသွားချင်နေတယ်လို့ ဂျာမနီသတင်းစာ Blid ကနေ ဖော်ပြသွားခဲ့ပါတ။
Photo Credit : Goal
ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဗဟိုခံစစ် ကစားသမားတွေဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ကို စာချုပ်သက်တမ်းတွေ တိုးမြှင့်နိုင်ခြင်း မရှိတဲ့အတွက် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လွတ်လိုက်ရပြီး ရူဒီဂါက ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့သလို ခရစ္စတန်ဆန်ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပါတယ်။ ဒီလို အခြေအနေမှာ ချယ်လ်ဆီးဘက်က ခံစစ်နေရာကို ပြန်လည်ဖြည့်တင်းသွားဖို့အတွက် ဈေးကွက်အတွင်း ခံစစ်ကစားသမားတွေကို ပစ်မှတ်ထားနေရာ သူတို့ အလိုရှိနေတဲ့ ကစားသမားစာတွေထဲ ပြင်သစ်နောက်ခံလူ ကင်ပမ်ဘေပါ ပါဝင်လာခဲ့ပါတယ်။
Photo Credit : Sports Illustrated
အသက်(၂၆)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ကင်ပမ်ဘေဟာ ပီအက်စ်ဂျီ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဗဟိုခံစစ်မှူးတစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီရဲ့ ခံစစ်မှာလည်း အရေးပါတဲ့နေရာကနေ ပါဝင်ရသူ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြင်သစ်လီဂူးဖလားကို (၆)ကြိမ်ိ ပိုင်ဆိုင်ထားပြီး ပြင်သစ်အသင်းနဲ့ပါ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကင်ပမ်ဘေဟာ သူ့ကို ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီအသင်းမှုာ နည်းပြအဖြစ် ဆောင်ရွှက်နေသူ သောမတ်စ်တူဟယ်လ်နဲ့လည်း ပီအက်စ်ဂျီအသင်းမှာ လက်တွဲ့ခဲ့ဖူးပြီး လက်ရှိမှာ တူဟယ်လ်က သူရဲ့တပည့်ဟောင်းကို ချယ်လ်ဆီးအသင်းဆီ ခေါ်ဆောင်သွားချင်နေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ အသင်းခေါင်းဆောင် မာကွင်ဟို့စ် ဆာဂျီယိုရာမို့စ် ကင်ပမ်ဘေနဲ့ ကဟယ်လာတို့ ရှိနေပေမယ့် မာကွင်ဟို့စ် ကင်ပမ်ဘေ အတွဲအဖက်ကိုသာ အများဆုံး အသုံးပြုတတ်တာဖြစ်လို့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံသွားဖို့ အစီအစဉ်မရှိတာကြောင့် ချယ်လ်ဆီးဘက်က ကင်ပမ်ဘေထက် ဆီဗီလာ နောက်ခံလူ ခွန်ဒေ ဗီလာရီးယဲလ် နောက်ခံလူ ပါအူတောရက်စ်တို့ကိုသာ ဦးစားပေး ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။