MySport Myanmar

အင်တာခံစစ်မှူး ရှကရီညာကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ အပြိုင် ကြိုးပမ်းမယ့် ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဗဟိုခံစစ်ပိုင်း အတွက် ထိပ်တန်း ခံစစ်မှူးတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေရာ အင်တာမီလန် ခံစစ်မှူး ရှကရီညာကို ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ အပြိုင် ကမ်းလှမ်းကာ ခေါ်ယူဖို့ ကြိုးစားတော့မယ်လို့ အီတလီ အခြေစိုက် ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၇နှစ် အရွယ် ဆလိုဗက်ကီးယား လက်ရွေးစင် ဗဟိုနောက်ခံလူ ရှကရီညာက အင်တာမီလန်ရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သလို အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦး စာရင်းဝင်တဲ့ ထိပ်တန်း ခံစစ်မှူး တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Tutto Sports

ဒါကြောင့်ပဲ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီက သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် ရှကရီညာကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေကာ ယခုအချိန်မှာတော့ ချယ်လ်ဆီးကပါ ရှကရီညာကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ရှကရီညာအတွက် အင်တာမီလန်ထံ စုံစမ်းမှုတွေပါ ပြုလုပ်ထားကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက ဆိုပါတယ်။

နာမည်ကြီး သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် အင်တာမီလန်နဲ့ ဆွေးနွေးခဲ့ချိန်မှာ ရှကရီညာကို ခေါ်ယူဖို့ပါ ထည့်သွင်း ဆွေးနွေးခဲ့ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ရှကရီညာကို ပီအက်စ်ဂျီနဲ့ အပြိုင် ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

Photo Credit: Tutto Sports

အင်တာမီလန်ကတော့ သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ရှကရီညာအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် အလိုရှိနေပြီး ပီအက်စ်ဂျီက ရှကရီညာ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း + အပိုဆုကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားတာကြောင့် ချယ်လ်ဆီးကသာ ရှကရီညာကို ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် သုံးစွဲဖို့ လိုအပ်ပါတယ်။

Exit mobile version