နာပိုလီအသင်းမှာ ၇နှစ်တာလောက်အထိ ပါဝင်ကစားခဲ့ပြီး အသင်းရဲ့အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဒရိုင်းစ်မာတန်စ်ကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးဖို့ကိုလည်း ကစားသမားဘက်ကနေ ဆန္ဒမရှိတော့တာကြောင့် အခု ဆောင်းရာသီဈေးကွက်မှာ သူစိတ်ကြိုက် စီးရီးအေပြင်ပအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို ဆွေးနွေးနိုင်မှာဖြစ်ပြီး လက်ရှိမှာ ချယ်လ်ဆီးအသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
(Unicode)
နာပိုလီနဲ့ သက်တမ်းကုန်တော့မယ့် မာတန်စ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးတို့ စတင်ကြိုးပမ်းလာ
နာပိုလီအသင်းမှာ ရနှစ်တာလောက်အထိ ပါဝင်ကစားခဲ့ပြီး အသင်းရဲ့အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဒရိုင်းစ်မာတန်စ်ကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးဖို့ကိုလည်း ကစားသမားဘက်ကနေ ဆန္ဒမရှိတော့တာကြောင့် အခု ဆောင်းရာသီစျေးကွက်မှာ သူစိတ်ကြိုက် စီးရီးအေပြင်ပအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို ဆွေးနွေးနိုင်မှာဖြစ်ပြီး လက်ရှိမှာ ချယ်လ်ဆီးအသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : Getty Images
အသက်၃၂နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား မာတန်စ်ဟာ ၂၀၁၃ခုနှစ်ကမှ နယ်သာလန်နာမည်ကျော်ကလပ် PSV အသင်းကနေ နာပိုလီအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ နာပိုလီအတွက် ပွဲပေါင်း၃၀၀လောက်အထိ ပါဝင်ကစားပေးခဲ့ကာ သွင်းဂိုး၁၁၈ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း နာပိုလီအတွက် ပြိုင်ပွဲစုံပွဲသွင်းဂိုးပေါင်း ၉ဂိုးအထိကို သွင်းယူနိုင်ခဲ့တဲ့ မာတန်စ်ကို ဥရောပအသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေခဲဲ့ပြီး ဒီထဲမှာ တိုက်စစ်ပိုင်း အပြောင်းအလဲလုပ်ဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။
Photo Credit : Getty Images
နာပိုလီနဲ့ စာချုပ်သက်တမ်း လပိုင်းလောက်သာ ကျန်ရှိတော့တဲ့ မာတန်စ်ကို ဂျုဗင်တပ်စ် အင်တာမီလန် မန်ချက်စတာယူနိုက်တက် အစရှိတဲ့ ဥရောပအသင်းပေါင်းများစွာကနေ စိတ်ဝင်စားနေခဲ့ပြီး ဒီနောက်ပိုင်းမှာ မာတန်စ်ရဲ့ဆရာဟောင်း ဆာရီကိုင်တွယ်နေတဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းက တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့အတွက် လာမယ့်နွေစျေးကွက်မှာ မာတန်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်အောင် ဆွေးနွေးညှိနှိုင်းမှုတွေကို ပြုလုပ်နေပြီဖြစ်ပြီး ရိုးမားအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဘတ်ရှုအာယီရဲ့နေရာမှာ အစားထိုးဖွယ်ရှိနေပါတယ်။ ဒါပေမယ့် မာတန်စ်ကို မြောက်များစွာသော အသင်းတွေက အပြိုင်စိတ်ဝင်စားနေကြတာဖြစ်လို့ လစာပမာဏ ပွဲထွက်ခွင့်တွေ ပိုပေးနိုင်မယ့်အသင်းကိုပဲ ရွေးချယ်ဖွယ်ရှိနေပြီး ချယ်လ်ဆီးမှာက ဂျရှုးရော ဘတ်ရှုအာယီပါ အသင်းကနေ ထွက်ခွာဖို့ အခြေအနေများနေတာဖြစ်လို့ ချယ်လ်ဆီးကိုပဲ ရွေးချယ်ဖွယ်ရှိနေပါတယ်။