ချဲလ်ဆီးအသင်းကတော့ လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်က ချန်ပီယံလိဂ် ပွဲစဉ် ကစားစဉ်မှာ နောက်ကျ ခေါင်းတိုက် သွင်းဂိုးကို သွင်းယူခဲ့ပြီး ပြိုင်ပွဲက ထွက်ရအောင် လုပ်ခဲ့ဖူးတဲ့ နောက်ခံလူ သီယာဂို ဆေးလ်ဗားကို လာမယ့် အပြောင်းအရွေ့ ဈေးကွက်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ပြင်ဆင်နေလျက် ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ နောက်ခံလူတွေ ဖြစ်တဲ့ ခရစ်စတန်ဆန် နဲ့ ရူဒီဂါတို့ရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ပီအက်စ်ဂျီအသင်းရဲ့ နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ခေါ်ယူချင်နေပြီး နောက်ခံလူ သီယာဂို ဆေးလ်ဗားကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

ပီအက်စ်ဂျီအသင်းဟာ လာမယ့် လအတွင်း အသက် (၃၆) နှစ် ပြည့်တောမယ့် အသင်းရဲ့ နောက်ခံ ကစားသမား သီယာဂို ဆေးလ်ဗားကို စာချုပ်သစ် ထပ်မတိုးခဲ့တော့တာကြောင့် နောက်ခံလူ သီယာဂို ဆေးလ်ဗားအနေနဲ့ လာမယ့် တနင်္ဂနွေနေ့ည ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်က သူ့ရဲ့ နောက်ဆုံး ပွဲစဉ်လည်း ဖြစ်သွားနိုင်ပါတယ်။ The Athletic သတင်းကတော့ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ နောက်ခံလူ သီယာဂို ဆေးလ်ဗားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်လို့ ဖော်ပြသွားခဲ့ပြီး လာမယ့် အပြောင်းအရွေ့ ဈေးကွက်မှာ အလွတ် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖွယ် ရှိပါတယ်။

Photo Credit: TheSun

ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီမှာ အခြားအသင်းတွေထက် လျင်မြန်စွာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ရာမှာ ပြီးခဲ့တဲ့ လအနည်းငယ်က ဇီယက်စ် နဲ့ ဝါနာတို့ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာလည်း ကိုင်း ဟာဗက် နဲ့ သီယာဂို ဆေးလ်ဗားတို့ကို ခေါ်ယူဖို့ အလွန် နီးစပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သီယာဂို ဆေးလ်ဗားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်က ပီအက်စ်ဂျီအသင်း အတွက် ကစားရတဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်နိုင်ပြီး ပီအက်စ်ဂျီအသင်းရဲ့ လက်ကျန် ပွဲစဉ်တွေ ကုန်သွားပြီ ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲက ချဲလ်ဆီးအသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ပြောင်းရွှေ့လာနိုင်ပါတယ်။