ကမ္ဘာ့ဘောလုံးလောကမှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ဂိုးသမားက ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ လာလီဂါကလပ် ဘီလ်အာအိုအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ယူရို သန်း(၈၀)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ စပိန် ဂိုးသမား ကယ်ပါအာရီဇာဘယ်လာဂါ ဖြစ်ပါတယ်။ အခုလည်း ကယ်ပါရဲ့နောက် ဒုတိယနေရာမှာ ရှိနိုင်မယ့် ဂိုးသမား အပြောင်းအရွှေ့က ချယ်လ်ဆီးရဲ့ ဂိုးသမား အပြောင်းအရွှေ့သာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Transfermarket

ချယ်လ်ဆီးအသင်းက သူတို့ ဂိုးသမား အက်ဒွါမန်ဒီကို ဆော်ဒီကလပ် အယ်လ်အာလီအသင်းဆီ ရောင်းချလိုက်ချိန် အသင်းမှာ ကယ်ပါ တစ်ဦးတည်းသာ ကျန်ရှိနေတော့ကာ နည်းပြ ပိုချက်တီနိုက ကယ်ပါကို အသင်းဂိုးသမားအဖြစ် ဆက်လက် အသုံးပြုသွားဖို့ ဆန္ဒရှိပေမယ့် နောက်ထပ် ဂိုးသမားတစ်ဦးကိုလည်း ထပ်မံ ခေါ်ယူချင်လာခဲ့ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးက ပေါ်တို ဂိုးသမား ကော်စတာ ဘရန့်ဖို့ဒ် ဂိုးသမား ရာယာ နဲ့ ဒေါ့မွန် ဂိုးသမား ကိုဘယ်လ်တို့ကို စောင့်ကြည့်နေပြီး ကော်စတာက ချယ်လ်ဆီး အလိုချင်ဆုံး ဂိုးသမား ဖြစ်နေပါတယ်။

Photo Credit : SportsMax

ပေါ်တူဂီ လက်ရွေးစင် ဂိုးသမား ကော်စတာကို မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့က စိတ်ဝင်စားခဲ့တာဖြစ်ပြီး လက်ရှိမှာ ယူနိုက်တက်က အိုနာနာ တစ်ဦးတည်းကိုသာ အာရုံစိုက်နေချိန် ချယ်လ်ဆီးကလည်း ကော်စတာကို တစ်သင်းတည်း ကမ်းလှမ်းခွင့် ရရှိနေတာပဲ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် စူပါအေးဂျင့် ဂျော့မန်ဒက်စ်ကိုယ်တိုင် ပါဝင် ဆောင်ရွက်လျက် ရှိနေပေမယ့်လည်း ပေါ်တိုအသင်းရဲ့ သူတို့ ဂိုးသမားအတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့က အလွန် ခက်ခဲလျက် ရှိနေပါတယ်။

Man Utd 'leading race' to sign Porto goalkeeper Diogo Costa after latest  high-profile David de Gea clanger | Goal.com US

Photo Credit : Goal

ပေါ်တူဂီသတင်းမီဒီယာ Record ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီး ခေါ်ယူချင်နေတဲ့ ဂိုးသမား ကော်စတာအတွက် ပေါ်တိုက ပြောင်းရွှေ့ကြေးကို ယူရို (၇၅)သန်း ပေါင် (၆၄.၂)သန်းအထိကို အလိုရှိနေပြီး ချယ်လ်ဆီးကလည်း ကွင်းလယ် နဲ့ တိုက်စစ်ကို အားဖြည့်ဖို့ လိုအပ်နေသေးတဲ့အတွက် ဒီပမာဏနဲ့ ကမ်းလှမ်းပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။