ချယ်လ်ဆီးအသင်းကတော့ သူတို့အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး လူကာကူ နဲ့ ခံစစ်မှူး ကူလီဘလီတို့ကို တစ်ရာသီ အငှားချသွားဖို့ ဆန္ဒမရှိပဲ ဒီကစားသမား (၂)ဦးအတွက် ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေ ရှိလာခဲ့ရင် အပြီးသတ် ကမ်းလှမ်းမှုနဲ့သာ လက်ခံသွားဖို့ ရှိနေပါတယ်။

Chelsea's new signing Kalidou Koulibaly explains why Lukaku failed at Stamford Bridge | Football News

ချယ်လ်ဆီးအသင်းဟာ အခု နွေဈေးကွက်ထဲမှာ အသင်းက ကစားသမား အမြောက်အများကို ရှင်းထုတ်ရဖို့ ရှိနေပြီး ဒီထဲမှာ အင်တာမီလန်အသင်းဆီ အငှားချထားတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူနဲ့ ပြီးခဲ့တဲ့ ရာသီကမှ နာပိုလီကနေ ခေါ်ယူထားတဲ့ ဆီနီဂေါ ခံစစ်မှူး ကူလီဘလီတို့လည်း ပါဝင်ဖွယ် ရှိနေပါတယ်။ ဒီကစားသမားတွေကို အင်တာမီလန်က အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး လူကာကူကို နောက်တစ်ရာသီ အငှားနဲ့ ကူလီဘလီကိုတော့ တစ်ရာသီအငှားနဲ့ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးဘက်ကတော့ လူကာကူကို အငှားထပ်မချချင်တော့ပဲ အသင်းအတွက် ပြန်လည် ကစားပေးဖို့ ဆန္ဒမရှိရင် အသင်းကနေ အပြီးသတ် ရောင်းထုတ်ချင်နေသလို ကူလီဘလီကိုလည်း အပြီးသတ် ဝယ်ယူမယ်ဆိုမှသာ လက်ခံ ရောင်းချဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီး နဲ့ အင်တာမီလန်အသင်းတို့ကြားမှာ လူကာကူ ကူလီဘလီတို့ရဲ့ အပြောင်းအရွှေ့အတွက်နဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်လျက် ရှိနေပြီး ဒီအပြောင်းအရွှေ့ ဘယ်လို ဖြစ်ပေါ်လာမလဲဆိုတာကိုပါ အဖြေရှာနေလျက် ရှိပါတယ်။ ဒီအပြောင်းအရွှေ့ ဘယ်လို ဆက်ပြီး ဖြစ်လာမလဲဆိုတာကလည်း ကစားသမားနှစ်ဦးရဲ့ အနေအထားဟာ အရေးအကြီးဆုံး ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာတော့ လူကာကူကို အင်တာမီလန်အပြင် ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မကြာသေးခင် ရက်ပိုင်းကမှ လူကာကူအတွက် တစ်နှစ်လုပ်ခအဖြစ် ပေါင်သန်း(၂၀)နဲ့ပင် ကမ်းလှမ်းမှု ပြုလုပ်ထားပါသေးတယ်။