MySport Myanmar

၁၉၉၅ခုနှစ် နောက်ပိုင်း အဆိုးရွှားဆုံး မှတ်တမ်းကို ရရှိထားတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းကတော့ ဗိုက်တယ်လက်တီကွင်းထဲမှာ အိမ်ရှင်ဘုန်းမောက်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ၁၉၉၅ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးသော မှတ်တမ်းတစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် (၅)ပွဲ ကစားထားပြီးနောက် အသင်းတိုက်စစ်က (၅)ဂိုးသာ သွင်းယူထားနိုင်ခဲ့လို့ ဒါဟာ ၁၉၉၅-၁၉၉၆ ဘောလုံးရာသီနောက်ပိုင်း အဆိုးရွှားဆုံး တိုက်စစ် အခြေအနေတစ်ခုကို ပြန်ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No History

ချယ်လ်ဆီးအသင်းက လီဗာပူးလ်နဲ့ အဖွင့်ပွဲမှာ (1-1) ဝက်စ်ဟမ်းကို ရှုံးတဲ့ပွဲမှာ (3-1) လူတန်ကို အနိုင်ရတဲ့ပွဲမှာ (3-0) နဲ့ (၅)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း နော်တင်ဟမ် ဘုန်းမောက်တို့နဲ့ ပွဲတွေမှာတော့ တိုက်စစ်က ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

ပိုဆိုးတာက နော်တင်ဟမ်ကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးနိမ့်ခဲ့စဉ်တုန်းက ချယ်လ်ဆီးဟာ ဂိုးကန်သွင်းမှု (၂၁)ကြိမ် ပြုလုပ်ခဲ့ပြီး အဲ့ဒီထဲကမှ (၂)ကြိမ်သာ ဂိုးပေါက်တည့်ရင်း ဂိုးမသွင်းနိုင်ခဲ့ရသလို ဘုန်းမောက်နဲ့ပွဲမှာဆိုရင်လည်း (၁၄)ကြိမ် ဂိုးကန်သွင်းရင်း (၆)ကြိမ် ဂိုးပေါက်တည့်မတ်တာတောင် (၂)ပွဲဆက်တိုက်အထိ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

 

Photo Credit : The Independent

ချယ်လ်ဆီး ဂိုးမသွင်းနိုင်ခဲ့တဲ့ ဘုန်းမောက်က ချယ်လ်ဆီးနဲ့ ပွဲမတိုင်ခင် (၅)ပွဲမှာ (၁၀)ဂိုးအထိ ခွင့်ပြုထားခဲ့ရသလို နော်တင်ဟမ်ကလည်း ချယ်လ်ဆီးနဲ့ မကစားခင်က (၆)ဂိုးအထိ ခွင့်ပြုထားခဲ့ရပါသေးတယ်။

ဒီလို အခြေအနေတွေအပြင် ချယ်လ်ဆီးအသင်းက လက်ရှိမှာ (၅)ပွဲကစား (၅)မှတ်သာ ရရှိထားသေးတာကြောင့် ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုအနေနဲ့ မော်ရင်ဟို နဲ့ ဂလင်းဟော်ဒယ်တို့နောက် ဒုတိယမြောက် ရမှတ်အနည်းဆုံး(၅ပွဲကစားလို့ပြီးချိန်) ချယ်လ်ဆီးနည်းပြအဖြစ်နဲ့ပါ ရပ်တည်နေရပါတယ်။

Exit mobile version