ချယ်လ်ဆီးအသင်းကတော့ ရိုးမားအသင်းဆီ တစ်ရာသီ အငှားချထားတဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် (၃၇)သန်းနဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် အပြီးသတ် ရောင်းချသွားမယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ အထောင်တိုက်စစ် နေရာအတွက် ကစားသမား လိုအပ်ချက် ရှိနေပေမယ့်လည်း လူကာကူကို ပြန်လည် အသုံးပြုသွားဖို့ အစီအစဉ် မရှိတော့ပဲ လာမယ့်နွေမှာ အပြီးသတ် ရောင်းချသွားဖိုု့သာ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : The Telegraph

ချယ်လ်ဆီးက ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်တုန်းက အင်တာမီလန်ကနေ ပေါင် သန်း(၁၀၀)နီးပါး အသုံးပြုပြီး ပြန်လည် ခေါ်ယူထားခဲ့ပေမယ့်လည်း လူကာကူက အသင်းဟောင်းမှာ ရုန်းကန်နေရသလို နည်းပြ တူဟယ်လ်နဲ့ပါ အဆင်မပြေ ဖြစ်ခဲ့ရာကနေ နောက်ဆုံးတော့ သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ အနာဂတ်က မှေးမှိန်လာခဲ့ရပါတယ်။

အဲ့ဒီကနေ အင်တာကို တစ်ရာသီအငှားနဲ့ ပြန်ရောက်ပြီး အငှားစာချုပ် ပြည့်မြောက်ချိန် အင်တာဆီ အပြီးသတ် ပြန်လည် မပြောင်းရွှေ့ခဲ့ရပဲ ဆရာဟောင်း မော်ရင်ဟိုရှိရာ ရိုးမားအသင်းဆီသာ အငှားနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ရပါတယ်။ အခုတော့ လူကာကူက ရိုးမာမှာ ဂိုးတွေ တောက်လျှောက် သွင်းယူပေးလို့နေပါတယ်။

Photo Credit : Eurosport

လက်ရှိ ရိုးမားအသင်းရဲ့ တိုက်စစ်မှာ ရှယ်ဂိုးမြူးနေတဲ့ လူကာကူကို ရိုးမားဘက်က နောက်နှစ်နွေဈေးကွက်ထဲ အပြီးသတ် ခေါ်ယူဖို့အတွက် စီစဉ်လာခဲ့ရာ ချယ်လ်ဆီးကလည်း လူကာကူကို ပေါင် (၃၇)သန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် အပြီးသတ် ရောင်းချသွားမယ်လို့ အသိပေးလာခဲ့ပါတယ်။

ရိုးမားဘက်တော့ လူကာကူကို အပြီးသတ် ခေါ်ယူချင်ပေမယ့်လည်း ငွေသား ကမ်းလှမ်းမှုထက် ချယ်လ်ဆီး ကစားသမားဟောင်းဖြစ်သူ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် နဲ့ လူကာကူတို့ကို တိုက်ရိုက် အလဲအထပ် လုပ်ဆောင်သွားဖို့ကိုသာ ပိုမို ဆန္ဒရှိနေပါတယ်။