MySport Myanmar

အမေရိကန် ဂိုးသမားလေး ဆလိုနီနာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ပစ်မှတ်ဖြစ်သူ အမေရိကန် ဂိုးသမားလေး ဂေဘရီရယ်ဆလိုနီနာကို မေဂျာလိဂ်ကလပ် ချီကာဂိုုဖိုင်းယားအသင်းကနေ ခေါ်ယူသွားဖို့အတွက် နှုတ်အားနဲ့ သဘောတူညီမှု ရရှိသွားခဲ့ရပြီလို့ ဘောလုံးအပြောင်းအရွှေ့သတင်းဆိုင်ရာ အကျော်အမော် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းအနေနဲ့ talent ဂိုးသမားလေး ဆလိုနီနာကို နွေဈေးကွက် အစကတည်းက စတင်ပစ်မှတ်ထားနိုင်ခဲ့ပြီး ခေါ်ယူနိုင်ဖို့လည်း အလားအလာကောင်းခဲ့ပေမယ့် ချယ်လ်ဆီးဘက်မှာ ပီတာချက် အသင်းနဲ့ လမ်းခွဲသွားတဲ့နောက်ပိုင်း ဆလိုနီနာရဲ့ deal ပါ ပျက်သွားခဲ့ရတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးပိုင်ရှင်သစ် အမေရိကန်သူဌေးကြီး တော့ဒ်ဘိုလေက ဆလိုနီနာရဲ့ အသင်းနဲ့ တိုက်ရိုက်တွေ့ဆုံခဲ့ရင်း နောက်ဆုံးမှာတော့ ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်း+အပိုဆုကြေးဆိုတဲ့ ကမ်းလှမ်းမှုနဲ့ သဘောတူညီမ့ ရရှိသွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Twitter

အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် အမေရိကန်ယူ-၂၀ ဂိုးသမား ဆလိုနီနာဟ ၂၀၁၆ခုနှစ်ကတည်းက ချီကာဂိုဖိုင်းယားအသင်းရဲ့ လူငငယ်အကယ်ဒမီကို စတင်ရောက်ရှိလာခဲ့ပြီး ၂၀၁၉ခုနှစ်မှာပဲ အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ အရပ်အမောင်း (၆)ပေနဲ့(၄)လက်မလောက်အထိကို မြင့်မားတဲ့ ဂိုးသမားလေး ဆလိုနီနာဟာ ပြိုင်ဘက်ကစားသမားနဲ့ 1-by-1 အခြေအနေမျိုးတွေမှာ ဂိုးကာကွယ်မှုကို အကောင်းဆုံး ပြုလုပ်နိုင်သူ ဖြစ်သလို အမှတ်မထင် ကန်သွင်းမှုတွေအတွက် သူရဲ့ တုံ့ပြန်မှုတွေက အထူးကောင်းမွန်လို့ ဒီအသက်အရွှယ်နဲ့ပင် ချီကာဂိုအသင်းရဲ့ ဦးစားပေး ဂိုးသမားအဖြစ်နဲ့ပါ ပါဝင်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဆလိုနီနာဟာ သူရဲ့ကလပ်အသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်တွေကို ပါဝင်ဆင်နွဲနေပြီး ပွဲစဉ်(၁၉)ပွဲအတွင်းမှာ အသင်းအတွက် Clean Sheets (၇)ပွဲအထိ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ အကောင်းဆုံး လက်စွမ်းတွေ ပြသထားနိုင်တဲ့ ဆလိုနီနာကို ချယ်လ်ဆီးအသင်းအပြင် ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားနေတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ကစားသမားလေးက ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့ သေချာသလောက် ရှိနေပြီဖြစ်ပြီး ချယ်လ်ဆီးက ဆလိုနီနာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် ၂၀၂၂ခုနှစ် မေဂျာလိဂ် ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ချီကာဂိုအသင်းမှာပဲ ဆက်လက်အငှားချထားဖွယ် ရှိနေပါတယ်။

Exit mobile version