ဟာရီကိန်းဒဏ်ရာရသွားပြီးနောက်ပိုင်းမှာကတည်းက ဆောင်းစျေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ယာက်ကို ခေါ်ယူဖို့အတွက် အသည်းအသန်းကြိုးပမ်းနေရတဲ့ စပါးအသင်းဟာ ဟာရီကိန်းဒဏ်ရာရပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ သူတို့အသင်းနဲ့ သတင်းထွက်လာခဲ့တဲ့ အေစီမီလန်တိုက်စစ်မှူး ပီယွန်တက်ခ်ကို အခုတကြိမ် ထပ်မံကြိုးပမ်းဖို့ ဟန်ပြင်လာခဲ့ပေမယ့်လည်း ဒီကစားသမားကို ချယ်လ်ဆီးအသင်းဘက်ကနေလည်း စိတ်ဝင်တစားရှိလာခဲ့ကာ စျေးကွက်မပိတ်ခင်မှာ ကမ်းလှမ်းဖွယ်ရှိနေတာကြောင့် ပီယွန်တက်ခ်အတွက် လန်ဒန်အသင်းနှစ်သင်းရဲ့ ကြိုးပမ်းအားပြိုင်မှုတွေကို မြင်တွေ့လာရနိုင်ပါတယ်။

Photo Credit : Getty Images

ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား ပီယွန်တက်ခ်ဟာ မနှစ်က ဘောလုံးရာသီ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာပဲ ဂျီနိုအာအသင်းကနေ အေစီမီလန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ အဲ့ဒီအချိန်တုန်းကတော့ မီလန်အတွက် အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး အသင်းကလည်း မိုဗစ်ကို ပြန်လည်ခေါ်ယူထားလို့ ပီယွန်တက်ခ်အနေနဲ့ မီလန်ကနေ စွန့်ခွာချင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပီယွန်တက်ခ်ကို ချယ်လ်ဆီး စပါး မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆဲလ်တို့လို ပရီးမီးယားလိဂ်အသင်းတွေကနေ ခေါ်ယူဖို့အတွက် အပြိုင်စိတ်ဝင်တစား ရှိနေကြပါတယ်။

Photo Credit : Getty Images

ဒီအသင်းတွေအားလုံးထဲကမှ စပါးအသင်းက ပီယွန်တက်ခ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်အစားဆုံးအသင်းအဖြစ် ရှိနေပေမယ့်လည်း စပါးက ပီယွန်တက်ခ်အတွက် အငှားနဲ့သာ အရင်ဆုံးကမ်းလှမ်းဖို့ ပြင်ဆင်နေတာကို အေစီမီလန်ဘက်ကနေ လက်မခံချင်ပဲ ကစားသမားအတွက် တစ်ခါတည်း ပြောင်းရွှေ့ကြေးပေးချေတာကို ဖြစ်စေချင်တာကြောင့် အပြောင်းအရွှေ့က ကြန့်ကြာနေရတာဖြစ်ပါတယ်။ မီလန်အသင်းဘက်က သူတို့ရဲ့ တိုက်စစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်၂၅သန်းဝန်းကျင်လောက် ရရှိချင်နေပေမယ့်လည်း စပါးဘက်ကနေ ဒီပမာဏကို ချက်ချင်းပေးချေဖို့ ဆန္ဒမရှိတာကြောင့် ဒီလိုအခြေအနေရှိနေချိန်မှာ ချယ်လ်ဆီးအသင်းက ပီယွန်တက်ခ်ကို ကြားဖြတ်ခေါ်ယူသွားနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကာဗာနီ မူဆာဒမ်ဘီလီတို့လို လီဂူးက တိုက်စစ်ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ပီယွန်တက်ခ်ကိုပဲ ခေါ်ယူဖွယ်ရှိနေပါတယ်။

(Zawgyi)

ေအစီမီလန္တုိက္စစ္မွဴးကုိ စပါးနဲ႔ အၿပိဳင္ကမ္းလွမ္းသြားဖြယ္ရွိေနတဲ့ ခ်ယ္လ္ဆီး

ဟာရီကိန္းဒဏ္ရာရသြားၿပီးေနာက္ပုိင္းမွာကတည္းက ေဆာင္းေစ်းကြက္အတြင္းမွာ တုိက္စစ္မွဴးသစ္တစ္ယာက္ကုိ ေခၚယူဖုိ႔အတြက္ အသည္းအသန္းႀကိဳးပမ္းေနရတဲ႔ စပါးအသင္းဟာ ဟာရီကိန္းဒဏ္ရာရၿပီးတဲ႔ေနာက္ ရက္ပုိင္းအတြင္းမွာပဲ သူတုိ႔အသင္းနဲ႔ သတင္းထြက္လာခဲ႔တဲ႔ ေအစီမီလန္တုိက္စစ္မွဴး ပီယြန္တက္ခ္ကုိ အခုတႀကိမ္ ထပ္မံႀကိဳးပမ္းဖုိ႔ ဟန္ျပင္လာခဲ့ေပမယ့္လည္း ဒီကစားသမားကုိ ခ်ယ္လ္ဆီးအသင္းဘက္ကေနလည္း စိတ္ဝင္တစားရွိလာခဲ႔ကာ ေစ်းကြက္မပိတ္ခင္မွာ ကမ္းလွမ္းဖြယ္ရွိေနတာေၾကာင့္ ပီယြန္တက္ခ္အတြက္ လန္ဒန္အသင္းႏွစ္သင္းရဲ႕ ႀကိဳးပမ္းအားၿပိဳင္မႈေတြကုိ ျမင္ေတြ႕လာရႏုိင္ပါတယ္။

Photo Credit : Getty Images

ပုိလန္လက္ေရြးစင္ တုိက္စစ္ကစားသမား ပီယြန္တက္ခ္ဟာ မႏွစ္က ေဘာလုံးရာသီ ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလမွာပဲ ဂ်ီႏုိအာအသင္းကေန ေအစီမီလန္အသင္းဆီကုိ ေျပာင္းေရႊ႕လာခဲ႔တာျဖစ္ကာ အဲ႔ဒီအခ်ိန္တုန္းကေတာ့ မီလန္အတြက္ အေတာ္ေလးကုိ ေျခစြမ္းျပႏုိင္ခဲ႔ေပမယ့္လည္း ဒီရာသီမွာေတာ့ ေျခစြမ္းျပဖုိ႔ ရုန္းကန္ေနရၿပီး အသင္းကလည္း မုိဗစ္ကုိ ျပန္လည္ေခၚယူထားလု႔ိ ပီယြန္တက္ခ္အေနနဲ႔ မီလန္ကေန စြန္႔ခြာခ်င္ေနတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ပီယြန္တက္ခ္ကုိ ခ်ယ္လ္ဆီး စပါး မန္ခ်က္စတာယူႏုိက္တက္နဲ႔ နယူးကာဆဲလ္တုိ႔လုိ ပရီးမီးယားလိဂ္အသင္းေတြကေန ေခၚယူဖုိ႔အတြက္ အၿပိဳင္စိတ္ဝင္တစား ရွိေနၾကပါတယ္။

Photo Credit : Getty Images

ဒီအသင္းေတြအားလုံးထဲကမွ စပါးအသင္းက ပီယြန္တက္ခ္ကုိ ေခၚယူဖုိ႔အတြက္ စိတ္ဝင္အစားဆုံးအသင္းအျဖစ္ ရွိေနေပမယ့္လည္း စပါးက ပီယြန္တက္ခ္အတြက္ အငွားနဲ႔သာ အရင္ဆုံးကမ္းလွမ္းဖုိ႔ ျပင္ဆင္ေနတာကုိ ေအစီမီလန္ဘက္ကေန လက္မခံခ်င္ပဲ ကစားသမားအတြက္ တစ္ခါတည္း ေျပာင္းေရႊ႕ေၾကးေပးေခ်တာကုိ ျဖစ္ေစခ်င္တာေၾကာင့္ အေျပာင္းအေရႊ႕က ၾကန္႔ၾကာေနရတာျဖစ္ပါတယ္။ မီလန္အသင္းဘက္က သူတုိ႔ရဲ႕ တုိက္စစ္ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကးကို ေပါင္၂၅သန္းဝန္းက်င္ေလာက္ ရရွိခ်င္ေနေပမယ့္လည္း စပါးဘက္ကေန ဒီပမာဏကုိ ခ်က္ခ်င္းေပးေခ်ဖို႔ ဆႏၵမရွိတာေၾကာင့္ ဒီလုိအေျခအေနရွိေနခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းက ပီယြန္တက္ခ္ကုိ ၾကားျဖတ္ေခၚယူသြားႏုိင္ဖြယ္ ရွိေနတာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ကာဗာနီ မူဆာဒမ္ဘီလီတုိ႔လုိ လီဂူးက တုိက္စစ္ကစားသမားေတြကုိ ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ႔ေပမယ့္ မေအာင္ျမင္ခဲ႔တာေၾကာင့္ ပီယြန္တက္ခ္ကုိပဲ ေခၚယူဖြယ္ရွိေနပါတယ္။