ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမား ဝက်စလေဖိုဖာနာဟာ ချယ်လ်ဆီးနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ တခါးပိတ် ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်း နောက်ထပ် ဒဏ်ရာပြသာနာတစ်ခု ထပ်မံ ရရှိသွားခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအတွက် ခေါင်းခြောက်စရာ ဖြစ်လာနိုင်ဖွယ် ရှိနေရပါတယ်။

Chelsea handed ANOTHER injury blow as Wesley Fofana limps off in friendly  against Brentford | Daily Mail Online

Photo Credit : Daily Mail

ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည် မစတင်ခင် တစ်ပတ်ခန့်အလိုမှာပဲ ကလပ်အသင်းတွေက သူတို့ရဲ့ လေ့ကျင့်ရေးကွင်းတွေမှာ အသေးစား ခြေစမ်းပွဲတွေကို ကျင်းပခဲ့ရာ ချယ်လ်ဆီးအသင်းဟာလည်း လန်ဒန်အခြေစိုက်ကလပ် ဘရန့်ဖို့ဒ်နဲ့ အင်္ဂါနေ့က ခြေစမ်းခဲ့ပြီး ကိုင်းဟာဗက်ဇ်ရဲ့ ဟက်ထရစ်နဲ့အတူ (၅)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ရလဒ်ပိုင်းအရ စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရပေမယ့်လည်း ဒီခြေစမ်းပွဲစဉ်အတွင်း အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ နောက်ခံလူ ဖိုမာနာက ဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ခြင်းက ချယ်လ်ဆီးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ရပါတယ်။

Chelsea handed ANOTHER injury blow as Wesley Fofana limps off in friendly  against Brentford | Daily Mail Online

Photo Credit : Daily Mail

ယခင်ကတည်းက ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားထားခဲ့ရဖူးတဲ့ ပြင်သစ်ခံစစ်မှူး ဖိုဖာနာဟာ အသင်းဟောင်း လက်စတာမှာ ကစားခဲ့စဉ်က ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူခဲ့ရသလို လက်စတာကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့စဉ်မှာလည်း ဒူးဒဏ်ရာ နှိပ်စက်မှုကြောင့်ပဲ အောက်တိုဘာလဆန်းပိုင်းလောက်ကနေ ဆက်တိုက် အနားယူခဲ့ရပါတယ်။ အခု ဒဏ်ရာကနေ သက်သာလာချိန် အသင်းရဲ့ ခြေစမ်းပွဲအတွင်း ပါဝင်ကစားခဲ့ရင်းနဲ့ မမျှော်လင့်ပဲ ထိခိုက်မှု ဖြစ်သွားခဲ့တာကြောင့် ဒီကနေ့မှာပဲ စစ်ဆေးမှုတွေ အသေအချာ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီလထဲမှာပဲ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ရာမှာလည်း အသင်းရဲ့ အယ်လ်ဘေးနီးယား တိုက်စစ်ကစားသမား အာမန်ဒိုဘရိုဟာက ဒူးအရွှတ် ထိခိုက်မိသွားတာကြောင့် ရာသီကုန်အထိ အနားယူဖို့ပါ အကြောင်းဖန်လာခဲ့ရပါတယ်။ လိဂ်ဖလားပွဲ ကစားဖို့ မရှိတဲ့ ချယ်လ်ဆီးအသင်းဟာ အခု ဒီဇင်ဘာလထဲမှာတော့ ဘုန်းမောက် နော်တင်ဟမ်ဖောရက်စ်အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆင်နွဲသွားရမှာဖြစ်ပြီး အသင်းက လက်ရှိအချိန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာထိ ရောက်ရှိနေရတာဖြစ်လို့ လက်ကျန်ပွဲတိုင်းမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ မဖြစ်မနေ လိုအပ်နေရပါတယ်။