ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ ဘောလုံး အသင်း တော်တော်များများအနေနဲ့ ငွေကြေးဆိုင်ရာ ထိခိုက်မှုတွေ များစွာ ကြုံခဲ့ရပြီးတော့ အဆိုပါ အသင်းတွေထဲမှာ ချယ်လ်ဆီး အသင်းလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီး အသင်းအနေနဲ့ ကပ်ရောဂါကြောင့် ဝင်ငွေ ထိခိုက်ခဲ့ပေမယ့်လည်း နောက်ဆုံးထုတ်ပြန်တဲ့ အသင်းရဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေ အရတော့ ချယ်လ်ဆီး အသင်းဟာ ပေါင် ၃၂.၅ သန်း တောင် အမြတ်ရရှိ‌ခဲ့တယ်လို့ သိရပါတယ်။ လန်ဒန်ကလပ် ချယ်လ်ဆီးအသင်း အနေနဲ့ ငွေကြေ းလည်ပတ်မှုပိုင်း ရပ်တန့်ခဲ့ရပေမယ့်လည်း ဇွန်လ ၃၀ ရက်၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ကုန်ဆုံးမည့် နှစ်အတွက် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ အမြတ်ရရှိနေတာ ဖြစ်ပါတယ်။

Photo Credit: 90min

ဗိုင်းရပ်စ်ကြောင့် ရုပ်သံလွှင့်ခတွေ၊ ပွဲလက်မှတ်ရောင်းချငွေ တွေ နဲ့ ကြော်ငြာဆိုင်ရာ ဝင်ငွေတွေ ရပ်တန့်ခဲ့တာကြောင့် ချယ်လ်ဆီး အသင်းရဲ့ ငွေကြေးလည်ပတ်မှုက ပေါင် ၄၄၆.၇ သန်း ကနေ ပေါင် ၄၀၇.၄ သန်းအထိ ကျဆင်းခဲ့ရပါတယ်။ ချယ်လ်ဆီး အသင်းဘက်ကနေလည်း သူတို့ အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၁၂ လအတွင်း ပေါင် ၉၆.၆ သန်း ဆုံးရှုံးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီး အသင်း အခုလို အမြတ် ရရှိခဲ့တာက ချန်ပီယံလိဂ်ဝင်ခဲ့တဲ့ အတွက်ကြောင့်ရယ်၊ ကစားသမား ရောင်းချငွေတွေကြောင့်ရယ် လို့ သိရပါတယ်။ ချယ်လ်ဆီး အသင်းဟာ အီဒင် ဟာဇက် ကို ရီးရဲလ်မက်ဒရစ် အသင်းထံ ပေါင် ၁၅၀ သန်း ဝန်းကျင်လောက် နဲ့ ရောင်းချခဲ့တာဟာ ချယ်လ်ဆီး အသင်းကို အမြတ်ရရှိစေခဲ့တဲ့ အဓိက အကြောင်းအရင်း ဖြစ်စေခဲ့ပါတယ်။

Photo Credit: 90min

အဆိုပါ ထုတ်ပြန်တဲ့ စာရင်းထဲမှာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလက ချယ်လ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ လမ်းပတ် သုံးစွဲခဲ့တဲ့ တီမို ဝါနာ၊ ကိုင် ဟာဗက်ဇ်၊ ဘန်ချီဝဲလ်၊ ဟာကင်း ဇီးရက်ရှ် နဲ့ အက်ဒ်ဝက် မန်ဒီ စတဲ့ ကစားသမားတွေ ရဲ့ ကုန်ကျစရိတ်တော့ မပါဝင်ခဲ့ပါဘူး။ ချယ်လ်ဆီး အသင်းရဲ့ ရှယ်ယာရှင် တစ်ဦး ဖြစ်သူ ဘရုစ် ဘက် ကတော့ အသင်းရဲ့ ဝက်ဒ်ဆိုက်ကို အခုလိုပဲ ပြောပြထားပါတယ်။ “ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်း အတော်များများလိုပဲ၊ ကပ်ရောဂါက ချယ်လ်ဆီး အသင်းရဲ့ ဝင်ငွေကို သိသိသာသာ ထိခိုက်စေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါက ကျွန်တော်တို့ရဲ့ ငွေကြေးပိုင်ဆိုင်ရာ လုပ်ငန်းစဉ်တွေရဲ့ အားသာမှု နဲ့ တည်ငြိမ်တဲ့ လက္ခဏာ ဖြစ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီ အနေနဲ့ အမြတ်အစွန်းတွေ ဆက်လက် ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အားကစားသမားတွေ အပေါ် ဆက်လက် ရင်းနှီးမြှပ်နှံ သွားမှာ ဖြစ်ပြီးတော့ မတ်လအထိ ဘောလုံးပွဲတွေ မရပ်တန့်ဘူးဆိုရင် ဒီအစီစဉ်က နောက်ထပ် အမြတ်အစွန်းတွေ ရရှိလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။အဲ့ဒါက ငါးနှစ်ဆက်တိုက် ဝင်ငွေ တိုးလာတာကို ကိုယ်စားပြုနေပါလိမ့်မယ်။ ကိုဗစ် ရဲ့ အကျိုးသက်ရောက်မှုရှိ‌နေ‌ပေမယ့်လည်း ဝင်ငွေစီးဆင်းမှုမှာ ခိုင်မာနေဆဲ ဖြစ်ပါတယ်။ အရင်လို ငွေကြေး လည်ပတ်နိုင်တဲ့ အခါမှာ အမြတ်ငွေတွေ ဆက်လက် မြင့်တက်လာ နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။