ေမဂ်ာလိဂ္တုိ႔ တရုတ္စူပါလိဂ္တုိ႔နဲဲ႔ အေရွ႕လယ္ပုိင္းေဒက ကလပ္အသင္းေတြဆီကုိ သြားေရာက္ကစားတယ္ဆုိတာ အသက္အရႊယ္အရ ၃၀ေက်ာ္လာခဲ႔ၿပီး ဥေရာပမွာ က်င္လည္ဖုိ႔ မလြယ္ကူေတာ့တဲ႔ ကစားသမားႀကီးေတြသာ မ်ားတယ္ဆုိေပမယ့္လည္း ဒီေနာက္ပုိင္းမွာေတာ့ ေငြေၾကးပုိင္း မက္ေမာေလာက္စရာ ကမ္းလွမ္းခ်က္ေတြေၾကာင့္ အသက္၂၀ေက်ာ္အရႊယ္ ကစားသမားေတြေတာင္ ဒီလုိေနရာေတြမွာ သြားေရာက္ကစားၾကေလ့ရွိလာၾကပါတယ္။ ဒီလုိ ကစားသမားေတြထဲမွာ ဘရာဇီးကစားသမား ေအာ္စကာလည္း ပါဝင္လုိ႔ေနပါတယ္။

Photo Credit : The Sun

အသက္၂၈ႏွစ္အရႊယ္သာရွိေသးတဲ႔ ဘရာဇီးကစားသမား ေအာ္စကာဟာ လက္ရွိမွာ တရုတ္စူပါလိဂ္ ထိပ္သီးကလပ္ ရွန္ဟုိင္းSIPG အသင္းမွာ ပါဝင္ကစားလုိ႔ေနၿပီး တရုတ္မွာ သူရဲဲ႕ကစားသမားဘဝကုိ မက်င္လည္ခင္တုန္းက ခ်ယ္လ္ဆီးအသင္းမွာ ပရိသတ္အခ်စ္ေတာ္ ကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္ႏုိင္ခဲ႔သူလည္းျဖစ္ပါတယ္။ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ယူရုိပါလိဂ္ဖလားေတြကုိ ရယူႏုိင္ခဲ႔ေပမယ့္လည္း ၂၀၁၆ခုႏွစ္မွာပဲ ရွန္ဟုိင္းSIPG အသင္းဆီကုိ ေျပာင္းေရႊ႕ေၾကးေပါင္းမ်ားစြာနဲ႔ အံ့အားသင့္စဖြယ္ ေျပာင္းေရႊ႕ခဲ႔ပါတယ္။

Photo Credit : Twitter

၂၀၁၈ခုႏွစ္မွာ ရွန္ဟုိင္းSIPG အသင္းနဲ႔ တရုတ္စူပါလိဂ္ အမွတ္ေပးဖယားကုိ ပုိင္ဆုိင္ႏုိင္ခဲ့တဲ႔ ေအာ္စကာဟာ ဒီရက္ပုိင္းေလးအတြင္းမွာ သူရဲ႕တြစ္တာေပၚမွာ သူရဲ႕ခ်ယ္လ္ဆီးကစားသမားဘဝ အမွတ္တရဓါတ္ပုံေတြကုိ ျပန္လည္မွ်ေဝခဲ႔ၿပီး အဲ႔ဒီဓါတ္ပုံေတြထဲမွာ လက္ရွိခ်ယ္လ္ဆီးနည္းျပျဖစ္တဲ႔ လမ္းပတ္ အသင္းသားေဟာင္း ဟာဇက္နဲ႔ လက္ရွိအသင္းမွာ ကစားေနေသးတဲ႔ တစ္ႏုိင္ငံတည္းသား ဝီလီယံတုိ႔ရဲ႕အမွတ္တရပုံေတြလည္း ပါဝင္လုိ႔ေနပါတယ္။ ေအာ္စကာဟာ ဒီပုံေတြရဲ႕အေပၚမွာ “ဒီအခုိက္အတန္႔ေတြကုိ သင္တုိ႔ မွတ္မိၾကေသးလား” လုိ႔ ေရးသားထားခဲ႔တာေၾကာင့္ ဒါဟာ ခ်ယ္လ္ဆီးပရိသတ္ေတြကုိ လႈပ္ခတ္သြားေစခဲ႔ရၿပီး ေအာ္စကာကုိ အသင္းဆီ ျပန္လာခဲ႔ဖုိ႔ပါ ဝုိင္းဝန္းေတာင္းဆုိလာခဲ႔ၾကပါတယ္။ အဆုိပါ ဓါတ္ပုံရဲ႕ေအာက္မွာ ခ်ယ္လ္ဆီးပရိသတ္ေတြက “တစ္ခါအျပာေရာင္ ျဖစ္ခဲ႔ဖူးတာနဲ႔ မင္းက ထာဝရ အျပာေရာင္ပါပဲ။ ငါတုိ႔ဆီ ျပန္လာခဲ႔ပါ ညီအစ္ကုိရာ” “ငါတုိ႔ေတြ မင္းကုိလုိအပ္တယ္။ အိမ္ကုိျပန္လာခဲ႔ပါ” “ငါတုိ႔မင္းကုိ အၿမဲတမ္းႀကိဳဆုိေနမွာပါ” အစရွိတဲ႔ ေတာင္းဆုိမႈေတြနဲ႔ ေအာ္စကာကုိ အသင္းဆီ ျပန္လာခဲဲ႔ဖုိ႔ ဝုိင္းဝန္းေတာင္းဆုိထားခဲ႔ၾကပါတယ္။

(Unicode)

အသင်းဆီ ပြန်လာခဲ့ဖို့ ချယ်လ်ဆီးပရိသတ်တွေရဲ့တောင်းဆိုမှုကိုခံခဲ့ရတဲ့ အော်စကာ

မေဂျာလိဂ်တို့ တရုတ်စူပါလိဂ်တို့နဲဲ့ အရှေ့လယ်ပိုင်းဒေက ကလပ်အသင်းတွေဆီကို သွားရောက်ကစားတယ်ဆိုတာ အသက်အရွှယ်အရ ၃၀ကျော်လာခဲ့ပြီး ဥရောပမှာ ကျင်လည်ဖို့ မလွယ်ကူတော့တဲ့ ကစားသမားကြီးတွေသာ များတယ်ဆိုပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ ငွေကြေးပိုင်း မက်မောလောက်စရာ ကမ်းလှမ်းချက်တွေကြောင့် အသက်၂၀ကျော်အရွှယ် ကစားသမားတွေတောင် ဒီလိုနေရာတွေမှာ သွားရောက်ကစားကြလေ့ရှိလာကြပါတယ်။ ဒီလို ကစားသမားတွေထဲမှာ ဘရာဇီးကစားသမား အော်စကာလည်း ပါဝင်လို့နေပါတယ်။

Photo Credit : The Sun

အသက်၂၈နှစ်အရွှယ်သာရှိသေးတဲ့ ဘရာဇီးကစားသမား အော်စကာဟာ လက်ရှိမှာ တရုတ်စူပါလိဂ် ထိပ်သီးကလပ် ရှန်ဟိုင်းSIPG အသင်းမှာ ပါဝင်ကစားလို့နေပြီး တရုတ်မှာ သူရဲဲ့ကစားသမားဘဝကို မကျင်လည်ခင်တုန်းက ချယ်လ်ဆီးအသင်းမှာ ပရိသတ်အချစ်တော် ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ယူရိုပါလိဂ်ဖလားတွေကို ရယူနိုင်ခဲ့ပေမယ့်လည်း ၂၀၁၆ခုနှစ်မှာပဲ ရှန်ဟိုင်းSIPG အသင်းဆီကို ပြောင်းရွှေ့ကြေးပေါင်းများစွာနဲ့ အံ့အားသင့်စဖွယ် ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Twitter

၂၀၁၈ခုနှစ်မှာ ရှန်ဟိုင်းSIPG အသင်းနဲ့ တရုတ်စူပါလိဂ် အမှတ်ပေးဖယားကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ အော်စကာဟာ ဒီရက်ပိုင်းလေးအတွင်းမှာ သူရဲ့တွစ်တာပေါ်မှာ သူရဲ့ချယ်လ်ဆီးကစားသမားဘဝ အမှတ်တရဓါတ်ပုံတွေကို ပြန်လည်မျှဝေခဲ့ပြီး အဲ့ဒီဓါတ်ပုံတွေထဲမှာ လက်ရှိချယ်လ်ဆီးနည်းပြဖြစ်တဲ့ လမ်းပတ် အသင်းသားဟောင်း ဟာဇက်နဲ့ လက်ရှိအသင်းမှာ ကစားနေသေးတဲ့ တစ်နိုင်ငံတည်းသား ဝီလီယံတို့ရဲ့အမှတ်တရပုံတွေလည်း ပါဝင်လို့နေပါတယ်။ အော်စကာဟာ ဒီပုံတွေရဲ့အပေါ်မှာ “ဒီအခိုက်အတန့်တွေကို သင်တို့ မှတ်မိကြသေးလား” လို့ ရေးသားထားခဲ့တာကြောင့် ဒါဟာ ချယ်လ်ဆီးပရိသတ်တွေကို လှုပ်ခတ်သွားစေခဲ့ရပြီး အော်စကာကို အသင်းဆီ ပြန်လာခဲ့ဖို့ပါ ဝိုင်းဝန်းတောင်းဆိုလာခဲ့ကြပါတယ်။ အဆိုပါ ဓါတ်ပုံရဲ့အောက်မှာ ချယ်လ်ဆီးပရိသတ်တွေက “တစ်ခါအပြာရောင် ဖြစ်ခဲ့ဖူးတာနဲ့ မင်းက ထာဝရ အပြာရောင်ပါပဲ။ ငါတို့ဆီ ပြန်လာခဲ့ပါ ညီအစ်ကိုရာ” “ငါတို့တွေ မင်းကိုလိုအပ်တယ်။ အိမ်ကိုပြန်လာခဲ့ပါ” “ငါတို့မင်းကို အမြဲတမ်းကြိုဆိုနေမှာပါ” အစရှိတဲ့ တောင်းဆိုမှုတွေနဲ့ အော်စကာကို အသင်းဆီ ပြန်လာခဲဲ့ဖို့ ဝိုင်းဝန်းတောင်းဆိုထားခဲ့ကြပါတယ်။