MySport Myanmar

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားသမားသစ်တွေကို စာရင်းသွင်းဖို့ ခေါင်းခဲရနိုင်တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းကတော့ အခု ဆောင်းဈေးကွက်ထဲမှာ ကစားသမားများစွာ ခေါ်ယူထားခဲ့ပြီး ဒီရက်ပိုင်းလေးမှာပဲ ယူကရိန်းကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမား မာဒရစ်ခ်ကိုပါ ထပ်မံ ခေါ်ယူထားခဲ့ပေမဲ့ ဒီကစားသမားသစ်တွေကို ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ကစားသမား စာရင်းသွင်းဖို့က ခက်ခဲရဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးက အခုဈေးကွက်ထဲမှာ ဂျာအိုဖီးလစ် ဒေးဗစ်ဒါထရိုဖိုဖာနာ ဘန်နွိုက်ဘာဒီအက်ရှီလီနဲ့ အန်ဒရေဆန်းတို့စ်တို့အပြင် မာဒရစ်ခ်ကိုပါ ခေါ်ယူအားဖြည့်ထားခဲ့ပြီး ကစားသမား ခေါ်ယူမှုအရ အားရစရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအရ ပြည်ပကစားသမား အရေအတွက် စုစုပေါင်း (၁၇)ဦးထက် မပိုစေရလို့ ထုတ်ပြန်ထားတာဖြစ်လို့ ချယ်လ်ဆီးအသင်းအနေနဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေထဲကမှ မာဒရစ်ခ် ဖီးလစ်နဲ့ ဘာဒီအက်ရှီလီတို့ကို စာရင်းသွင်းလာနိုင်တဲ့အတွက် ယခင် စာရင်းသွင်းပြီးသား ကစားသမားတွေထဲကမှ (၃)ဦးကို ဖယ်ရှားရဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

တကယ်လို့ ဒီကစားသမားသစ်(၃)ဦးကို ထည့်သွင်းလာမယ်ဆိုရင် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေအတွင်း စာရင်းသွင်းထားတဲ့ ကစားသမားတွေထဲမှာ non-homegrown players တွေဖြစ်တဲ့ မန်ဒီ ကယ်ပါ ဘတ်တင်နယ်လီ သီယာဂိုဆေးလ်ဗား ကူလီဘလီ အက်ဇ်ပီလီကွယ်တာ ကူကူရယ်လာ ဝက်စလေဖိုဖာနာ ဂျော်ဂျင်ဟို ကန်တေ ကိုဗာဆစ် ပူလီဆစ် ဇာကာရီယာ ဇီယက်ရှ် အူဘာမီယန်း ဟာဗက်ဇ် ဘရိုဟာတို့ထဲက (၃)ဦးကို ထုတ်ပယ်ရနိုင်ပါတယ်။ လက်ရှိမှာ ဒဏ်ရာပြသာနာတွေနဲ့ ကာလရှည်ကြာ အနားယူနေရတဲ့ ကွင်းလယ်လူ အန်ဂိုလိုကန်တေ တိုက်စစ်ကစားသမား အမန်ဒိုဘရိုဟာတို့ကို ချန်ပီယံလိဂ် ကစားသမားစာရင်းကနေ ထုတ်ပယ်ထားနိုင်ပြီး ကစားသမားသစ်တွေနဲ့ အစားထိုးနိုင်ပေမဲ့ ချယ်လ်ဆီးဘက်က မာဒရစ်ခ်ကို ခေါ်ယူထားပြီးချိန်မှာတောင် ကစားသမား အဝယ်စာရင်းကို မပိတ်သေးတာဖြစ်လို့ တကယ်လို့ ကစားသမားစဟ်တွေ ထပ်ရောက်လာဦးမယ်ဆိုရင်တော့ ချန်ပီယံလိဂ် ကစားသမားစာရင်းအတွက် ပိုပြီးတော့ကို ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။ ချယ်လ်ဆီးဟာ လက်ရှိမှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်လူ မွိုက်စ်ကိုင်စီဒိုနဲ့ တိုက်စစ်ကစားသမား လီယိုနာဒိုထရိုဆက်ဒ်တို့ကိုပါ ဆက်လက် ပစ်မှတ်ထားလျက် ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမဲ့ ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှာပဲ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်ကို စတင် ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version