MySport Myanmar

ဂျီရိုနာအသင်းရဲ့ ယူကရိန်း တိုက်စစ်မှူးကို မျက်စိကျနေပြန်တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ စပိန် လာလီဂါ ကလပ်အသင်း ဂျီရိုနာရဲ့ ယူကရိန်း လက်ရွေးစင် တိုက်စစ်မှူး အာသန် ဒေါ့ဗ်ဘစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ The Sun သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ဒီဇန်နဝါရီလထဲမှာ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဆင်နွဲမယ့် ဆီနီဂေါအသင်းအတွက် စေလွှတ်ပေးရတော့မှာ ဖြစ်တာကြောင့် တိုက်စစ်ပိုင်း အားနည်းမှု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : The Japan Times

ဒီအခြေအနေမှာ ချယ်လ်ဆီးက တိုက်စစ်ကစားသမား အများအပြားကို စောင့်ကြည့်လျက် ရှိလို့နေပြီး ဒီကစားသမားတွေထဲမှာ ဂျီရိုနာရဲ့ တိုက်စစ်မှူး ဒေါ့ဗ်ဘစ်ခ်ပါ ပါဝင်လာခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် ယူကရိန်း တိုက်စစ်မှူး ဒေါ့ဗ်ဘစ်ခ်ဟာ ဒီနွေမှ ဒီနီပရိုကနေ ဂျီရိုနာအသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ယူကရိန်းကလပ် ဒီနီပရို ၊ ဒိန်းမတ်ကလပ် မစ်ဂျေးလန်းတို့မှာ ကျင်လည်ခဲ့ဖူးတဲ့ တိုက်စစ်မှူး ဒေါ့ဗ်ဘစ်ခ်က သူရဲ့ လာလီဂါ ကစားသမားဘဝ ပွဲဦးထွက်မှာပဲ ဂျီရိုနာအသင်းအတွက် လာလီဂါ (၁၇)ပွဲ ကစားပြီးတဲ့နောက် (၁၁)ဂိုးအထိတောင် သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : The Semperinter

ဘယ်လင်ဟမ် မာယိုရယ်လ်တို့ရဲ့နောက် ဒီရာသီ လာလီဂါ ဂိုးသွင်းအများဆုံး တတိယနေရာမှာ ရပ်တည်ထားနိုင်တဲ့ ဒေါ့ဗ်ဘစ်ခ်ဟာ ဂျီရိုနာရဲ့ ဒီရာသီ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်နေပြီး သူရဲ့ လက်ရှိတန်ကြေးကတော့ ပေါင် (၃၉)သန်းလောက်အထိ ရှိနေပါတယ်။

အခုလို လာလီဂါမှာ တောက်ပလို့နေတဲ့ ဒေါ့ဗ်ဘစ်ခ်ကို ချယ်လ်ဆီးအသင်းက ဒီဆောင်းဈေးကွက်မှာပဲ ခေါ်ယူသွားဖို့ စီစဉ်နေပေမယ့်လည်း ဂျီရိုနာဘက်ကတော့ သူတို့ကစားသမားကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားချင်နေပါတယ်။

Exit mobile version