အန်တိုနီယိုရူဒီဂါ အန်ဒရီယပ်စ်ခရစ္စတန်ဆန်တို့လို center back တွေကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားခဲ့ရသလို နောက်ခံအစွန်လူတွေဖြစ်တဲ့ မားကို့စ်အလွန်ဆိုနဲ့ ဆီဇာအက်ဇ်ပီလီကွယ်တာတို့ကိုပါ လက်လွတ်ရနိုင်တဲ့ ချယ်လ်ဆီးအသင်းက ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဗဟိုခံစစ်ကစားသမား (၈)ယောက်အထိကို စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။

Jules Kounde heads an eight-man shortlist to solve Chelsea's defensive crisis

Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန်ကို ဘာစီလိုနာအသင်းဆီ လက်လွတ်ရတော့မှာဖြစ်ပြီး ဂျာမနီနောက်ခံလူ ရူဒီဂါကိုတော့ ရီးယဲလ်မက်ဒရစ်အသင်းဆီ လက်လွတ်ရတော့မှာဖြစ်လို့ သူတို့နေရာမှာ ပြန်အစားထိုးဖို့အတွက် ဗဟိုခံစစ်ကစားသမားတွေကို ပစ်မှတ်ထားလို့နေပြီး လတ်တလောမှာတော့ သူတို့အသင်းရဲ့ ပစ်မှတ်ဟောင်းဖြစ်သူ ဆီဗီလာ ခံစစ်ကစားသမား ခွန်ဒယ်ကို အရခေါ်ယူသွားဖို့ ကြိုးပမ်းလျက် ရှိနေတဲ့အပြင် လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံလူ ဂဗာဒီယို ဗီလာရီးယဲလ် နောက်ခံလူ ပါအူတောရက်စ် အသက်လက်တီကိုမက်ဒရစ် နောက်ခံလူ ယီမီနက်ဇ် လက်စတာ နောက်ခံလူ ဖိုဖာနာနဲ့ နာပိုလီ နောက်ခံလူ ကူလီဘလီတို့ကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

Chelsea target RB Leipzig defender Josko Gvardiol as a potential  replacement | Daily Mail Online

Photo Credit : Daily Mail

အသက်(၂၀)အရွှယ်ရှိ ခရိုအေးရှား နောက်ခံကစားသမား ဂဗာဒီယိုဟာ ဘယ်ခြေအားသန်တဲ့ ဗဟိုခံစစ်မှူးတစ်ဦးဖြစ်ပြီး ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့သွားတော့မယ့် ရူဒီဂါရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ပစ်မှတ်ထားခံနေရသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းက ခံစစ်ပိုင်းအတွက် ခွန်ဒယ်နဲ့ ဂဗာဒီယိုတို့ကိုသာ ဦးစားပေး  ပစ်မှတ်ထားနေသလို ဟတ်စ်ဒါဖီးလ်အသင်းဆီ အငှားချထားခဲ့တဲ့ လူငယ်နောက်ခံလူလေး လီဗိုင်းကောလ်ဝဲလ်ကိုပါ စီနီယာအသင်းကြီးမှာ နေရာပေးလာဖွယ် ရှိနေပါတယ်။ ဒီကစားသမားတွေအပြင် အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီတလီ နောက်ခံလူ ရိုမက်ဂ်နိုလီကိုလည်း ချယ်လ်ဆီးဘက်က စောင့်ကြည့်နေလျက် ရှိနေပြီး ကွင်းလယ်ပိုင်းအတွက်တော့ ပဲလေ့စ်ကနေ အငှားပြည့်လို့ အသင်းဆီ ပြန်ရောက်လာတော့မယ့် ဂလယ်ဟာကို နေရာပြန်ပေးဖါယ် ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းအတွက်ကိုတော့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ရာဟင်စတာလင်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေက ဖော်ပြထားခဲ့ပါတယ်။