ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမား ကာလီဒိုကူလီဘလီက သူ့အသင်းဟောင်း နာပိုလီကို ဒီနှစ်ဘောလုံးရာသီမှာ အီတလီ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးစေချင်ကြောင်းနဲ့ နာပိုလီသာ စီးရီးအေချန်ပီယံ ဖြစ်လာခဲ့မယ်ဆိုရင် သူ အလွန် ဝမ်းမြောက်မိမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

Photo Credit : The Athletic

ဆီနီဂေါလက်ရွေးစင် နောက်ခံကစားသမားကြီး ကူလီဘလီဟာ နာပိုလီအသင်းမှာ ၂၀၁၄ခုနှစ်ကတည်းက ပါဝင်ကစားလာခဲ့သူဖြစ်ပြီး ဒီနှစ်နွေရာသီမှာပဲ နာပိုလီကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ နာပိုလီနဲ့အတူ စီးရီးအေမှာ (၈)ရာသီအထိ ဖြတ်သန်းခဲ့တဲ့ ကူလီဘလီဟာ လက်ရှိမှာ ချယ်လ်ဆီးကို ရောက်ရှိနေပေမယ့် သူ့အသင်းဟောင်းအပေါ် သံယောဇဉ် ရှိနေသေးပြီး ဒီရာသီမှာလည်း နာပိုလီကို စီးရီးအေ ချန်ပီယံဆုကို ရရှိစေချင်နေပါတယ်။ သူ့အသင်းဟောင်း နာပိုလီနဲ့ ပတ်သတ်ပြီး ကူလီဘလီက “နာပိုလီက မယုံနိုင်လောက်စရာပုံစံနဲ့ ကစားနေခဲ့ပြီး အသင်းအားလုံးကို လွှမ်းမိုးထားနိုင်ခဲ့တယ်”

New signings: How Koulibaly will replace Rudiger

Photo Credit : Premier League

“သူတို့အသင်းကို တောင့်တင်းပြီး ကျစ်ကျစ်လစ်လစ် ပုံစံမျိုး ဖြစ်နေတာ မြင်နေရပါတယ်။ အဲ့လို ပုံစံကနေ စကူဒက်တို ချန်ပီယံ ဖြစ်လာမလားဆိုတာတော့ မျှော်လင့်ရပါတယ်” လို့ ပြောကြားလိုက်ပါတယ်။ လက်ရှိမှာလည်း နာပိုလီအသင်းဟာ စီးရီးအေပြိုင်ပွဲအတွင်း ပွဲစဉ်(၁၂)ပွဲ ကစားထားအပြီးမှာ (၁)ပွဲ အနိုင်ရထားခဲ့ပြီး (၂)ပွဲသရေ ကစားထားခဲ့သလို လုံးဝ ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပြီး ဒုတိယနေရာက အတ္တလန်တာအသင်းကိုလည်း (၅)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နာပိုလီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားထားခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲတစ်ပွဲတည်းကိုသာ ရှုံးနိမ့်ထားခဲ့ရပြီး လက်ကျန် ပွဲအားလုံးကို အနိုင်ရထားတာကြောင့် အုပ်စုပထမနေရာနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ကို တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ ဒီရာသီအတွင်း နာပိုလီအသင်းရဲ့ စီးရီးအေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ခုအတွင်း သွင်းယူထားနိုင်တဲ့ သွင်းဂိုးပမာဏဟာလည်း ဂိုး(၅၀)အထိကို ရှိနေရပြီး (၁၈)ပွဲအတွင်း ပေးဂိုး (၁၅)ဂိုးသာ ခွင့်ပြုထားခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ ရှိနေတဲ့ နာပိုလီအသင်းအနေနဲ့ ၁၉၈၉-၁၉၉၀ ဘောလုံးရာသီနောက်ပိုင်း စီးရီးအေချန်ပီယံဆုကို ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ဖို့ နာပိုလီ ကစားသမားဟောင်း ကူလီဘလီက မျှော်လင့်လျက် ရှိနေပါတယ်။