အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဇ်ဆွာရက်ဇ်ရဲ့ အသက်အရွှယ်ကြီးရင့်လာမှုကြောင့်ရော မကြာခဏ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းရဲ့လူငယ်တိုက်စစ်ကစားသမားလေး ဒမ်ဘီလီတို့ကြောင့် တိုက်စစ်ကစားသမားတစ်ယောက်ကို ရှာဖွေလို့နေတဲ့ ဘာစီလိုနာအသင်းဟာ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးလေး လော်သာရိုမာတီနက်ဇ်ကို အဓိကပစ်မှတ်ထားလို့နေပြီး အခုဆိုရင်တော့ ဒီကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ Sport သတင်းစာရဲ့မျက်နှာဖုံးသတင်းမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Image

ဒီအသက်(၂၂)နှစ်အရွှယ် တိုက််စစ်ကစားသမားလေးကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းအပြင် မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး ရီးရဲလ်မက်ဒရစ်အသင်းတို့ကနေလည်း အပြိုင်စိတ်ဝင်စားနေလျက်ရှိပြီး ဘာစီလိုနာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကတော့ မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံးအသင်းတွေအဖြစ်ရှိနေကာ လက်ရှိမှာ ဘာစီလိုနာအသင်းက ကစားသမားနဲ့ Personal ပိုင်းကို သဘောတူညီမှုရယူထားနိုင်ခဲ့လို့ အင်တာနဲ့ဘာစီလိုနာအသင်းတို့ကြားမှာ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ပဲပတ်သက်ပြီး ဆွေးနွေးရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Image

မာတီနက်ဇ်နဲ့ အင်တာမီလန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်တွေအရ လာမယ့်ဇူလိုင်လ ၁ရက်နေ့ကနေ ၁၅ရက်နေ့အထိကို မာတီနက်ဇ်ရဲ့ ပေါင်သန်း(၁၀၀)တန် စာချုပ်လျော်ကြေးတန်ဖိုးက စတင်သက်ရောက်မှာဖြစ်ပြီး အဲ့ဒီ(၂)ပတ်ကာလအတွင်းမှာ မာတီနက်ဇ်ကို စိတ်ဝင်စားနေတဲ့အသင်းကနေ ဒီလျော်ကြေးတန်ဖိုးနဲ့ ကမ်းလှမ်းနိုင်မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းကို အမာကျောဆုံးပုံစံရအောင် ပြန်လည်ပြင်ဆင်ဖို့အတွက် မာတီနက်ဇ်အပြင် သူတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်းနေမာကိုလည်း ပီအက်စ်ဂျီအသင်းကနေ ပြန်လည်ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလို့နေပြီး ဒီနှစ်ဘောလုံးရာသီကမှ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီယိုဂရစ်ဇ်မန်းကိုပါ ပြန်လည်ရောင်းချဖွယ်ရှိနေပါတယ်။ အခု ဘာစီလိုနာနဲ့ သတင်းထွက်နေတဲ့ မာတီနက်ဇ်ကတော့ သူရဲ့အိုင်ဒေါမက်ဆီနဲ့တွဲကစားမယ့် အခွင့်အရေးအတွက် အရမ်းကို ဝမ်းမြောက်နေတယ်လို့ သိရပါတယ်။