ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ ဂိုးသမားတစ္ဦးျဖစ္သူ ေကာ္တိုအာရဲ႕လက္စြမ္းကေတာ့ ေတာ္ေတာ္ေလးကို စိတ္ပ်က္စရာျဖစ္လာခ့ဲၿပီး လက္ရွိအခ်ိန္မွာေတာ့ ပရိသတ္ေတြက ေကာ္တုိအာရဲ႕ အခ်က္အလက္မွတ္တမ္းေတြကို ေလွာင္ေျပာင္ေနၾကၿပီျဖစ္ပါတယ္။ အသက္ (၂၇) ႏွစ္အရြယ္ ေကာ္တုိအာအေနနဲ႔ လက္ရွိကစားၿပီးခ့ဲတ့ဲ (၅) ပြဲမွာ (၃၁၅) မိနစ္ပါဝင္ကစားၿပီး ေပးဂုိး (၈) ဂုိးအထိ ခြင့္ျပဳခ့ဲရတ့ဲေနာက္ သူပါဝင္ကစားခ့ဲတ့ဲ (၃၉) မိနစ္တိုင္းမွာ တစ္ဂိုးႏႈန္းေပးေနရတယ္ဆုိတ့ဲ မွတ္တမ္းတစ္ရပ္ကို ရရွိသြားခ့ဲၿပီျဖစ္ပါတယ္။

Photo Credit : Getty Images

လက္ရွိရာသီႀကိဳေျခစမ္းပြဲမ်ားကစားေနတ့ဲ ရီးရဲယ္မက္ဒရစ္အသင္းကလည္း ရလဒ္ဆုိးမ်ားနဲ႔ ရင္ဆုိင္ေနရၿပီး ေနာက္ဆံုးကစားခ့ဲတ့ဲ ရိုးမားအသင္းနဲ႔ပြဲစဥ္မွာ ႏွစ္ဂုိးစီသေရက်ခ့ဲသလို ေနာက္ဆံုးကစားခ့ဲတ့ဲ (၇) ပဲြမွာ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုမက္ဒရစ္အသင္းကို ၇-၃ ဂုိးနဲ႔ရံႈးနိမ့္ခ့ဲတ့ဲပြဲအပါအဝင္ (၃) ပြဲအထိ ရံႈးနိမ့္ခ့ဲၿပီးျဖစ္ပါတယ္။ ဒီလိုမ်ိဳးရလဒ္ဆုိးေတြၾကားထဲမွာ ၿပီးခ့ဲတ့ဲေႏြရာသီက ခ်ဲလ္ဆီးအသင္းကေန ေခၚယူထားတ့ဲ ဂိုးသမားေကာ္တိုအာရဲ႕ လက္စြမ္းအေပၚမွာလည္း ေဝဖန္မႈေတြထြက္ေပၚလာခ့ဲၿပီး အခ်က္အလက္ကြ်မ္းက်င္သူမ်ားက ေကာ္တိုအာရဲ႕ ဆုိးရြားတ့ဲစြမ္းေဆာင္ရည္ေတြကုိ ေဖာ္ထုတ္ေဝဖန္ခ့ဲၾကကာ ပရိသတ္မ်ားကလည္း ဆုိရွယ္မီဒီယာေပၚမွတစ္ဆင့္ ေကာ္တုိအာကို ေလွာင္ေျပာင္လ်က္ရွိေနၿပီျဖစ္ပါတယ္။

Photo Credit : Getty Images

ရီးရဲယ္မက္ဒရစ္အသင္းနည္းျပဇီဒန္းဟာ ေကာ္တိုအာထက္ ဂုိးသမားနာဗက္စ္ကိုသာ ဦးစားေပးအသံုးျပဳဖုိ႔ဆႏၵရွိခ့ဲသူတစ္ေယာက္ျဖစ္ေပမယ့္ ေနာက္ပုိင္းမွာေတာ့ ရီးရဲယ္မက္ဒရစ္အသင္းတာဝန္ရွိသူမ်ားနဲ႔ ေဆြးေႏြးၿပီး နာဗက္စ္ကိုအရံခံုမွာပဲထားကာ ေကာ္တိုအာကုိ ပြဲထြက္ဂုိးသမားအျဖစ္ ဦးစားေပးအသံုးျပဳဖို႔ ဆံုးျဖတ္ခ်က္ခ်မွတ္ခ့ဲရပါတယ္။ ေကာ္တိုအာဟာ ခ်ဲလ္ဆီးအသင္းကေန ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၃၀) နဲ႔ ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတ့ဲ ဂုိးသမားတစ္ဦးျဖစ္ၿပီး ၿပီးခ့ဲတ့ဲရာသီ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕က်ရံႈးခန္းမွာလည္း တရားခံတစ္ဦးျဖစ္ခ့ဲကာ ေပးဂိုးႏႈန္းျမင့္မားေနတ့ဲ သူ႔ရဲ႕လက္စြမ္းေတြနဲ႔ ပတ္သက္လို႔ အၿမဲတမ္းလိုလိုေဝဖန္မႈေတြနဲ႔႔ ရင္ဆုိင္ခ့ဲရတာလည္းျဖစ္ပါတယ္။

Photo Credit : Getty Images

ခ်ဲလ္ဆီးအသင္းက ထြက္ခြာခ့ဲတ့ဲအျပင္ လက္ရွိရီးရဲယ္မက္ဒရစ္အသင္းကို ေရာက္ရွိလာၿပီျဖစ္တ့ဲ ဟာဇက္ကိုလည္း ခ်ဲလ္ဆီးအသင္းမွာရွိေနစဥ္က ရီးရဲယ္မက္ဒရစ္အသင္းကို လာေရာက္ကစားဖုိ႔ မၾကာခဏဖိတ္ေခၚမႈေတြ ျပဳလုပ္ခ့ဲတာေၾကာင့္ ခ်ဲလ္ဆီးပရိသတ္မ်ားရဲ႕ အမ်က္ေဒါသနဲ႔ ရင္ဆုိင္ခ့ဲရတ့ဲ ေကာ္တိုအာကုိ ပရိသတ္တစ္ဦးက “(၅) ပြဲမွာ (၈) ဂုိးဟုတ္လား။ ေကာ္တိုအာကို ေက်ာနံပါတ္ (၇) ေပးဝတ္လိုက္ပါ။ ေရာ္နယ္ဒိုေနရာအစားထုိးဝင္ေရာက္ႏုိင္တာ သူပဲရွိေတာ့တယ္။” ဟု ဟာသလုပ္ေလွာင္ေျပာင္ခ့ဲသလုိ အျခားေသာပရိသတ္တစ္ဦးကလည္း “သူက ရီးရဲယ္မက္ဒရစ္ကုိ စေရာက္တည္းက လက္စြမ္းပိုင္းဆုိးရြားေနၿပီး သူ႔အတြက္ ခက္ခဲၾကမ္းတမ္းတ့ဲ ႏွစ္တစ္ႏွစ္ျဖစ္ခ့ဲပါတယ္။” ဟု တြစ္တာေပၚမွတစ္ဆင့္ ေဝဖန္မႈျပဳလုပ္ခ့ဲပါတယ္။ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ေျမြေတြက လက္မပါပါဘူး။” ဟု အရပ္အေမာင္းျမင့္မားတ့ဲ ေကာ္တုိအာကို ေျမြတစ္ေကာင္အျဖစ္ ရည္ရြယ္ေလွာင္ေျပာင္ခ့ဲပါတယ္။ ေကာ္တိုအာကိုယ္တိုင္ကလည္း ရိုးမားအသင္းနဲ႔ပြဲအၿပီးမွာ “လြယ္ကူတ့ဲပြဲတစ္ပဲြမဟုတ္ခ့ဲပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ ဒီထက္ပိုေကာင္းေအာင္ ေဆာင္ရြက္ရမွာျဖစ္ၿပီး လာမယ့္လာလီဂါအဖြင့္ပြဲစဥ္အတြက္ အာရံုစိုက္ထားပါတယ္။” ဟုလည္း ဖြင့္ဟေျပာၾကားသြားခ့ဲေၾကာင္း သိရွိရပါတယ္။

(Unicode)

ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်သူ ကော်တိုအာရဲ့လက်စွမ်းကတော့ တော်တော်လေးကို စိတ်ပျက်စရာဖြစ်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ ပရိသတ်တွေက ကော်တိုအာရဲ့ အချက်အလက်မှတ်တမ်းတွေကို လှောင်ပြောင်နေကြပြီဖြစ်ပါတယ်။ အသက် (၂၇) နှစ်အရွယ် ကော်တိုအာအနေနဲ့ လက်ရှိကစားပြီးခဲ့တဲ့ (၅) ပွဲမှာ (၃၁၅) မိနစ်ပါဝင်ကစားပြီး ပေးဂိုး (၈) ဂိုးအထိ ခွင့်ပြုခဲ့ရတဲ့နောက် သူပါဝင်ကစားခဲ့တဲ့ (၃၉) မိနစ်တိုင်းမှာ တစ်ဂိုးနှုန်းပေးနေရတယ်ဆိုတဲ့ မှတ်တမ်းတစ်ရပ်ကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Getty Images

လက်ရှိရာသီကြိုခြေစမ်းပွဲများကစားနေတဲ့ ရီးရဲယ်မက်ဒရစ်အသင်းကလည်း ရလဒ်ဆိုးများနဲ့ ရင်ဆိုင်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုးစီသရေကျခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ (၇) ပွဲမှာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းကို ရ-၃ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပါအဝင် (၃) ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုမျိုးရလဒ်ဆိုးတွေကြားထဲမှာ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးအသင်းကနေ ခေါ်ယူထားတဲ့ ဂိုးသမားကော်တိုအာရဲ့ လက်စွမ်းအပေါ်မှာလည်း ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပြီး အချက်အလက်ကျွမ်းကျင်သူများက ကော်တိုအာရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေကို ဖော်ထုတ်ဝေဖန်ခဲ့ကြကာ ပရိသတ်များကလည်း ဆိုရှယ်မီဒီယာပေါ်မှတစ်ဆင့် ကော်တိုအာကို လှောင်ပြောင်လျက်ရှိနေပြီဖြစ်ပါတယ်။

Photo Credit : Getty Images

ရီးရဲယ်မက်ဒရစ်အသင်းနည်းပြဇီဒန်းဟာ ကော်တိုအာထက် ဂိုးသမားနာဗက်စ်ကိုသာ ဦးစားပေးအသုံးပြုဖို့ဆန္ဒရှိခဲ့သူတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ရီးရဲယ်မက်ဒရစ်အသင်းတာဝန်ရှိသူများနဲ့ ဆွေးနွေးပြီး နာဗက်စ်ကိုအရံခုံမှာပဲထားကာ ကော်တိုအာကို ပွဲထွက်ဂိုးသမားအဖြစ် ဦးစားပေးအသုံးပြုဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရပါတယ်။ ကော်တိုအာဟာ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေးပေါင်သန်း (၃၀) နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ကျရှုံးခန်းမှာလည်း တရားခံတစ်ဦးဖြစ်ခဲ့ကာ ပေးဂိုးနှုန်းမြင့်မားနေတဲ့ သူ့ရဲ့လက်စွမ်းတွေနဲ့ ပတ်သက်လို့ အမြဲတမ်းလိုလိုဝေဖန်မှုတွေနဲ့့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

Photo Credit : Getty Images

ချဲလ်ဆီးအသင်းက ထွက်ခွာခဲ့တဲ့အပြင် လက်ရှိရီးရဲယ်မက်ဒရစ်အသင်းကို ရောက်ရှိလာပြီဖြစ်တဲ့ ဟာဇက်ကိုလည်း ချဲလ်ဆီးအသင်းမှာရှိနေစဉ်က ရီးရဲယ်မက်ဒရစ်အသင်းကို လာရောက်ကစားဖို့ မကြာခဏဖိတ်ခေါ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်များရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကော်တိုအာကို ပရိသတ်တစ်ဦးက “(၅) ပွဲမှာ (၈) ဂိုးဟုတ်လား။ ကော်တိုအာကို ကျောနံပါတ် (၇) ပေးဝတ်လိုက်ပါ။ ရော်နယ်ဒိုနေရာအစားထိုးဝင်ရောက်နိုင်တာ သူပဲရှိတော့တယ်။” ဟု ဟာသလုပ်လှောင်ပြောင်ခဲ့သလို အခြားသောပရိသတ်တစ်ဦးကလည်း “သူက ရီးရဲယ်မက်ဒရစ်ကို စရောက်တည်းက လက်စွမ်းပိုင်းဆိုးရွားနေပြီး သူ့အတွက် ခက်ခဲကြမ်းတမ်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။” ဟု တွစ်တာပေါ်မှတစ်ဆင့် ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကလည်း “မြွေတွေက လက်မပါပါဘူး။” ဟု အရပ်အမောင်းမြင့်မားတဲ့ ကော်တိုအာကို မြွေတစ်ကောင်အဖြစ် ရည်ရွယ်လှောင်ပြောင်ခဲ့ပါတယ်။ ကော်တိုအာကိုယ်တိုင်ကလည်း ရိုးမားအသင်းနဲ့ပွဲအပြီးမှာ “လွယ်ကူတဲ့ပွဲတစ်ပွဲမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် ဆောင်ရွက်ရမှာဖြစ်ပြီး လာမယ့်လာလီဂါအဖွင့်ပွဲစဉ်အတွက် အာရုံစိုက်ထားပါတယ်။” ဟုလည်း ဖွင့်ဟပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။