ချယ်လ်ဆီးအသင်းဟာ ဆော်ဒီပရိုလိဂ်မှာ မပျော်မရွှင် ဖြစ်နေလို့ အင်္ဂလန်ဆီ ပြန်လာချင်နေတဲ့ အယ်လ်အစ်တီဖာ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် အင်္ဂလန် ဝါရင့် ကွင်းလယ်ကစားသမားကြီး ဟန်ဒါဆန်ဟာ ဒီနွေမှာပဲ လီဗာပူးလ်အသင်းကနေ အသင်းဖော်ဟောင်းကြီး နည်းပြ ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် (၁၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Goal

ဟန်ဒါဆန်က အယ်လ်အစ်တီဖာအသင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး အသင်းမှာလည်း တစ်ပတ်လုပ်ခကို ပေါင် (၇၀၀၀၀၀) လောက်အထိ ရရှိနေပေမယ့်လည်း ဟန်ဒါဆန် ကိုယ်တိုင်ကတော့ ဆော်ဒီလိဂ်မှာ မပျော်ရွှင်တော့ပဲ အခု ဆောင်းဈေးကွက်ထဲ အင်္ဂလန်ဆီ ပြန်သွားချင်နေပါတယ်။

လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာတဲ့အထိ ကျင်လည်ခဲ့ဖူးတဲ့ ဟန်ဒါဆန်ကို ပရီးမီးယားလိဂ် အသင်းတချို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားနေသလို ဒီအသင်းထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : BNN Breaking

ချယ်လ်ဆီးက ဒီနောက်ပိုင်းမှာ လူငယ် ကစားသမားတွေကိုသာ ခေါ်ယူ ဖြည့်တင်းလေ့ ရှိပေမယ့်လည်း ဟန်ဒါဆန်လို ပရီးမီးယားလိဂ်မှာ အတွေ့အကြုံတွေ များစွာ ကြွယ်ဝနေတဲ့ ဝါရင့် ကွင်းလယ်လူ တစ်ဦးကိုလည်း ခေါ်ဆောင်သွားချင်နေပါတယ်။

ဒီအပြောင်းအရွှေ့က ကော်နာ ဂယ်လက်ဂါရဲ့ အနာဂတ်နဲ့ တိုက်ရိုက် ပတ်သက်မှု ရှိလာနိုင်ပြီး တကယ်လို့ ဟန်ဒါဆန်သာ အသင်းကို ရောက်လာခဲ့မယ်ဆိုရင်တော့ ဂယ်လက်ဂါကို အသင်းကနေ သေချာပေါက် ရောင်းထုတ်သွားဖွယ်လည်း ရှိလာနိုင်ပါတယ်။