လက္ရွိမွာ စီးရီးေအကလပ္ အင္တာမီလန္အသင္းကို ကိုင္တြယ္ေနကာ အသင္းကို တစ္ေက်ာ့ျပန္စီးရီးေအခ်န္ပီယံဆုကို ရရွိဖို႔အတြက္ ႀကိဳးစားေနတဲ့ နည္းျပကြန္တီဟာ ခ်ယ္လ္ဆီးအသင္းကေန ထြက္ခြာခ်ိန္မွာ ေလ်ာ္ေၾကးေငြဘယ္ေလာက္အထိ ရရွိခဲ့သလဲဆိုတာကို ယခု အခ်ိန္မွာေတာ့ သိရွိခဲ့ရၿပီလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

ကြန္တီဟာ ၂၀၁၆-၂၀၁၇ ေဘာလုံးရာသီနဲ႔ ၂၀၁၇-၂၀၁၈ေဘာလုံးရာသီ ႏွစ္ရာသီမွာ ခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္ခဲ့သူျဖစ္ၿပီး အသင္းအတြက္ ပရီးမီးယားလိဂ္ဖလားတစ္လုံးနဲ႔ အက္ဖ္ေအဖလားတစ္လုံးတို႔ကို ရယူေပးနိုင္ခဲ့သူပါ။ ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၈ ဇူလိုင္လမွာ နာပိုလီအသင္းရဲ့နည္းၿပ ဆာရီကို အသင္းထံေခၚယူဖို႔အတြက္ ကြန္တီနဲ႔ သူ႔ရဲ့ နည္းျပအဖြဲ႕ဝင္ေတြကို ထုတ္ပယ္ခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၈-၂၀၁၉ ေဘာလုံးရာသီအတြက္ အသင္းရဲ့ ေငြစာရင္းရွင္းတမ္းကို ထုတ္ျပန္ေၾကညာခဲ့ရမွာေတာ့ ကြန္တီကို ေလ်ာ္ေၾကးေငြအျဖစ္ ဘယ္ေလာက္ ေပးခဲ့ရသလဲဆိုတာ ပါဝင္ခဲ့ၿပီး ခ်ယ္လ္ဆီးဟာ ကြန္တီကို ထုတ္ပယ္ဖို႔အတြက္ ေပါင္၂၆.၆သန္းအထိ ကုန္က်ခဲ့တယ္လို႔ သိရပါတယ္။

Photo Credit: Express.com

ကြန္တီကို ထုတ္ပယ္ခဲ့မွုအျပင္ အျခားေနရာေတြမွာပါ ေငြေၾကးကုန္က်မွုေတြရွိခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ရဲ့ အသင္းမွာ ေပါင္၂၄၇သန္းအထိ ရင္းႏွီးျမႇုပ္ႏွံေငြကို ရခဲ့ေပမယ့္ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ေပါင္၉၆.၆သန္းအထိ အရွုံးေပၚခဲ့တာျဖစ္တယ္လို႔လည္း လန္ဒန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားခဲ့ၾကပါတယ္။

လက်ရှိမှာ စီးရီးအေကလပ် အင်တာမီလန်အသင်းကို ကိုင်တွယ်နေကာ အသင်းကို တစ်ကျော့ပြန်စီးရီးအေချန်ပီယံဆုကို ရရှိဖို့အတွက် ကြိုးစားနေတဲ့ နည်းပြကွန်တီဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာချိန်မှာ လျော်ကြေးငွေဘယ်လောက်အထိ ရရှိခဲ့သလဲဆိုတာကို ယခု အချိန်မှာတော့ သိရှိခဲ့ရပြီလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

ကွန်တီဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီနဲ့ ၂၀၁၇-၂၀၁၈ဘောလုံးရာသီ နှစ်ရာသီမှာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဖလားတစ်လုံးနဲ့ အက်ဖ်အေဖလားတစ်လုံးတို့ကို ရယူပေးနိုင်ခဲ့သူပါ။ ချယ်လ်ဆီးအသင်းဟာ ၂၀၁၈ ဇူလိုင်လမှာ နာပိုလီအသင်းရဲ့နည်းပြ ဆာရီကို အသင်းထံခေါ်ယူဖို့အတွက် ကွန်တီနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေကို ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

ချယ်လ်ဆီးအသင်းဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအတွက် အသင်းရဲ့ ငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်ကြေညာခဲ့ရမှာတော့ ကွန်တီကို လျော်ကြေးငွေအဖြစ် ဘယ်လောက် ပေးခဲ့ရသလဲဆိုတာ ပါဝင်ခဲ့ပြီး ချယ်လ်ဆီးဟာ ကွန်တီကို ထုတ်ပယ်ဖို့အတွက် ပေါင်၂၆.၆သန်းအထိ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Express.com

ကွန်တီကို ထုတ်ပယ်ခဲ့မှုအပြင် အခြားနေရာတွေမှာပါ ငွေကြေးကုန်ကျမှုတွေရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ အသင်းမှာ ပေါင်၂၄၇သန်းအထိ ရင်းနှီးမြှုပ်နှံငွေကို ရခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပေါင်၉၆.၆သန်းအထိ အရှုံးပေါ်ခဲ့တာဖြစ်တယ်လို့လည်း လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။