ချယ်လ်ဆီးအသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာအသင်းကသာ ရာဖင်ညာကို ရရှိဖို့ အခြေအနေကောင်းနေတာကြောင့် ချယ်လ်ဆီးအနေနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဂျာမနီ တောင်ပံကစားသမား ဆာ့ချ်ဂနာဘရီသာ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တယ်လို့ Sportsmail ကနေ ဖော်ပြလာခဲ့ပါတယ်။

Raphinha to complete €71m Barca transfer with Chelsea set to miss out on  Leeds winger | Goal.com Singapore

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေဈေးကွက်ထဲမှာ လူကာကူကို သူရဲ့အသင်းဟောင်း အင်တာမီလန်အသင်းဆီ ပြန်လည်ပို့ဆောင်ထားရသလို ဟာကင်ဇီယာ့ရှ်ကလည်း အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်လာခဲ့တာကြောင့် တိုက်စစ်ပိုင်း ပြန်လည်အားဖြည့်ဖို့အတွက် မန်စီးတီးကစားသမား ရာဟင်စတာလင်ကို ခေါ်ယူထားနိုင်ခဲ့သလို လိဒ်စ် တောင်ပံကစားသမား ရာဖင်ညာကိုပါ ခေါ်ယူဖို့ ထပ်မံကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာဖင်ညာကို ဘာစီလိုနာက ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာသလို ကစားသမားကိုယ်တိုင် ဘာစီလိုနာကိုသာ ပြောင်းရွှေ့ချင်နေတဲ့အတွက် ချယ်လ်ဆီးဘက်က ရာဖင်ညာထက် ဂနာဘရီကိုသာ စိတ်ဝင်စားလာခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Serge Gnabry to Arsenal transfer latest: 'Meeting' planned, £34m price tag,  contract demands - football.london

Photo Credit : Football London

အသက်(၂၆)နှစ်အရွယ် ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ဂနာဘရီဟာ အာဆင်နယ်အသင်းမှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရပေမယ့်လည်း ပွဲအနည်းငယ်လေးသာ ကစားခဲ့ရပြီးနောက် ဝါဒါဘရီမင်အသင်းဆီ ရောင်းချခံခဲ့ရပါတယ်။ ဒါပေမယ့် ဂနာဘရီက ဝါဒါဘရီမင်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ်အသင်းဆီ ထပ်မံရောက်ရှိခဲ့ရပါတယ်။ လက်ရှိမှာတော့ ဂနာဘရီဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့သလို အသင်းမှာကလည်း ဆာနေး ကိုးမန်းတို့အပြင် ဆာဒီယိုမာနေးပါ ရောက်ရှိလာခဲ့တဲ့အတွက် သူရဲ့ ပွဲကစားခွင့်တွေ နည်းပါးလာမှာကို စိုးရိမ်နေရတဲ့အပြင် အသင်းအပြောင်းအလဲပါ လုပ်ဆောင်ချင်လာခဲ့ပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်လာခဲ့တဲ့ ဂနာဘရီကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်စီးတီး လီဗာပူးလ် မန်ယူ ဂနာဘရီ အသင်းဟောင်း အာဆင်နယ်တို့အပြင် အခုလက်ရှိမှာလည်း ချယ်လ်ဆီးအသင်းပါ စိတ်ဝင်စားလာခဲ့ပါတယ်။ ဘိုင်ယန်ဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်(၄၅)သန်းအထိ သတ်မှတ်ထားပြီး ဂနာဘရီကလည်း သူမအောင်မြင်ခဲ့တဲ့ အင်္ဂလန်မြေကို ပြန်လည်ရောက်လာပြီး ခြေစွမ်းတွေ ပြသဖို့ ဆန္ဒရှိနေတဲ့အတွက် ဘိုင်ယန်ကနေ ပရီးမီးယားလိဂ် အသင်းတစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။