အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းသွားဖို့ စီစဉ်နေတဲ့ ချယ်လ်ဆီးဟာ ဘာစီလိုနာ တိုက်စစ်ကစားသမား အူဘာမီယန်းကို ခေါ်ယူရန် ကြန့်ကြာနေမှုကြောင့် ခရစ္စတယ်ပဲလေ့စ်ရဲ့ အဓိက ကစားသမား ဇာဟာကိုသာ ပြောင်းလဲ စိတ်ဝင်စားလာခဲ့ပြီး ဈေးကွက်မပိတ်ခင်လေးမှာ late bid ကမ်းလှမ်းမှုတစ်ခု လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Crystal Palace star Wilfried Zaha has emerged a a late summer transfer target for Chelsea

Photo Credit : Daily Mail

လူကာကူ ဗာနာတို့ကို အသင်းကနေ ရှင်းထုတ်ထားပြီး ဇီယက်ရှ်ကိုပါ လက်လွတ်သွားရဖွယ် ရှိနေတဲ့ ချယ်လ်ဆီးက အသင်းတိုက်စစ်ပိုင်းအတွက် ရာဟင်စတာလင်ကိုသာ ပြန်လည် အားဖြည့်ထားခဲ့တာဖြစ်လို့ အနည်းဆုံး အထောင်တိုက်စစ်အတွက် ကစားသမားတစ်ဦးခန့် လိုအပ်နေပါတယ်။ ဒီနေရာအတွက်ကိုလည်း အာဆင်နယ် ကစားသမားဟောင်း အူဘာမီယန်းနဲ့ ဖြည့်တင်းသွားဖို့ ကြိုးပမ်းခဲ့ပေမယ့် ဈေးကွက်ပိတ်ခါနီးထိ done deal မဖြစ်နိုင်သေးတာကြောင့် ချယ်လ်ဆီးဘက်က အူဘာထက် ဇာဟာကို ပြောင်းလဲ ပစ်မှတ်ထား ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။

The Ivorian winger has scored three goals in three matches so far this season for the Eagles

Photo Credit : Daily Mail

ဒီနှစ်ဘောလုံးရာသီမှာ ပဲလေ့စ်အတွက် (၃)ပွဲကစား (၃)ဂိုး သွင်းယူထားနိုင်တဲ့ ဇာဟာ ဟာ လက်ရှိမှာတော့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပစ်မှတ်ကစားသမားတစ်ဦး ဖြစ်နေရပြီး အာဆင်နယ်ကလည်း နိုက်စ်ကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ပေပေရဲ့နေရာမှာ ဇာဟာနဲ့ အစားထိုးချင်နေသလို ဂေါ်ဒွန် အူဘာမီယန်းတို့ကို ခေါ်ယူဖို့ ခဲယဉ်းနေတဲ့ ချယ်လ်ဆီးကလည်း ဇာဟာကို အလိုရှိနေပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဇာဟာက လက်ရှိမှာ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး ဇာဟာကိုယ်တိုင်က ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ် မရှိတာကြောင့် ဒီအခြေအနေကို ပဲလေ့စ်ဘက်က သေချာစဉ်းစားရဖွယ် ရှိလာနိုင်ပါတယ်။ ထပ်ပြီး စဉ်းစားစရာ ဖြစ်လာနိုင်ကတော့ ချယ်လ်ဆီးကသာ ဇာဟာကို အမှန်တကယ် ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ပဲလေ့စ်အနေနဲ့ ဇာဟာအတွက် ပြောင်းရွှေ့ကြေးအပြင် မနှစ်တုန်းက ချယ်လ်ဆီးကနေ အငှားနဲ့ ခေါ်ယူခဲ့ဖူးတဲ့ ဂယ်လာဂါကိုပါ နောက်တစ်ရာသီ အငှားချပေးဖို့ထိပါ တောင်းဆိုခွင့် ရလာနိုင်မယ့် အခြေအနေမျိုး ရှိနေတာကိုပါ စဉ်းစားလာနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ နွေဈေးကွက် မပိတ်ခင် ရက်ပိုင်းလေးအလိုမှာ အသင်းခံစစ်ပိုင်းအတွက် ဝက်စလေဖိုဖာနာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားသလို တိုက်စစ်ပိုင်းအတွက်ကိုလည်း အူဘာ ဇာဟာနဲ့ ဂေါ်ဒွန်တို့ထဲက တစ်ဦးဦးကို အရ ခေါ်ယူဖွယ် ရှိနေပါတယ်။