MySport Myanmar

စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရှိလာဖို့ အလွန်နီးစပ်နေပြီဖြစ်တဲ့ နောက်ခံလူ ခွန်ဒယ်

ပြီးခဲ့တဲ့ နွေစျေးကွက်တကည်းက ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာဖို့ အလွန်နီးစပ်ခဲ့ဖူးတဲ့ ဆီဗီလာနောက်ခံကစားသမား ခွန်ဒယ်ဟာ လက်ရှိမှာလည်း ချယ်လ်ဆီးကို ပြောင်းရွှေ့လာဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းကမ်းချက်များကို သဘောတူပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ရောက်ရှိလာဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းရဲ့ ကာလရှည်ပစ်မှတ် ပြင်သစ်နောက်ခံကစားသမား ခွန်ဒယ်ဟာ ပြီးခဲ့တဲ့ နွေကတည်းက ဆီဗီလာကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ဆီဗီလာဘကက်က ခွန်ဒယ်အတွက် ပြောင်းရွှေ့ကြေးတွေကို တိုးမြှင့်တောင်းဆိုလာခဲ့တဲ့အတွက် အပြောင်းအရွှေ့က အထမြောက်ဖို့ ခက်ခဲခဲ့ရင်းကနေ ပျက်ပြယ်သွားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ ခံစစ်ကစားသမား (၄)ဦးနီးပါးအထိ ဆုံးရှုံးရမယ့် အခြေအနေတွေမှာ ရှိနေတဲ့အတွက် အသင်းရဲ့ ပစ်မှတ်ဟောင်း ခွန်ဒယ်ကို အရခေါ်ယူ အားဖြည့်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football Talk

လက်ရှိမှာ ချယ်လ်ဆီး နောက်ခံလူတွေဖြစ်တဲ့ ခရစ္စတန်ဆန်နဲ့ ရူဒီဂါတို့က ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေဆီ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရယူထားခဲ့ပြီဖြစ်သလို အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ နှစ်ဦးလုံးဟာလည်း ဘာစီလိုနာကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြပါတယ်။ အဲ့ဒီလို အခြေအနေတွေကြောင့် ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်အနေနဲ့ အသင်းရဲ့ ခံစစ်ပိုင်းအတွက် ပြင်သစ်ခံစစ်မှူး ခွန်ဒယ်ကို အားဖြည့်ချင်နေတာဖြစ်ပြီး ခွန်ဒယ်ကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ ဂုရုတစ်ဦးဖြစ်တဲ့ ခေါဆွန်းရဲ့ ဖော်ပြချက်မှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ သဘောတူမှု ရယူခဲ့သလို ခွန်ဒယ်အတွက် ဆီဗီလာအသင်းဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ပေါင်(၅၉)သန်းကိုလည်း ချယ်လ်ဆီးဘက်က ပေးချေသွားဖို့ အဆင့်သင့် ဖြစ်နေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ခွန်ဒယ်အပြင် နောက်ထပ် လာလီဂါ ခံစစ်ကစားသမားဖြစ်တဲ့ ပါအူတောရက်စ်ကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေသလို အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အီတလီ ခံစစ်ကစားသမား ရိုမက်ဂ်နိုလီကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချိန်ရွှယ်လျက် ရှိနေပါတယ်။

Exit mobile version