ချယ်လ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း သူတို့အသင်းရဲ့အားအနည်းဆုံးနေရာဖြစ်ခဲ့တဲ့ ခံစစ်ပိုင်းကို ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့အတွက် အသင်းက နောက်ခံလူတချို့ကို ရောင်းထုတ်သွားဖို့ ရှိနေပြီး သူတို့ရဲ့နေရာမှာလည်း ခံစစ်ကစားသမားသစ်တွေနဲ့ ပြန်လည်အစားထိုးသွားဖို့ ပြင်ဆင်နေပါတယ်။ လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းရဲ့အသင်းခေါင်းဆောင် နောက်ခံကစားသမား လူးဝစ်ဒန့်ကို ခေါ်ယူသွားဖို့ အတော်လေးကို နီးစပ်နေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Athletic

ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်အတွင်းမှာ ရူဒီဂါနဲ့ဇူးမားတို့လို အသင်းရဲ့ဗဟိုခံစစ်ကစားသမားတွေကို ရောင်းထုတ်သွားဖို့ ရှိနေတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ဗဟိုခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ လူးဝစ်ဒန့်နဲ့ ပြန်လည်အစားထိုးချင်နေတာဖြစ်ပြီး လက်ရှိမှာလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်နောက်ခံကစားသမား ဒန့်ကို ချယ်လ်ဆီးနဲ့အတူ စပါးအသင်းကလည်း စိတ်ဝင်စားနေပေမယ့်လည်း စပါးဘက်က ချယ်လ်ဆီးလို ဒန့်အတွက် သန်း(၄၀)နဲ့ ကမ်းလှမ်းဖွယ်မရှိတာကြောင့် ချယ်လ်ဆီးက အခြေအနေအကောင်းဆုံး ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Euro Football Rumors

အင်္ဂလန်နိုင်ငံ ဘရိုက်တန်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်တဲ့ လူးဝစ်ဒန့်ဟာ ဘရိုက်တန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက ချယ်လ်ဆီးအသင်းကို အရူးအမူး အားပေးလာခဲ့သူဖြစ်ကာ ချယ်လ်ဆီးအသင်းရဲ့ဂန္တဝင်ကစားသမားဟောင်းကြီး ဂျွန်တယ်ရီကိုလည်း လေးစားအားကျခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ခုထိ ဘရိုက်တန်တစ်သင်းတည်းမှာပဲ ကစားခဲ့တဲ့ လူးဝစ်ဒန့်ဟာ ၂၀၁၇ခုနှစ်မှာတော့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင်ကစားခဲ့ရပြီး သူရဲ့အကောင်းဆုံး ခံစစ်စွမ်းရည်တွေကို ထုတ်ဖော်ပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းမှာပါ အရွေးချယ်ခံခဲ့ရပါသေးတယ်။ ပရီးမီးယားလိဂ်မှာ (၃)ရာသီကျော်ကြာ ဖြတ်သန်းခဲ့ပြီးနောက် သူရဲ့ကစားပုံကို သဘောကျလာခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေများစွာ ရှိလာခဲ့ပြီး ဒီအသင်းတွေမှာ သူအားပေးခဲ့ရတဲ့ ချယ်လ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ ဒန့်ကို ခေါ်ယူဖို့ အခြေအနေကောင်းလာခဲ့တဲ့ နောက်ထပ်အင်္ဂလန်နောက်ခံလူဖြစ်တဲ့ ဘန်ချီဝဲလ်ကိုပါ ကလပ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။