ေအစီမီလန္အသင္းရဲ့ ပိုလန္တိုက္စစ္မွူး ပီယာတက္ခ္ကေတာ့ လက္ရွိ ဇန္နဝါရီ​ကာလမွာ အသင္းကေန ထြက္ခြာဖို႔အတြက္ စီစဥ္ေနသူျဖစ္ၿပီး လန္ဒန္ကလပ္ အသင္းေတြျဖစ္တဲ့ စပါး ၊ ခ်ယ္လ္ဆီးအသင္းတို႔ထံ ေရာက္ရွိဖို႔ နီးစပ္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။

Photo Credit: Foot Mercato.com

ေအစီမီလန္အသင္းကို ဂ်ီနိုအာအသင္းထံမွ ေရာက္ရွိလာခဲ့အၿပီးမွာ ေျခစြမ္းေကာင္းတခ်ိဳ႕ ထုတ္ျပနိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဒဏ္ရာျပႆနာတခ်ိဳ႕ေၾကာင့္ ပီယာတက္ခ္ဟာ အနည္းငယ္ ႐ုန္းကန္ခဲ့ရၿပီး လက္ရွိမွာေတာ့ အသင္းကေန ထြက္ခြာဖို႔အတြက္ ႀကိဳးစားေနပါတယ္။ အီတလီသတင္းစာေတြရဲ့ အဆိုအရ ပီယာတက္ခ္ဟာ စပါးအသင္းနဲ႔ေရာ ခ်ယ္လ္ဆီးအသင္းနဲ႔ပါ ေဆြးေႏြးမွုေတြ လုပ္ေဆာင္ေနၿပီ ျဖစ္ေၾကာင္းနဲ႔ အဆိုပါႏွစ္သင္းထဲမွာ ခ်ယ္လ္ဆီးအသင္းထံကို ေျပာင္းေရႊ႕လိုေနတယ္ လို႔ သိထားရပါတယ္။

Photo Credit: Foot Mercato.com

ယေန႔မနက္ပိုင္းမွာ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ပီယာတက္ခ္ဟာ ခ်ယ္လ္ဆီးထံကို ေျပာင္းေရႊ႕ဖို႔အတြက္ အလြန္အမင္းနီးစပ္ေနကာ အသင္းႏွစ္သင္းၾကားမွာ အေျပာင္းအေရႊ႕အတြက္ သေဘာတူညီမွုရရွိဖို႔သာ လိုအပ္တဲ့ အေနအထားတစ္ရပ္မွာ ရွိေနပါတယ္။ ဒါ့အျပင္ ပီယာတက္ခ္ဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ အင္စတာဂရမ္ေပၚမွာလည္း ခ်ယ္လ္ဆီးအသင္းရဲ့ ေပ့ခ်္ကို စတင္ၿပီး Follow လုပ္ခဲ့ပါတယ္။

Photo Credit: Foot Mercato.com

အင္စတာဂရမ္ေပၚမွာ Follow လုပ္တာဟာ ေဘာလုံးေလာကမွာေတာ့ အေျပာင္းအေရႊ႕အတြက္ ျပယုဂ္တစ္ခုျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားေတြဟာ မိမိအသင္းကလြဲရင္ တျခားအသင္းေတြကို Follow လုပ္ေလ့မရွိတာေၾကာင့္ ပီယာတက္ခ္ရဲ့ အေျပာင္းအေရႊ႕ဟာ မၾကာခင္မွာပဲ ျဖစ္ေပၚလာဖို႔ရွိေနေၾကာင္း ယူဆရပါတယ္။ အီတလီသတင္းစာေတြရဲ့ အဆိုအရ ေအစီမီလန္အသင္းဟာ ပီယာတက္ခ္အတြက္ ေပါင္၂၅သန္းဝန္းက်င္ အလိုရွိေနတယ္လို႔ သိရွိရပါတယ္။

အေစီမီလန်အသင်းရဲ့ ပိုလန်တိုက်စစ်မှူး ပီယာတက်ခ်ကတော့ လက်ရှိ ဇန်နဝါရီ​ကာလမှာ အသင်းကနေ ထွက်ခွာဖို့အတွက် စီစဉ်နေသူဖြစ်ပြီး လန်ဒန်ကလပ် အသင်းတွေဖြစ်တဲ့ စပါး ၊ ချယ်လ်ဆီးအသင်းတို့ထံ ရောက်ရှိဖို့ နီးစပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Foot Mercato.com

အေစီမီလန်အသင်းကို ဂျီနိုအာအသင်းထံမှ ရောက်ရှိလာခဲ့အပြီးမှာ ခြေစွမ်းကောင်းတချို့ ထုတ်ပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတချို့ကြောင့် ပီယာတက်ခ်ဟာ အနည်းငယ် ရုန်းကန်ခဲ့ရပြီး လက်ရှိမှာတော့ အသင်းကနေ ထွက်ခွာဖို့အတွက် ကြိုးစားနေပါတယ်။ အီတလီသတင်းစာတွေရဲ့ အဆိုအရ ပီယာတက်ခ်ဟာ စပါးအသင်းနဲ့ရော ချယ်လ်ဆီးအသင်းနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနဲ့ အဆိုပါနှစ်သင်းထဲမှာ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့လိုနေတယ် လို့ သိထားရပါတယ်။

Photo Credit: Foot Mercato.com

ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ပီယာတက်ခ်ဟာ ချယ်လ်ဆီးထံကို ပြောင်းရွှေ့ဖို့အတွက် အလွန်အမင်းနီးစပ်နေကာ အသင်းနှစ်သင်းကြားမှာ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိဖို့သာ လိုအပ်တဲ့ အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။ ဒါ့အပြင် ပီယာတက်ခ်ဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်ပေါ်မှာလည်း ချယ်လ်ဆီးအသင်းရဲ့ ပေ့ချ်ကို စတင်ပြီး Follow လုပ်ခဲ့ပါတယ်။

Photo Credit: Foot Mercato.com

အင်စတာဂရမ်ပေါ်မှာ Follow လုပ်တာဟာ ဘောလုံးလောကမှာတော့ အပြောင်းအရွှေ့အတွက် ပြယုဂ်တစ်ခုဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေဟာ မိမိအသင်းကလွဲရင် တခြားအသင်းတွေကို Follow လုပ်လေ့မရှိတာကြောင့် ပီယာတက်ခ်ရဲ့ အပြောင်းအရွှေ့ဟာ မကြာခင်မှာပဲ ဖြစ်ပေါ်လာဖို့ရှိနေကြောင်း ယူဆရပါတယ်။ အီတလီသတင်းစာတွေရဲ့ အဆိုအရ အေစီမီလန်အသင်းဟာ ပီယာတက်ခ်အတွက် ပေါင်၂၅သန်းဝန်းကျင် အလိုရှိနေတယ်လို့ သိရှိရပါတယ်။