အေျပာင္းအေရႊ႕ႏွစ္ရာသီ ပိတ္ပင္ခံရမွုကေန ကင္းလြတ္ခြင့္ရခဲ့ေပမယ့္ လန္ဒန္အေျခစိုက္ ခ်ယ္လ္ဆီးအသင္းဟာ ယခု ဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ ကစားသမားေခၚယူမွု မရွိေသးပဲ တိတ္ဆိတ္ေနပါတယ္။ ဒါေပမယ့္ နီးစပ္တဲ့ အတြင္းသတင္းေတြရဲ့ အဆိုအရ ခ်ယ္လ္ဆီးအသင္းဟာ နာပိုလီအသင္းရဲ့ ဝါရင့္ ကစားသမား မာတင္စ္ကို ေခၚယူနိုင္ေတာ့မယ္ လို႔ သိရွိရပါတယ္။

Photo Credit: Standard.com

နာပိုလီအသင္းကေန ထြက္ခြာခြင့္ရရွိထားတဲ့ အသက္၃၂ႏွစ္အရြယ္ ဘယ္လ္ဂ်ီယံသားဟာ ရာသီကုန္မွာ နာပိုလီအသင္းနဲ႔ စာခ်ဳပ္ ကုန္ဆုံးဖို႔ ရွိေနသူျဖစ္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ သူ႔ကို နည္းပါးတဲ့ေျပာင္းေရႊ႕ေၾကး တစ္ရပ္ နဲ႔ ေခၚယူနိုင္မွာပါ။ အီတလီသတင္းစာေတြရဲ့ အဆိုအရ ခ်ယ္လ္ဆီးအသင္းဟာ မာတင္စ္ကို ေခၚယူဖို႔အတြက္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမွု ရထားတယ္လို႔လည္း သိရပါတယ္။

Photo Credit: Standard.com

လန္ဒန္ၿမိဳ႕အေျခစိုက္ သတင္းေတြကေတာ့ ခ်ယ္လ္ဆီးအသင္းဟာ မာတင္စ္ကို ေခၚယူဖို႔ ေျပာင္းေရႊ႕ေၾကး ေပါင္၅သန္းဝန္းက်င္ အသုံးျပဳသြားဖို႔ ရည္ရြယ္ထားေၾကာင္းနဲ႔ မာတင္စ္ကို ေခၚယူၿပီးပါက အသင္းရဲ့ တိုက္စစ္မွူးတစ္ဦး ျဖစ္တဲ့ ဂ်႐ူးကိုလည္း အသင္းကေန ေရာင္းခ်သြားဖို႔ လုပ္ေဆာင္ေနတယ္လို႔ ေဖာ္ျပထားၾကပါတယ္။

Photo Credit: Standard.com

လတ္တေလာမွာေတာ့ မာတင္စ္ကို ေခၚယူဖို႔ ဘယ္အသင္းကမွ စိတ္ဝင္စားျခင္းမရွိတဲ့ အေနအထားေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ လြယ္ကူစြာပဲ အေျပာင္းအေရႊ႕ကို လုပ္ေဆာင္နိုင္မွာလဲ ျဖစ္ပါတယ္။ ဂ်႐ူးကိုေခၚယူဖို႔အတြက္ေတာ​့ လက္ရွိမွာ အင္တာမီလန္ ၊ ေအစီမီလန္ ၊ စပါးအသင္းတို႔က စိတ္ဝင္စားေနၾကပါတယ္။

အပြောင်းအရွှေ့နှစ်ရာသီ ပိတ်ပင်ခံရမှုကနေ ကင်းလွတ်ခွင့်ရခဲ့ပေမယ့် လန်ဒန်အခြေစိုက် ချယ်လ်ဆီးအသင်းဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှု မရှိသေးပဲ တိတ်ဆိတ်နေပါတယ်။ ဒါပေမယ့် နီးစပ်တဲ့ အတွင်းသတင်းတွေရဲ့ အဆိုအရ ချယ်လ်ဆီးအသင်းဟာ နာပိုလီအသင်းရဲ့ ဝါရင့် ကစားသမား မာတင်စ်ကို ခေါ်ယူနိုင်တော့မယ် လို့ သိရှိရပါတယ်။

Photo Credit: Standard.com

နာပိုလီအသင်းကနေ ထွက်ခွာခွင့်ရရှိထားတဲ့ အသက်၃၂နှစ်အရွယ် ဘယ်လ်ဂျီယံသားဟာ ရာသီကုန်မှာ နာပိုလီအသင်းနဲ့ စာချုပ် ကုန်ဆုံးဖို့ ရှိနေသူဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့ကို နည်းပါးတဲ့ပြောင်းရွှေ့ကြေး တစ်ရပ် နဲ့ ခေါ်ယူနိုင်မှာပါ။ အီတလီသတင်းစာတွေရဲ့ အဆိုအရ ချယ်လ်ဆီးအသင်းဟာ မာတင်စ်ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားတယ်လို့လည်း သိရပါတယ်။

Photo Credit: Standard.com

လန်ဒန်မြို့အခြေစိုက် သတင်းတွေကတော့ ချယ်လ်ဆီးအသင်းဟာ မာတင်စ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင်၅သန်းဝန်းကျင် အသုံးပြုသွားဖို့ ရည်ရွယ်ထားကြောင်းနဲ့ မာတင်စ်ကို ခေါ်ယူပြီးပါက အသင်းရဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ ဂျရူးကိုလည်း အသင်းကနေ ရောင်းချသွားဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားကြပါတယ်။

Photo Credit: Standard.com

လတ်တလောမှာတော့ မာတင်စ်ကို ခေါ်ယူဖို့ ဘယ်အသင်းကမှ စိတ်ဝင်စားခြင်းမရှိတဲ့ အနေအထားကြောင့် ချယ်လ်ဆီးအသင်းဟာ လွယ်ကူစွာပဲ အပြောင်းအရွှေ့ကို လုပ်ဆောင်နိုင်မှာလဲ ဖြစ်ပါတယ်။ ဂျရူးကိုခေါ်ယူဖို့အတွက်တော​့ လက်ရှိမှာ အင်တာမီလန် ၊ အေစီမီလန် ၊ စပါးအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။