MySport Myanmar

ဘာပေ လက်သစ်ဆိုတဲ့ ချာတိတ်လေးကို စိတ်ဝင်စားနေပြန်တဲ့ ချယ်လ်ဆီး

ဒီနောက်ပိုင်း အပြောင်းအရွှေ့ ဈေးကွက်တွေအတွင်း လူငယ် ကစားသမားတွေကို ပိုမို ဦးစားပေး ခေါ်ယူတက်တဲ့ ချယ်လ်ဆီးအသင်းဟာ အခုလည်း ဘာပေ လက်သစ်လို့ နာမည်ထွက်လာတဲ့ မိုနာကို ညာတောင်ပံ ကစားသမားလေး အက်ဖီကီလီကို စိတ်ဝင်စားနေပြန်ပါတယ်။

အသက် (၁၉)နှစ်အရွယ်သာ ပြင်သစ် ဆယ်ကျော်သက် တိုက်စစ် ကစားသမားလေး အက်ဖီကီလီဟာ သူ့ စီနီယာ ဘာပေရဲ့ အသင်းဟောင်းဖြစ်တဲ့ မိုနာကိုအသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး လက်ရှိ အချိန်ထိကတော့ မိုနာကို ယူ-၂၁အတွက်သာ ကစားထားရပါသေးတယ်။

 

Photo Credit : Flesh Score

မိုနာကို စီနီယာအသင်းအတွက် ပွဲကစားခွင့်တောင် မရရှိထားပေမယ့်လည်း မိုနာကို လူငယ်အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဒီကစားသမားလေးကို ကလပ်အသင်းတွေ များစွာက သတိထားလာမိပြီး ဒီထဲမှာတော့ ချယ်လ်ဆီးက ထိပ်ဆုံးနေရာကနေ ပါဝင်နေတယ်လို့ Foot Mercato ကနေ ဖော်ပြလာပါတယ်။

မိုနာကိုအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတဲ့ အက်ဖီကီလီကို လာလီဂါ ဘွန်ဒက်စ်လီဂါ နဲ့ လီဂူးပြိုင်ပွဲဝင် ကလပ်အသင်းတွေကလည်း စိတ်ဝင်တစား ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးကပဲ ဒီချာတိတ်လေးကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီကလည်း အသင်းကို လူငယ် ကစားသမားလေးတွေနဲ့ တည်ဆောက်နေတာမို့ အက်ဖီကီလီလို ဆယ်ကျော်သက် အရည်အသွေးမြင့် ကစားသမားမျိုးကို အရ ခေါ်ယူဖို့ သေချာသလောက် ရှိနေပါတယ်။

ဒီလို ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေရတဲ့ အက်ဖီကီလီဟာ လက်ရှိမှာလည်း မိုနာကို စီနီယာ အသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။

Exit mobile version