အမျိုးသမီး စူပါလိဂ် (Women Super League) ပြိုင်ပွဲကို ပြီးခဲ့တဲ့ မတ်လမှာ ဖျက်သိမ်းခဲ့ရတဲ့ အတွက်ကြောင့် ဘောလုံး အဖွဲ့ချုပ် (FA) က ပွဲစဉ် တစ်ပွဲမှာ ရရှိခဲ့တဲ့ ရမှတ်တွေကို အခြေခံပြီး ချန်ပီယံအသင်းကို ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ ချဲလ်ဆီး အမျိုးသမီးအသင်းက ချန်ပီယံအသင်း ဖြစ်သွားခဲ့ပါတယ်။ ချဲလ်ဆီး အမျိုးသမီး အသင်းဟာ အမျိုးသမီး စူပါလိဂ် ပြိုင်ပွဲရဲ့ ချန်ပီယံအသင်း ဖြစ်သွားခဲ့ပြီး လီဗာပူးလ် အမျိုးသမီးအသင်းကတော့ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို တန်းဆင်းခဲ့ရတာကြောင့် အက်စတွန်ဗီလာ အမျိုးသမီးအသင်းကတော့ တန်းတတ်အသင်း ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ် အမျိုးသားအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းဖြစ်ဖို့ သေချာပြီ ဖြစ်ပေမယ့်လည်း လီဗာပူးလ် အမျိုးသမီးအသင်းကတော့ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို တန်းဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်လို့ Goal သတင်းက အခိုင်အမာ ဖော်ပြသွားပါတယ်။ ဘောလုံး အဖွဲ့ချုပ် (FA) ဟာ အမျိုးသမီး စူပါလိဂ် ပြိုင်ပွဲရဲ့ အမှတ်ပေး ဇယားကို ဆုံးဖြတ်တဲ့ အချိန်မှာ ပွဲစဉ် တစ်ပွဲမှာ ရရှိခဲ့တဲ့ ရမှတ်တွေကို အခြေခံပြီး ဆုံးဖြတ်သွားတာ ဖြစ်တာကြောင့် ချဲလ်ဆီး အမျိုးသမီးကတော့ အမျိုးသမီး စူပါလိဂ် ချန်ပီယံ အသင်း ဖြစ်သွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

ချဲလ်ဆီး အမျိုးသမီးအသင်းဟာ အမျိုးသမီး စူပါလိဂ် ပြိုင်ပွဲကို ရပ်နားရတဲ့ အချိန်မှာ တစ်ပွဲလျှော့နေခဲ့ပြီး မန်စီးတီးအသင်းရဲ့ နောက်က အဆင့် (၂) နေရာမှာ ရပ်တည်နေပေမယ့်လည်း ပွဲစဉ် တစ်ပွဲမှာ ရတဲ့ ရမှတ်ကြောင့် အမျိုးသမီး စူပါလိဂ် ချန်ပီယံ အသင်း အဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ ချဲလ်ဆီး အမျိုးသမီးအသင်းဟာ အမျိုးသမီး စူပါလိဂ် ပြိုင်ပွဲကို (၃) ကြိမ်မြောက် ရရှိသွားနိုင်ခဲ့တာ ဖြစ်ပြီး မန်စီးတီးအသင်းကတော့ ထိပ်ဆုံးကနေ ဦးဆောင်နေပေမယ့်လည်း ပွဲစဉ် တစ်ပွဲမှာ ရရှိခဲ့တဲ့ ရမှတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကလည်း အဆင့် (၂) နေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နှစ်မှာ အာဆင်နယ် အမျိုးသမီးအသင်းရဲ့ နောက် အဆင့် (၂) နေရာမှာ ရပ်တည်နေခဲ့ရပြီး လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းရဲ့ နောက်မှာ ရပ်တည်နေပါတယ်။