ဖရန့်လမ်းပတ်ကိုယ်တိုင်က ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်လို့ပါ တင်စားခေါ်ဆိုထားခံရတဲ့ ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ကော်လမ်ဟတ်ဆန်အိုဒွိုင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ခံထားရတဲ့ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပေမယ့် မနေ့က တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာပဲ မော်ဒယ်တစ်ဦးကို လန်ဒန်မြို့က သူရဲ့နေအိမ်ဆီကို ဖိတ်ခေါ်ခဲ့ပြီး မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ရတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရတယ်လို့ The Sun သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၁၉)နှစ်အရွှယ်ရှိ ဆယ်ကျော်သက်အရွှယ် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားလေး အိုဒွိုင်းဟာ မော်ဒယ်မလေးတစ်ဦးနဲ့ အွန်လိုင်းပေါ်မှာ စကားစမြည် ပြောဆိုခဲ့ရင်းနဲ့ စနေနေ့ညပိုင်းမှာ အနောက်လန်ဒန်ရှိ သူရဲ့နေအိမ်ကို လှမ်းဖိတ်ခေါ်ခဲ့ရင်းနဲ့ မနက်(၄)နာရီခန့်လောက်မှာပဲ မော်ဒယ်မလေးက ရဲစခန်းနဲ့ လူနာတင်ကားတွေဆီကို ဖုန်းဆက်အကြောင်းကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်များက အိုဒွိုင်းကို လာရောက်ဖမ်းဆီးခဲ့သလို သူနဲ့ Dating ပြုလုပ်ခဲ့တဲ့ မော်ဒယ်မိန်းကလေးကိုလည်း နီးစပ်ရာ ဆေးရုံတစ်ခုကို ပို့ဆောင်လိုက်ရတယ်လို့ သိရှိရပါတယ်။

Photo Credit : GiveMeSport

အခုလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိမ်းသိန်းမှုကို ခံလိုက်ရတဲ့ အိုဒွိုင်းဟာ ပြီးခဲ့တဲ့ မတ်လတုန်းကပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာတောင်မှ Lockdown စည်းမျဉ်းကို ချိုးဖောက်ခဲ့ကာ မော်ဒယ်တစ်ဦးနဲ့ ပျော်ပါးဖို့ စီစဉ်ခဲ့ရင်း မထင်မှတ်ပဲ မတော်တဆမှုပါ ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။မတော်တဆမှုဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာမဖော်ပြထားပေမယ့် မော်ဒယ်မိန်းကလေးက ရဲစခန်းဆီ ဖုန်းဆက်ရာမှာတော့ သူ့အတွက် အဆင်မပြေဖြစ်နေတယ်လို့ အသိပေးခဲ့ကြောင်း ရဲအရာရှိတွေက ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အိုဒွိုင်း အိမ်နီးနားချင်းတွေရဲ့ ထွက်ဆိုချက်အရ အိုဒွိုင်းဆီ လာရောက်လည်ပတ်ခဲ့တဲဲ့ မိန်းကလေးဟာ အရမ်းကို စွဲဆောင်မှုရှိလှတဲ့ ကိုယ်နေဟန်ထားကို ပိုင်ဆိုင်ထားပြီး Love Island အစီအစဉ်ထဲက မော်ဒယ်မလေးတွေနဲ့ ခပ်ဆင်ဆင်သဏ္ဍာန်ရှိတယ်လို့ ခိုင်းနှိုင်းပြောဆိုခဲ့ပေမယ့် ဘယ်လိုအကြောင်းအရင်းကြောင့် ရဲတွေလူနာတင်ကားတွေဆီကို ဖုန်းဆက်ရလည်းဆိုတာကိုတော့ မသိရှိကြောင်းနဲ့ သူတို့အိမ်နားတဝိုက်မှာတော့ ရဲတွေဝန်းရံသွားခဲ့ရကြောင်း သိရှိရပါတယ်။ အခုလို အိုဒွိုင်းရဲဲ့ကိစ္စမတိုင်ခင် ပရီးမီးယားလိဂ် ဘောလုံးသမားတွေဟာ Lockdown စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီး ပါတီတွေ တတ်ရောက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ပရိသတ်တွေရဲဲ့ စိတ်ငြိုငြင်မှုတွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်နေရပါတယ်။