ဖရန္႔လမ္းပတ္ဟာ ခ်ယ္လ္ဆီးအသင္းကုိ စတင္ကုိင္တြယ္ခဲ႔ခ်ိန္တုန္းက ကစားသမားသစ္ေခၚယူမႈ ပိတ္ပင္တားျမစ္ခံထားရမႈေၾကာင့္ ကစားသမားေခၚယူရျခင္းမရွိပဲ အသင္းက ရွိရင္းစြဲကစားသမားေတြ အငွားခ်ထားရာကေန အသင္းဆီ ျပန္ေရာက္လာတဲ႔ လူငယ္ကစားသမားေလးေတြနဲ႔ ဒီႏွစ္ေဘာလုံးရာသီကုိ ျဖတ္သန္းခဲ႔ရာ အခုေတာ့ ကမာၻ႕အားကစားခုံရုံးဘက္ကေန ဒီအမႈကုိ ပယ္ဖ်က္ေပးခဲ႔လုိ႔ ကစားသမားသစ္ေတြ ျပန္လည္ေခၚယူခြင့္ကုိ ရရွိခဲ႔ၿပီျဖစ္ကာ အခုလည္း လမ္းပတ္လက္ထက္ ပထမဆုံးေသာ လူေခၚယူမႈကုိ စတင္ျပဳလုပ္ခဲ႔ၿပီလုိ႔ သိရွိရပါတယ္။

Photo Credit : Goal.com

Transfer Ban ကေန လြတ္ေျမာက္ၿပီးသြားကတည္းက ဇာဟာ ဆန္ခ်ိဳ ဒမ္ဘီလီ ခ်ီဝဲလ္တုိ႔လုိ ကစားသမားေတြကုိ ေခၚယူအားျဖည့္မယ္လုိ႔ သတင္းေမႊးေနခဲ႔တဲ႔ ခ်ယ္လ္ဆီးအသင္းဟာ တကယ္တမ္းမွာေတာ့ အသက္၁၆ႏွစ္သာရွိေသးတဲ႔ လူငယ္ကစားသမားေလးတစ္ဦးကုိပဲ အခုေဆာင္းရာသီေစ်းကြက္ရဲ႕ပထမဆုံး ကစားသမားသစ္ေခၚယူမႈအျဖစ္ လုပ္ေဆာင္သြားခဲ႔ပါတယ္။ ဒီကစားသမားေလးကေတာ့ ဘရုိင္ယန္ဖုိင္းဘမ္မာျဖစ္ၿပီးေတာ့ ၿပီးခဲ့တဲ႔ ဒီဇင္ဘာလကတည္းက ခ်ယ္လ္ဆီးမွာ ေျခစြမ္းပုိင္းစမ္းသပ္ခံမႈေတြ လာေရာက္ျပဳလုပ္ခဲ႔ရင္းနဲ႔ အသင္းတာဝန္ရွိသူေတြက သေဘာက်ခဲ႔တာေၾကာင့္ အခုလုိ ေခၚယူခဲ႔တာျဖစ္ပါတယ္။

Photo Credit : Metro

ေနာ္ေဝလူငယ္ကစားသမားေလး ဖုိင္းဘမ္မာဟာ ေနာ္ေဝကလပ္ Tromso အသင္းရဲ႕လူငယ္အသင္းမွာ ပါဝင္ကစားခဲ႔ၿပီး အခုေတာ့ ခ်ယ္လ္ဆီးအသင္းရဲ႕ယူ-၁၈ လူငယ္အသင္းမွာ ပါဝင္ရမွာလုိ႔ သိရွိရပါတယ္။ တုိက္စစ္ကစားသမားတစ္ေယာက္ျဖစ္တဲ႔ ဖုိင္းဘမ္မာဟာ လူငယ္ကစားသမားေလးေတြကုိ ေနရာေပးတတ္ေလ့ရွိတဲ႔ လမ္းပတ္ရဲ႕လက္ေအာက္မွာ ေျခစြမ္းျပရင္ ျပႏုိင္သေလာက္ စီနီယာအသင္း လ်င္လ်င္ျမန္ျမန္ ပြဲထြက္လာရႏုိင္သလုိ ခ်ယ္လ္ဆီးအသင္းရဲ႕လမ္းစဥ္အတုိင္းပဲ အျခားအသင္းေတြဆီမွာလည္း အငွားခ်ခံရႏုိင္ပါတယ္။ အခုလုိ လူငယ္ကစားသမားတစ္ေယာက္ကုိ ေခၚယူႏုိင္ခဲ႔ေပမယ့္လည္း အသင္းရဲ႕အျခားေနရာေတြကုိ အင္အားျဖည့္တင္းဖုိ႔ လိုအပ္ေနေသးတဲ႔ ခ်ယ္လ္ဆီးအသင္းဟာ လက္ရွိမွာ တုိက္စစ္ပုိင္းအတြက္ လုိင္ယြန္တုိက္စစ္ကစားသမား ဒမ္ဘီလီကုိ အဓိကပစ္မွတ္ထားလုိ႔ေနၿပီး ဒမ္ဘီလီေရာက္လာမယ္ဆုိရင္ေတာ့ အသင္းမွာ ပုံမွန္ေနရာေပ်ာက္ဆုံးေနတဲ႔ ဂ်ရွုး ဘတ္ရွုအာယီတုိ႔ကုိ အသင္းကေန ထြက္ခြာေပးႏုိင္ၿပီး အားနည္းခ်က္ေတြရွိေနတဲ႔ ခံစစ္ပုိင္းအတြက္ကုိလည္း သူတုိ႔အသင္းရဲ႕ကစားသမားေဟာင္း နာသန္အကီကုိ ဘုန္းေမာက္အသင္းကေန ျပန္လည္ေခၚယူဖြယ္ရွိေနပါတယ္။

(Unicode)

လမ်းပတ်လက်ထက် ပထမဦးဆုံး ကစားသမားသစ် ခေါ်ယူမှုပြုလုပ်ခဲ့တဲ့ ချယ်လ်ဆီး

ဖရန့်လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့ချိန်တုန်းက ကစားသမားသစ်ခေါ်ယူမှု ပိတ်ပင်တားမြစ်ခံထားရမှုကြောင့် ကစားသမားခေါ်ယူရခြင်းမရှိပဲ အသင်းက ရှိရင်းစွဲကစားသမားတွေ အငှားချထားရာကနေ အသင်းဆီ ပြန်ရောက်လာတဲ့ လူငယ်ကစားသမားလေးတွေနဲ့ ဒီနှစ်ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရာ အခုတော့ ကမ္ဘာ့အားကစားခုံရုံးဘက်ကနေ ဒီအမှုကို ပယ်ဖျက်ပေးခဲ့လို့ ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူခွင့်ကို ရရှိခဲ့ပြီဖြစ်ကာ အခုလည်း လမ်းပတ်လက်ထက် ပထမဆုံးသော လူခေါ်ယူမှုကို စတင်ပြုလုပ်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Goal.com

Transfer Ban ကနေ လွတ်မြောက်ပြီးသွားကတည်းက ဇာဟာ ဆန်ချို ဒမ်ဘီလီ ချီဝဲလ်တို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်မယ်လို့ သတင်းမွှေးနေခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ တကယ်တမ်းမှာတော့ အသက်၁၆နှစ်သာရှိသေးတဲ့ လူငယ်ကစားသမားလေးတစ်ဦးကိုပဲ အခုဆောင်းရာသီစျေးကွက်ရဲ့ပထမဆုံး ကစားသမားသစ်ခေါ်ယူမှုအဖြစ် လုပ်ဆောင်သွားခဲ့ပါတယ်။ ဒီကစားသမားလေးကတော့ ဘရိုင်ယန်ဖိုင်းဘမ်မာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ချယ်လ်ဆီးမှာ ခြေစွမ်းပိုင်းစမ်းသပ်ခံမှုတွေ လာရောက်ပြုလုပ်ခဲ့ရင်းနဲ့ အသင်းတာဝန်ရှိသူတွေက သဘောကျခဲ့တာကြောင့် အခုလို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Metro

နော်ဝေလူငယ်ကစားသမားလေး ဖိုင်းဘမ်မာဟာ နော်ဝေကလပ် Tromso အသင်းရဲ့လူငယ်အသင်းမှာ ပါဝင်ကစားခဲ့ပြီး အခုတော့ ချယ်လ်ဆီးအသင်းရဲ့ယူ-၁၈ လူငယ်အသင်းမှာ ပါဝင်ရမှာလို့ သိရှိရပါတယ်။ တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဖိုင်းဘမ်မာဟာ လူငယ်ကစားသမားလေးတွေကို နေရာပေးတတ်လေ့ရှိတဲ့ လမ်းပတ်ရဲ့လက်အောက်မှာ ခြေစွမ်းပြရင် ပြနိုင်သလောက် စီနီယာအသင်း လျင်လျင်မြန်မြန် ပွဲထွက်လာရနိုင်သလို ချယ်လ်ဆီးအသင်းရဲ့လမ်းစဉ်အတိုင်းပဲ အခြားအသင်းတွေဆီမှာလည်း အငှားချခံရနိုင်ပါတယ်။ အခုလို လူငယ်ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့အခြားနေရာတွေကို အင်အားဖြည့်တင်းဖို့ လိုအပ်နေသေးတဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ တိုက်စစ်ပိုင်းအတွက် လိုင်ယွန်တိုက်စစ်ကစားသမား ဒမ်ဘီလီကို အဓိကပစ်မှတ်ထားလို့နေပြီး ဒမ်ဘီလီရောက်လာမယ်ဆိုရင်တော့ အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေတဲ့ ဂျရှုး ဘတ်ရှုအာယီတို့ကို အသင်းကနေ ထွက်ခွာပေးနိုင်ပြီး အားနည်းချက်တွေရှိနေတဲ့ ခံစစ်ပိုင်းအတွက်ကိုလည်း သူတို့အသင်းရဲ့ကစားသမားဟောင်း နာသန်အကီကို ဘုန်းမောက်အသင်းကနေ ပြန်လည်ခေါ်ယူဖွယ်ရှိနေပါတယ်။