လက္ရွိ ကမာၻ႕ေဘာလုံးဇာတ္ခုံမွာ ကမာၻ႕အေကာင္းဆုံး ကြင္းလယ္ခံစစ္ကစားသမားတစ္ဦးလုိ႔ သတ္မွတ္ခံထားရတဲ႔ ခ်ယ္လ္ဆီးအသင္းရဲ႕ျပင္သစ္လက္ေရြးစင္ ကြင္းလယ္ကစားသမား အန္ဂုိလုိကန္တီကေတာ့ လာမယ့္ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ သူ၄ႏွစ္တာ ျဖတ္သန္းခဲ႔တဲ႔ ခ်ယ္လ္ဆီးအသင္းကုိ စြန္႔ခြာၿပီး သူ႔ကုိ ေခၚယူသြားဖုိ႔ အထူးစိတ္ဝင္စားလုိ႔ေနတဲဲ႔ စပိန္လာလီဂါ ထိပ္သီးအသင္းႀကီး ရီးရဲဲလ္မက္ဒရစ္အသင္းဆီကုိ ေျပာင္းေရႊ႕ကစားဖုိ႔ စိတ္ဆႏၵျပင္းပ်ေနတယ္လုိ႔ သတင္းထြက္လာခဲ႔ရပါတယ္။

Photo Credit : Getty Images

အသက္၂၈ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ့ ကန္တီဟာ လက္ရွိခ်ယ္လ္ဆီးအသင္းရဲ႕အဓိက ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္လည္း ေအာင္ျမင္မႈမ်ားစြာကုိ ဆက္လက္ရယူသြားႏုိင္ဖုိ႔အတြက္ သူ႔ကုိ အလုိရွိေနတဲဲ႔ ရီးရဲလ္အသင္းဆီကုိ ေျပာင္းေရႊ႕သြားဖုိ႔ စိတ္ဝင္စားလ်က္ရွိေနၿပီး သူေလးစားအားက်ရတဲဲ႔ ျပင္သစ္ေဘာလုံးသမားေဟာင္းလည္းျဖစ္ လက္ရွိရီးရဲလ္အသင္းရဲ႕နည္းျပလည္းျဖစ္ ဇီဒန္းရဲ႕လက္ေအာက္မွာပါ ပါဝင္ကစားခ်င္ေနတာေၾကာင့္ လာမယ့္ေႏြေစ်းကြက္အတြင္းမွာ ရီးရဲလ္ကုိ ေျပာင္းေရႊ႕ဖြယ္ရွိလုိ႔ေနပါတယ္။ ဇီဒန္းကလည္း သူရဲ႕တစ္ႏုိင္ငံတည္းသားျဖစ္တဲ႔ ကန္တီကုိ ေခၚယူသြားဖုိ႔အတြက္ အထူးစိတ္ဝင္စားလုိ႔ေနၿပီး ေပါင္သန္းတစ္ရာဝန္းက်င္ေလာက္နဲ႔ ကမ္းလွမ္းဖြယ္ရွိေနပါတယ္။

Photo Credit : Getty Images

ခ်န္ပီယံလိဂ္ဆုဖလားကုိ ၁၃ႀကိမ္ေတာင္ ဆြတ္ခူးထားႏုိင္ခဲ႔တဲ႔ ရီးရဲလ္အသင္းဟာ လာမယ့္ေဘာလုံးရာသီအတြင္း အသင္းရဲ႕ဝါရင့္ကြင္းလယ္ကစားသမားႀကီး လူကာမုိဒရစ္နဲ႔ လမ္းခြဲဖုိ႔ေသခ်ာေနတာေၾကာင့္ ကြင္းလယ္ပုိင္းကုိ အင္အားျဖည့္တင္းႏုိင္ဖုိ႔အတြက္ ကန္တီလုိ အရည္အေသြးျမင့္ ကြင္းလယ္လူကုိ ေခၚယူအစားထုိးခ်င္ေနတာျဖစ္ပါတယ္။ ရီးရဲလ္အသင္းရဲ႕ဥကၠဌျဖစ္သူ ပီရက္ဇ္ကလည္း သူတုိ႔အသင္းရဲ႕ကြင္းလယ္ပုိင္းကုိ အင္အားျဖည့္တင္းႏုိင္ဖုိ႔အတြက္ ကန္တီကုိ ေျပာင္းေရႊ႕ေၾကးမ်ားစြာနဲ႔ ေခၚယူဖုိ႔ ျပင္ဆင္ေနတဲ႔အျပင္ အသင္းမွာကလည္း ကန္တီရဲ႕ခ်ယ္လ္ဆီးအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ႔ ေကာ္တြိဳက္စ္နဲ႔ ဟာဇက္တုိ႔ ရွိေနတဲ႔အတြက္ေၾကာင့္ ကန္တီကုိ ေခၚယူဖုိ႔အတြက္က အေျခအေနေကာင္းႏုိင္ဖြယ္ရွိေနပါတယ္။ ကန္တီဟာ လက္စတာအသင္းနဲ႔ ပရီးမီးယားလိဂ္ဖလားကုိ ပုိင္ဆိုင္ႏုိင္ခဲ႔သူျဖစ္ကာ အဲ႔ဒီကေနတစ္ဆင့္ ခ်ယ္လ္ဆီးကုိ ေရာက္လာခ်ိန္မွာလည္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိ ထပ္မံပုိင္ဆုိင္ခဲ႔ၿပီး အက္ေအဖလားနဲ႔ ယူရုိပါလိဂ္ဖလားေတြအျပင္ ျပင္သစ္လက္ေရြးစင္အသင္းနဲ႔လည္း ၂၀၁၈ခုႏွစ္ ကမာၻ႕ဖလားခ်န္ပီယံလည္း ျဖစ္ခဲ႔ပါေသးတယ္။

(Unicode)

လာမယ့်နွေရာသီမှာ လန်ဒန်ကနေ မက်ဒရစ်ဆီကို ပြောင်းရွှေ့သွားဖွယ်ရှိနေတဲ့ ကန်တီ

လက်ရှိ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ချယ်လ်ဆီးအသင်းရဲ့ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူ၄နှစ်တာ ဖြတ်သန်းခဲ့တဲ့ ချယ်လ်ဆီးအသင်းကို စွန့်ခွာပြီး သူ့ကို ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားလို့နေတဲဲ့ စပိန်လာလီဂါ ထိပ်သီးအသင်းကြီး ရီးရဲဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ စိတ်ဆန္ဒပြင်းပျနေတယ်လို့ သတင်းထွက်လာခဲ့ရပါတယ်။

Photo Credit : Getty Images

အသက်၂၈နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ကန်တီဟာ လက်ရှိချယ်လ်ဆီးအသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့်လည်း အောင်မြင်မှုများစွာကို ဆက်လက်ရယူသွားနိုင်ဖို့အတွက် သူ့ကို အလိုရှိနေတဲဲ့ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့သွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး သူလေးစားအားကျရတဲဲ့ ပြင်သစ်ဘောလုံးသမားဟောင်းလည်းဖြစ် လက်ရှိရီးရဲလ်အသင်းရဲ့နည်းပြလည်းဖြစ် ဇီဒန်းရဲ့လက်အောက်မှာပါ ပါဝင်ကစားချင်နေတာကြောင့် လာမယ့်နွေစျေးကွက်အတွင်းမှာ ရီးရဲလ်ကို ပြောင်းရွှေ့ဖွယ်ရှိလို့နေပါတယ်။ ဇီဒန်းကလည်း သူရဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ ကန်တီကို ခေါ်ယူသွားဖို့အတွက် အထူးစိတ်ဝင်စားလို့နေပြီး ပေါင်သန်းတစ်ရာဝန်းကျင်လောက်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

ချန်ပီယံလိဂ်ဆုဖလားကို ၁၃ကြိမ်တောင် ဆွတ်ခူးထားနိုင်ခဲ့တဲ့ ရီးရဲလ်အသင်းဟာ လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့ဝါရင့်ကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်နဲ့ လမ်းခွဲဖို့သေချာနေတာကြောင့် ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် ကန်တီလို အရည်အသွေးမြင့် ကွင်းလယ်လူကို ခေါ်ယူအစားထိုးချင်နေတာဖြစ်ပါတယ်။ ရီးရဲလ်အသင်းရဲ့ဥက္ကဌဖြစ်သူ ပီရက်ဇ်ကလည်း သူတို့အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် ကန်တီကို ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့အပြင် အသင်းမှာကလည်း ကန်တီရဲ့ချယ်လ်ဆီးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ကော်တွိုက်စ်နဲ့ ဟာဇက်တို့ ရှိနေတဲ့အတွက်ကြောင့် ကန်တီကို ခေါ်ယူဖို့အတွက်က အခြေအနေကောင်းနိုင်ဖွယ်ရှိနေပါတယ်။ ကန်တီဟာ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ကာ အဲ့ဒီကနေတစ်ဆင့် ချယ်လ်ဆီးကို ရောက်လာချိန်မှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံပိုင်ဆိုင်ခဲ့ပြီး အက်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေအပြင် ပြင်သစ်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံလည်း ဖြစ်ခဲ့ပါသေးတယ်။