ပြီးခဲ့တဲ့လန်ဒန်ဒါဘီပွဲစဉ်တုန်းက မြို့ခံအသင်းဖြစ်တဲ့ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့လို့ ဖိအားအနည်းငယ် ဝင်သွားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့မှာတော့ အိမ်ကွင်းစတမ်းဖိုဒ့်ဘရစ်ချ်မှာ တန်းမဆင်းရအောင် ရုန်းကန်နေရတဲ့ ဝက်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အိမ်ရှင်ချယ်လ်ဆီးက (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ချယ်လ်ဆီးအသင်းဘက်မှာ ဝီလီယံ ပူလီဆစ် ဂျရှး ဘာကလေ ကန်တီ မေဆန်မောင့် ဂျိမ်းစ် ဇူးမား ခရစ္စတန်ဆန် အက်စ်ပီလီကွယ်တာနဲ့ ကယ်ပါတို့ ပါဝင်လာခဲ့ပြီး ဝက်ဖိုဒ့်အသင်းဘက်မှာတော့ ဒီနေး ဟုချ် ဒူကိုရီ ဆားလ် ကာပိုးလ် ချာလိုဘတ် ကီကို ဒေါ့ဆန် ကာဘာဆီလီ မာရီယာပါနဲ့ ဖော်စတာတို့ ပါဝင်ခဲ့ပါတယ်။ နိုင်ပွဲပြန်ရဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲစဉ်မှာ တိုက်စစ်ကို သေချာပြင်ဆင်လာခဲ့ပြီး ဝက်ဖိုဒ့်ကတော့ ချယ်လ်ဆီးကို မာမာထန်ထန် တုန့်ပြန်ကစားရင်း အခွင့်မရေးရအောင် အဓိကပစ်မှတ်ထားလာခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြားကပဲ ဂျရှးက ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့သလို (၄၃)မိနစ်မှာလည်း ဝက်ဖိုဒ့်ကစားသမားတွေ မပါးနပ်မှုကနေတစ်ဆင့် ပင်နယ်တီရခဲ့လို့ ပင်တိုင်ပင်နယ်တီ သွင်းယူသူ ဝီလီယံက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းအတွင်းမှာလည်း (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားတဲ့ အိမ်ရှင်ချယ်လ်ဆီးအသင်းကပဲ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး သွင်းဂိုးတွေကို ရယူထားနိုင်တဲ့ ဂျရှးနဲ့ဝီလီယံတို့က နောက်ထပ်ဂိုးတွေ ထပ်ရနိုင်အောင် ကြိုးစားခဲ့ပေမယ့် ဝက်ဖိုဒ့်ဂိုးသမား ဖော်စတာက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြီးဆုံးခါနီးအထိ ချယ်လ်ဆီးအသင်းဘက်ကနေ တရစပ်တိုက်စစ်ဆင်ခဲ့ရာကနေ နာကျင်အချိန်ပိုမှာတော့ ကွင်းလယ်လူဘာကလေက ပွဲသိမ်းအနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။