ဒီနေ့ ဇွန်လ(၂၁)ရက်နေ့ Super Sunday ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ကို ဆက်လက်ဆင်နွဲဖြစ်ပြီး ည(၉)နာရီ(၄၅)မိနစ်အချိန်မှာ တန်းဆင်းဇုန်းထဲမှာ ရုန်းကန်နေရတဲ့ အက်စတွန်ဗီလာအသင်းနဲ့ အဆင့်(၄)နေရာကို အခိုင်အမာ ရပ်တည်နေနိုင်အောင် ကြိုးစားနေရတဲ့ ချယ်လ်ဆီးအသင်းတို့ ရင်ဆိုင်ကစားခဲ့ပြီး ချယ်လ်ဆီးက (၂)ဂိုး(၁)ဂိုးနဲ့ ကပ်နိုင်သွားခဲ့ပါတယ်။

Photo Credit : Getty Image

ဧည့်သည်ချယ်လ်ဆီးအသင်းက ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ လော့တပ်ချိဖ်အပြင် ဂျရှး ကန်တီ ဝီလီယံ ကိုဗာဆစ် မေဆန်မောင့် အက်စ်ပီလီကွယ်တာ ရူဒီဂါ ခရစ္စတန်ဆန် အလွန်ဆို ကယ်ပါတို့ ပါဝင်လာခဲ့ပြီး ဗီလာမှာ အငှားနဲ့လာရောက်ကစားခဲ့ဖူးတဲ့ အေဘရာဟမ်ကို အရန်စာရင်းမှာပဲ ထည့်သွင်းခဲ့ပါတယ်။ အိမ်ရှင်ဗီလာဘက်မှာလည်း ဒါးဗစ် အယ်ဂါဇီ ဂါရီးလစ်တို့နဲ့ တိုက်စစ်ကို ပွဲထွက်လာခဲ့သလို တိုင်ရုန်းမင်းစ် ဟောက်စ်တို့ရဲ့ခံစစ်ပိုင်းကလည်း ချယ်လ်ဆီးတိုက်စစ်ကို မိနစ်(၆၀)လောက်အထိ တောင့်ခံနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်လ်ဆီးက ပိုဖိအားပေးခဲ့တယ်ဆိုပေမယ့် ဗီလာရဲ့တုန့်ပြန်ကစားပုံ အလုပ်ဖြစ်ခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာတောင် ဦးဆောင်ဂိုးစတင်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီဂိုးကို နောက်ခံလူ ဟောက်စ်က (၄၃)မိနစ်မှာ သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ဆယ်မိနစ်အကြာမှာ ချယ်လ်ဆီးဘက်က ပူလီဆစ်နဲ့ ဘာကလေတို့ကို လူစားဝင်ကစားစေခဲ့ကာ (၅)မိနစ်အကြာမှာပဲ ပူလီဆစ်က အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကို သွင်းယူနိုင်ခဲ့လို (၆၂)မိနစ်မှာလည်း ပထမဂိုးကို ဖန်တီးပေးခဲ့တဲ့ အက်စ်ပီလီကွယ်တာရဲ့ဖန်တီးမှုကနေတစ်ဆင့် ဂျရှးက ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ အဲ့ဒီသွင်းဂိုးတွေနဲ့ ဗီလာပတ်မှာ အိမ်ရှင်ကို ချယ်လ်ဆီးတို့ အနိုင်ယူခဲ့ပါတယ်။