ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်လို့နေပြီး လန်ဒန်ဒါဘီ မြို့ခံအသင်းတွေလည်းဖြစ်လို့ တွေ့ဆုံတိုင်းလိုလိုမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားတတ်လေ့ရှိတဲ့ ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ဟာ ဒီနေ့ ညနေရနာရီအချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၇)အဖြစ် ရင်ဆိုင်ကစားခဲ့ကြပြီး လန်ဒန်ဒါဘီပွဲဖြစ်တာနဲ့အညီ ပွဲကအပြန်အလှန်ထိုးဖောက်မှုတွေနဲ့ စိတ်ဝင်စားစရာကောင်းခဲ့လို အိမ်ရှင်ချယ်လ်ဆီးအသင်းက ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ၃-၄-၂-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ ယူနိုက်တက်နဲ့ပွဲမှာ အလုပ်မဖြစ်ခဲ့တဲ့ ဘတ်ရှုအာယီအစား ဂျရှုးကိုသာ သုံးစွဲလာခဲ့ပြီး မေဆန်မောင့် ကိုဗာဆစ် ဘာကလေ ဂျော်ဂျင်ဟို အလွန်ဆို ရီဆီဂျိမ်းစ် ရူဒီဂါ ခရစ္စတန်ဆန် အက်စ်ပီလီကွယ်တာ ကာဘယ်ရယ်လိုတို့နဲ့ တွဲဖက်အသုံးပြုလာခဲ့ပါတယ်။ အေဘရာဟမ်ကတော့ အရန်စာလရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ စပါးအသင်းကတော့ ၃-၅-၂ ကစားကွက်နဲ့အတူ မော်ရာ ဘာဂ့်ဝင်းချ် လိုဆယ်ဆို အမ်ဒွန်ဘီလီ ဟယ်ရီဝင့်စ် တန်ဂါဂါ ဒေးဗီစ် ဆန်းချက်ဇ် အယ်ဒါဝီရယ် ဗာတွန်ဂန် လိုရစ်တို့ကို ထည့်သွင်းအသုံးပြုလာခဲ့ပြီး အလီကိုတော့ ချန်ပီယံလိဂ်ပွဲက အပြုအမှုတွေကြောင့် လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။ ပထမပိုင်းမှာ အိမ်ရှင်ချယ်လ်ဆီးက စပါးထက် ပိုမိုသာအောင် ကစားနိုင်ခဲ့ပြီး အသင်းအတွက် ပြန်လည်ပွဲထွက်ကစားပေးခွင့်ရခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီးဂျရှးက ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စပါးရဲ့ ဖိအားပေးမှုတွေ ပြန်လည်မြင်တွေ့လာခဲ့ရမေယ့် ဟာရီကိန်း ဆွန်ဟောင်မင် အလီတို့ မပါဝင်တဲ့ တိုက်စစ်က ချယ်လ်ဆီးခံစစ်ကို ဖြိုခွဲဖို့အတွက် အတော်လေးကို ရုန်းကန်နေခဲ့ရတာကြောင့် ချေပဂိုးမရခဲ့တဲ့အပြင် ၄၈မိနစ်မှာပဲ အလွန်ဆိုရဲ့သွင်းဂိုးကို ထပ်မံခွင့်ပြုခဲ့ရကာ ၂ဂိုးပြတ်နဲ့ကို အရေးနိမ့်နေခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံးက လူစားလဲလှယ်မှုတွေကို ပြုလုပ်လာခြဲ့့ပီး ချယ်လ်ဆီးဘက်ကနေ အေဘရာဟမ် ပါဝင်ကစားလာခဲ့သလို စပါးဘက်ကနေလည်း အလီ လာမယ်လာတို့ ဝင်ရောက်လာခဲ့ပြီး လာမယ်လာရဲ့ ကန်ချက် ရူဒီဂါနဲ့ထိပြီး ဂိုးဝင်ခဲ့လို့ ချေပဂိုးပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။