အက္ေအဖလား စတုတၳအဆင့္ပြဲစဥ္ေတြရဲ႕ ေနာက္ဆုံးေသာ ပြဲစဥ္အျဖစ္ ပရီးမီးယားလိဂ္မွာ အဆင့္၄ေနရာကုိ ရရွိထားခဲ႔ၿပီး ၾကားရက္ကမွ စပါးအသင္းကုိ အႏုိင္ရခဲ႔ကာ EFL ဖလား ဖုိင္နယ္ကုိ တတ္ေရာက္ထားခဲ႔တဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ ခ်န္ပီယံရွစ္ကလပ္ ရွက္ဖီးဝင္းစ္ေဒးအသင္းတုိ႔ရဲ႕ ပြဲမွာေတာ့ အိမ္ရွင္ခ်ဲလ္ဆီးက ၃ဂုိးျပတ္နဲ႔ အႏိုင္ရသြားခဲ႔ပါတယ္။

ခ်ဲလ္ဆီးကေတာ့ ၾကားရက္မွာလည္း စပါးနဲ႔ အႀကိတ္အနယ္ ကစားထားရလုိ႔ ဟာဇက္ ပတ္ဒရုိ ေဂ်ာ္ဂ်င္ဟုိ ကယ္ပါ ေဒးဗစ္လုဇ္တုိ႔လုိ အဓိက ကစားသမားေတြကုိ အနားေပးခဲ႔ၿပီး တုိက္စစ္မွဴးသစ္ဟီဂြာအင္ကုိ ဝီလ်ံ လူငယ္ကစားသမားေလးအုိဒြိဳင္းတုိ႔နဲ႔ တြဲဖက္အသုံးျပဳခဲ႔ပါတယ္။ ရွက္ဖီးကေတာ့ ပရီးမီးယားလိဂ္ ကစားသမားေဟာင္းမ်ားျဖစ္တဲ႔ စတီဗင္ဖလက္ခ်ာ ဘန္နန္နဲ႔ ေဂ်ာ့ဘြိဳက္တုိ႔ကုိ အသုံးျပဳခဲ႔ပါတယ္။

ပထမပုိင္းမွာေတာ့ ဧည့္သည္ရွက္ဖီးတုိ႔ ပင္နယ္တီရဖုိ႔ အခြင့္အေရးရခဲ႔ေပမယ့္လည္း ကြင္းလယ္ဒုိင္ကေတာ့ VAR ျပန္စစ္ေဆးၿပီး ပင္နယ္တီေပးဖုိ႔ ျငင္းဆန္ခဲ႔ပါတယ္။ ဒီအျဖစ္အပ်က္ျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ ခ်ဲလ္ဆီးတုိ႔ ပင္နယ္တီရသြားၿပီး ဝီလ်ံက သြင္းယူခဲ႔ပါတယ္။

ဒုတိယပုိင္းမွာလည္း ခ်ဲလ္ဆီးကပဲ ဆက္လက္ဖိအားေပးခဲ႔ၿပီး အသင္းကေန ထြက္ခြာသြားဖုိ႔ သတင္းထြက္ေနသူ အုိဒြိဳင္းက ေဘာလုံးက အေကာင္းဆုံးထိန္းသိမ္းၿပီး လွလွပပ လွည့္ထြက္ကာ ဒုတိယဂုိးကုိ သြင္းယူခဲ႔ပါတယ္။ ပြဲသိမ္းဂုိးကုိေတာ့ ဟီဂြာအင္ေနရာမွာ အစားဝင္လာခဲ႔တဲ႔ တုိက္စစ္မွဴးဂ်ရွးရဲ႕ ဖန္တီးမႈကေနတစ္ဆင့္ ဝီလ်ံကပဲ သြင္းယူခဲ႔ၿပီး ေနာက္တစ္ဆင့္ကုိ တတ္ေရာက္သြားခဲ႔ပါတယ္။

(Unicode)

အက်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေရဲ့ နောက်ဆုံးသော ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်မှာ အဆင့်၄နေရာကို ရရှိထားခဲ့ပြီး ကြားရက်ကမှ စပါးအသင်းကို အနိုင်ရခဲ့ကာ EFL ဖလား ဖိုင်နယ်ကို တတ်ရောက်ထားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝင်းစ်ဒေးအသင်းတို့ရဲ့ ပွဲမှာတော့ အိမ်ရှင်ချဲလ်ဆီးက ၃ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ချဲလ်ဆီးကတော့ ကြားရက်မှာလည်း စပါးနဲ့ အကြိတ်အနယ် ကစားထားရလို့ ဟာဇက် ပတ်ဒရို ဂျော်ဂျင်ဟို ကယ်ပါ ဒေးဗစ်လုဇ်တို့လို အဓိက ကစားသမားတွေကို အနားပေးခဲ့ပြီး တိုက်စစ်မှူးသစ်ဟီဂွာအင်ကို ဝီလျံ လူငယ်ကစားသမားလေးအိုဒွိုင်းတို့နဲ့ တွဲဖက်အသုံးပြုခဲ့ပါတယ်။ ရှက်ဖီးကတော့ ပရီးမီးယားလိဂ် ကစားသမားဟောင်းများဖြစ်တဲ့ စတီဗင်ဖလက်ချာ ဘန်နန်နဲ့ ဂျော့ဘွိုက်တို့ကို အသုံးပြုခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ဧည့်သည်ရှက်ဖီးတို့ ပင်နယ်တီရဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်ကတော့ VAR ပြန်စစ်ဆေးပြီး ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချဲလ်ဆီးတို့ ပင်နယ်တီရသွားပြီး ဝီလျံက သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးကပဲ ဆက်လက်ဖိအားပေးခဲ့ပြီး အသင်းကနေ ထွက်ခွာသွားဖို့ သတင်းထွက်နေသူ အိုဒွိုင်းက ဘောလုံးက အကောင်းဆုံးထိန်းသိမ်းပြီး လှလှပပ လှည့်ထွက်ကာ ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲသိမ်းဂိုးကိုတော့ ဟီဂွာအင်နေရာမှာ အစားဝင်လာခဲ့တဲ့ တိုက်စစ်မှူးဂျရှးရဲ့ ဖန်တီးမှုကနေတစ်ဆင့် ဝီလျံကပဲ သွင်းယူခဲ့ပြီး နောက်တစ်ဆင့်ကို တတ်ရောက်သွားခဲ့ပါတယ်။